ရခိုင်ပြည်နယ် မောင်တောမြို့နယ် တမန်းသားကျေးရွာ တွဲဘက်အထက် တန်းကျောင်း ရှိ ကျောင်းအုပ် ဆရာကြီး ရုံးခန်း မတ်လ ၂ ရက်နေ့က ဖေါက်ထွင်းခံရသည်ဟု သတင်း ရရှိသည်။ ဖေါက် ထွင်းသူများသည် ကျောင်းရှိ စာရွက်စာတမ်းများကို ယူဆောင်သွား သည်ဟု ကျောင်း ဆရာ တစ်ဦးက ပြော သည်။ “ လွန်ခဲ့တဲ့ စနေနေ့ (မတ်လ ၂ ရက်) က ကျောင်းအုပ်ကြီး ရုံးခန်းကို အမည်မသိ လူတစုက ညဉ့်အချိန်မှာ ဖေါက်တွင်း ပြီးတော့ ရုံးခန်းမှာ ရှိတဲ့ စာရွက်စာတမ်းတွေကို ယူဆောင်သွားကြ ပါတယ်။ ကျောင်းပြန်ဖွင့်တဲ့ တနင်္လာနေ့မှာ ကျောင်း အုပ်ကြီးက ဖေါက်ထွင်းခံရတယ်ဆိုတာ သိတာပါ” ဟု ကျောင်းဆရာက ပြောသည်။
ဖေါက်ထွင်းယူဆောင်သွားသူများမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသော်လည်း မြန်မာနိုင်ငံ၏ ပညာရေးကို မလိုလားသူ ဒေသအတွင်းက အုပ်စု တစ်ခု ဖြစ်နိုင်သည်ဟု အဆိုပါ ကျောင်း ဆရာက ပြော သည်။ ယခု စာသင်ကျောင်းကို ဖေါက်ထွင်း ဖျက်ဆီးမှူမှာ ဒုတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့သော ဇွန်လ အရေး အခင်းကလည်း မသမာ တစ်စုက ကျောင်းထဲသို့ ၀င်ရောက်ပြီး စာသင်ခုံ များ၊ ကျောင်း သင်ပုန်းကြီး များနှင့် ကျောင်းအသုံးအဆောင် ပစ္စည်းများကို ၀င်ရောက် ဖျက်ဆီးခဲ့သည်ဟု သိရသည်။ “ ဇွန်လ အရေးအခင်း အတွင်းက ဖျက်ဆီးတာကတော့ ဆူပူ အကြမ်းဖက်မူတွေကို လိုလားနေတဲ့ ဘင်္ဂလီ တစ်စုက လုပ်တာပါ။
အခု တစ်ကြိမ်လည်း သူတို့ထဲက တစ်ချို့ ဖြစ်ဖို့ များပါတယ်။ တခြားသူတွေကတော့ လုပ်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျောင်းကို ဖျက်ဆီးတယ်ဆိုတာက ဘယ်လောက်ထိ အပြစ်ကြီးတယ်ဆိုတာ သိရှိကြလို့ပါဘဲ” ဟု ဆိုသည်။ ဖေါက်ထွင်းမှုနှင့် ပတ်သက်ပြီး ကျောင်းအုပ်ဆရာကြီး ဦးစောမောင်ကြီးက သက်ဆိုင်ရာ အစိုးရာတာဝန်ရှိသူများကို တိုင်ကြားထားသော်လည်း ဖေါက်ထွင်းသူများထဲမှ တစ်စုံတစ်ဦး ကိုမျှ ယခုအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။ တမန်းသား တွဲဘက် အထက်တန်းကျောင်း တွင် ကျောင်းဆရာ ၂၀ နှင့် ဆရာမ ၆ ဦး စုစုပေါင်း ၂၆ ဦးရှိပြီး မူလ တန်းမှ အထက်တန်းထိ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ လာရောက်သင်ကြားနေ သူ ကျောင်း သူကျောင်း သား တစ်ထောင်ကျော်ရှိသည်ဟု သိရသည်။ မောင်တောမြို့နယ် မြောက်ပိုင်းတွင် တိုင်းရင်း သားကျေး ရွာ များမှာ အနည်းငယ်ခန့်သာရှိပြီး အများစုမှာ ဘင်္ဂါလီကျေးရွာ များ ဖြစ် သဖြင့် ကျောင်းသားအများစုမှာ မူဆလင်များ ဖြစ်ကြသည်။
တမန်းသား တွဲဘက်အထက်တန်းကျောင်း တည်ရှိရာ တမန်းသားကျေးရွာ သည် မောင်တောမြို့ မှ မြောက် ဖက် မိုင် ၄၀ ခန့်ဝေးကွာသော မြန်မာ-ဘင်္ဂလာနယ်စပ်တွင် တည်ရှိသည်။
From:News Collection