Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဘွဲ့မရရှိသေးသော ကျောင်းသားဟောင်း မင်းကိုနိုင် သိစေရန် ဘွဲ့ရ လူငယ်မှ ပေးစာ

$
0
0


အစ်ကို မင်းကိုနိုင် အင်တာနက်နဲ့ Facebook စာမျက်နှာတွေ ပေါ်မှာ တွေ့လိုက် ရတဲ့ သတင်း တွေ ကို ဖတ်ပြီးတော့ တော်တော်ကို မချင့် မရဲ ဖြစ်မိပါတယ် အစ်ကို။ အစ်ကို့ရဲ့ ပြော ဆိုမှု တွေ ဟာ တိုင်းပြည် ကောင်းစား ရေးကို ဟစ်ကြွေးပြီး တကယ်တမ်း ကျတော့ ကိုယ်ရေး ကိုယ် တာ မကျေနပ် ချက်တွေကို ဖွင့်ဟ နေတဲ့ မရေ မရာ စကား လုံးတွေကို ပြောနေ တယ်လို့ ထင်မိ ပါ တယ်။

ကျွန်တော် တစ်ခု လောက်တော့ ပြောချင် ပါတယ်။ အစ်ကိုက ကျွန်တော်တို့ တိုင်းပြည် ကောင်း စားဖို့ အ တွက် ဘာလုပ်ခဲ့ ဘူးလဲ။ ၈၈ အရေး အခင်း ဖြစ်ခဲ့အောင် ငါလည်း အုတ်တစ် ချပ် သဲတစ် ပွင့် အနေနဲ့ လုပ်ခဲ့ တာပဲလို့တော့ အစ်ကို မပြောလောက် ပါဘူးနော်။ အစ်ကိုက မြန် မာ နိုင်ငံ မှာ မွေးတဲ့ မြန်မာ နိုင်ငံသား တစ်ယောက် ပါနော်။ မြန်မာ နိုင်ငံသား မဟုတ် ဘူးလို့လဲ အစ် ကို မပြောလောက် ဘူးလို့ ထင်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီမိုက ရေစီ ရတာမှ မကြာ သေးဘူး။ ပဋိ ပက္ခတွေ ဖြစ်နေ တယ်။ ဖြစ် တဲ့ အကြောင်း အရင်းအရာရဲ့ နောက်ကွယ်က လုပ်ဆောင်တဲ့ သူတွေကို အစ်ကို အတိ အ ကျ သိရဲ့လား။ အစ်ကို ပြောနေတဲ့ ပုံစံက နောက်ကွယ်က လုပ်နေတဲ့သူ ရှိတယ်။ ဘယ်သူ ဘယ် ၀ါ ဆိုတာလည်း မခိုင်မာ မတိကျ။ ပြီးတော့ အစ်ကိုက ပြော သေးတယ်။ စနစ်တ ကျ လေ ကျင့် ထားတယ်။ ၀ီစီ မှုတ်ပြီးတော့ တပ်ဖြန့် တာတွေ၊ လူစု လူခွဲ တာတွေ ဆိုပြီး အစ် ကို ပြော တာ တွေက စစ်တပ်တို့ ရဲတို့ကို အပြစ် ပုံချ နေတဲ့ သဘောမျိုး သက်ရောက်နေ တယ်။
 
အစ်ကို့ကို တစ်ခုလောက် ပြောချင်တယ်။ အခု ခေတ်က လူငယ် တွေနဲ့ ပြည် သူ တွေ ဟာ ကျောင်း သား ခေါင်းဆောင် လုပ်ခဲ့တဲ့ အစ်ကို့လို ခေါင်းဆောင် မဟုတ်ကြ ပေမယ့် ခပ်တုံးတုံး ဦးနှောက် တွေကို ပိုင်ဆိုင် ကြတဲ့သူတွေ မဟုတ်ဘူး ဆိုတာတော့ အစ်ကို့ကို သိစေချင် မိတယ်။ အားလုံးဟာ အသိဥာဏ် ရှိကြတဲ့ လူတွေ ကြီးပါပဲ။
 
