၄၈ လမ်းဗလီမီးလောင်မှု၌ ဗလီအတွင်းတွင်ရှိနေသော ဗလီဆရာများ၏ ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက် များ နှောင့်နှေးကြန့်ကြာမှုကြောင့် ကလေးငယ်များမီးခိုးမွှန်ပြီး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး ရဲ တပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်က ဧပြီလ ၂ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရရုံး ၌ ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတ
"အမှန်တကယ်ဆို မသေသင့်ပါဘူး။ အထဲမှာရှိတဲ့ ဗလီဆရာတွေရဲ့ ဆုံးဖြတ်ချက်တွေ လုပ်ဆောင် ချက်တွေ နှောင့်နှေးကြန့်ကြာတာတို့ ဖြစ်နေတဲ့အတွက် မီးခိုးမွှန်ပြီး သေဆုံးခဲ့ရကြောင်း မှုခင်းဆရာ ၀န်တွေ ရဲ့ စစ် ချက်ရရှိထားပါပြီ" ဟု ရဲမှူးကြီးဝင်းနိုင်က ပြောသည်။
မီးလောင်သည့် နေရာသို့ မီးသတ်ကားများ ရောက်ရှိသွားပြီး ဗလီတွင်းတွင် ကလေးများရှိနေသည်ကို သိရှိရ သဖြင့် နှစ်ထပ်ခတ်ထားသော သော့အား မီးသတ်ရဲဘော်များက ဖျက်ဆီး၍ ဖွင့်ပေးခဲ့ရကြောင်း ရဲမှူးကြီးဝင်းနိုင်က ပြောသည်။
ထိုမီးလောင်မှုနှင့်ပတ်သက်၍ လက်ရှိတွင် ဗလီတာဝန်ခံနှင့် ဗလီဆရာအား ပေါ့ဆမှု၊ လူသေမှုများဖြင့် အမှုဖွင့်ထားကြောင်း ရဲမှူးကြီးဝင်းနိုင်က ပြောသည်။
www.mmdailystar.com