Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကုလားဗလီ မီးလောင်မှုမှာ မီးလောင်မှုသာ ဖြစ်ကြောင်း အချက်အလက် အတိအကျနှင့် ထောက်ပြ

$
0
0

၄၈ လမ်းမီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီး ဦးမြင့်ဆွေလည်းသွားရောက်စစ်ဆေးကြည့် ရှုခဲ့သည်။

မီးသတ်ဦးစီးဌာနမှ သတင်းအရ အပေါ်ထပ်ဝင်ပေါက်မှာ တစ်ခုတည်းသာရှိပြီး၊ ပြူတင်းပေါက်များတွင် သံတိုင် များကာရံထားသည့်အတွက် မီးလောင်မှုဖြစ်ချိန်တွင် အတွင်းဝယ်ရှိနေသူများပိတ်မိခြင်းဖြစ်ကြောင်း သိရသည်။

အသက်ဆုံးရှုံးသွားသူများမှာလည်း ယင်းပြူတင်းပေါက်များမှ ထွက်ရန်ကြိုးစားရင်း ဆုံးပါး ရခြင်းဖြစ်ကြောင်း သိ ရသည်။

"မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား မနက် ၉ နာရီသတင်းမှာ မီးလောင်မှုဖြစ်ပွား တဲ့ ဗလီကို ရိုက်ကူးပြသ ထုတ်လွှင့်ပေး ခဲ့ပါတယ်။အဲဒီပုံကို ကြည့်ရင် ဗလီရဲ့ ပြင်ပနံရံများမီးဟပ်ထားတာလုံးဝမရှိကြောင်း၊ အဆောက်အဦအပြင်ဘက်မှာ မီးလောင်ကျွမ်းထားတာမရှိကြောင်း၊ အပေါ်ထပ်ပြူတင်းပေါက်များရဲ့အတွင်းဘက်မှာသာ မီးဟပ်ထားကြောင်း တွေ့ နိုင်ပါတယ်။ဒါ့အပြင် ဗလီဝင်ပေါက်ကို သံတခါးနဲ့ သော့ ခတ်ထား တဲ့အတွက် မီးသတ်ဖို့ တောင် တခါးကို ချိုးဖျက်ဝင်ခဲ့ရကြောင်း မျက်မြင်သက်သေ များ ရဲ့ ပြောကြား ချက်ကို တွေ့ နိုင်ပါတယ်။ဒါ့ကြောင့် အပြင်ကနေ မီးရှို့တယ်ဆိုတဲ့ စွတ်စွဲချက်များ မမှန် ကန်ကြောင်း တင်ပြအပ်ပါတယ်"ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကပြောပါသည်။

ယခုအခါ ယင်းမီးလောင်မှုနှင့်ပတ်သက်၍ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် သတင်းစာရှင်းလ င်း ပွဲပြု လုပ်နေကြောင်း သိရသည်။


From:messenger

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>