အစ်ကိုရဲ့ အမြင် ကျဉ်းကျဉ်း လေးနဲ့ မကြည့် ပါနဲ့။ နိုင်ငံရေး သမား အယောင်   ဆောင်ပြီး နိုင် ငံ တော်ရဲ့ ငြိမ်ဝပ် ပိပြား ရေးကို ပျက်ပြား စေအောင် အရေး အခင်း ပဋိ ပက္ခ ဆူပူ မှုတွေ ဖြစ်ပေါ် လာ အောင် လုပ်။ အခြေခံ လူတန်းစား တွေကို သွေးထိုး နေတဲ့ သူတွေ ကိုရော အစ်ကို မပြောတော့ ဘူးလား။ အဲဒီထဲမှာ ငါမ ပါဘူးလို့ အစ်ကို ပြောမှာပေါ့။ အစ်ကို မပါမှန်း ကျွန်တော် သိပါတယ်။
တိုင်းပြည် ကောင်းရာ ကောင်းကျိုးကို တတ်စွမ်း သရွေ့လုပ် နေကြတဲ့ သူတွေကို အစ်ကို အပြစ်ပုံ မချပါနဲ့။ လူထု ခေါင်းဆောင် အမေစုတောင် တူတာတွေကို ညှိနှိုင်းပြီး နိုင်ငံအတွက် လုပ်ဆောင် နေတဲ့ အချိန်မှာ အစ်ကို ၈၈ ကျောင်းသား ခေါင်းဆောင်လည်း လုပ်သင့် ပြီလို့ ကျွန်တော် ၂၀၁၃ ကျောင်းသား ပေါက်စက အကြံ ပေးချင်တယ် အစ်ကိုရေ။
အစ်ကို တိုင်းပြည် အတွက် အသက် ပေးရဲလား။ အသက် ပေးပြီး နိုင်ငံ အတွက် အလုပ် လုပ်နေ ကြတဲ့ ကာကွယ် နေကြတဲ့ ရဲတွေ စစ်သား တွေကို မတိုက်ခိုက် အပုတ် မချမိ ပါစေနဲ့ အစ်ကိုရယ်။ အစ်ကိုက မပုတ်ချ ဘူးလို့ ပြော မှာကိုလည်း ကျွန်တော် ယုံပါတယ်။
အစ်ကိုရေ အပြောနဲ့ တိုင်းပြည် အတွက် အလုပ် လုပ် လာခဲ့တာ အစ်ကို လည်း အသက်တွေ ကြီးနေ ပါပြီ။ လက်တွေ့ လုပ်မယ့် အချိန်ကို ကျွန်တော် စောင့်ပါတယ်။ ကျွန်တော် သေဆုံး သွားတဲ့ အချိန်ထိ အစ်ကို တိုင်းပြည် အတွက် အလုပ်နဲ့ သက်သေ မပြနိုင် သေးဘူး ဆိုရင် ကျွန်တော်လည်း အသေ ဖြောင့်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်လည်း ဆုံးဖြတ် ထားပါတယ်။ ဒီဘ၀ ဘယ်တော့မှ အသေ မဖြောင့် နိုင်ဘူး ဆိုတာ ကိုပေါ့။
အစ်ကိုရေ ပြည်သူတွေ အကုန် သိပါတယ်။ မိတ္ထီလာ ပဋိပက္ခကို သူတစ်ပါး ထောက်ပံ့မှုနဲ့ သွား။ ဟိုရောက်တော့ စစ်ဖိနပ်အောက် ရောက်အောင် လုပ်နေတာလား ဘာလား ညာလား ဆိုပြီး ပြောနေတာ ကြားလို့ မကောင်း ပါဘူး အစ်ကို။
စစ်ဖိနပ် အပေါ်ကို အစ်ကို့ကို ရောက်စေ ချင်တယ်။ အစ်ကိုသာ စစ်ဖိနပ် အပေါ်ကို ရောက်တဲ့ စစ်သား ဖြစ်ခဲ့ရင် အစ်ကို စစ်သား တွေရဲ့ အကြောင်းကို သိခဲ့မှာပါ။ စစ်သား တွေက ရိုးရိုး သာမာန် အရပ်သားထက် ငြိမ်းချမ်း ရေးကို ပိုလို လားပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် ကတည်းက Road Map (၇) ချက် အတိုင်း လုပ်ဆောင် ခဲ့လို့ အခုလို ဒီမိုကရေစီ အသွင် ကူးပြောင်း ခဲ့တာပါ။
အခု ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲ လုပ်ပြီး ဒီမို ကရေစီ စည်းဝိုင်းထဲ ရောက်နေ ပါပြီ။ အခုလည်း ဒီမိုကရေစီ လမ်းဟောင်းကို ကျင့်သုံးတာ ၂ နှစ်ကျော်ပဲ ရှိသေးတယ်။ ဒီလို အချိန်မှာ ဒီစကားတွေ ပြောနေမယ့် အစား အစ်ကို တိုင်းပြည် အတွက် တစ်ခုလောက် လုပ်ပြ ပါလား အစ်ကိုရယ်။ ငါ ထောင် ကျဘူးတယ်တော့ လာမ ပြောနဲ့နော်။
အစိုးရနဲ့ တပ်မတော်က ဒီအခြေ အနေတွေမှာ အစိုး ရိမ်ဆုံး အဖွဲ့ အစည်းပါ။ ဒါတွေက နိုင်ငံရဲ့ ဒီမိုကရေ စီ အသွင် ကူးပြောင်းရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်း အားလုံးကို ထိခိုက် စေ ရုံ သာမက နိုင်ငံတကာမှာ မြန်မာ နိုင်ငံရဲ့ ဗုဒ္ဓ ဘာသာရဲ့ ပုံရိပ် ကိုပါ ထိခိုက်စေတဲ့ ကိစ္စ ဖြစ်ပါ တယ်။ အစ် ကို တစ်ယောက်ပဲ ဟို အပုတ်ချ ဒီ အပုတ်ချ လုပ်နေတဲ့လို့ သူများတွေ ပြောနေ ကြတာ ကို ကျွန်တော် အသဲနာ မိတယ် အစ်ကို။
အစ်ကို ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသက ဟိုပုံးမြို့ နောင်တောင်း ဘုန်းကြီးကျောင်းမှာ လာ တုန်း က အစ်ကို ပြောခဲ့တဲ့ စကားလေးကို ကျွန်တော်ခုထိ မှတ်မိနေသေးတယ် အစ်ကို။ တစ်နေ့နေ့ ကြုံကြိုက် ခဲ့ရင်တော့ လူထု ခေါင်းဆောင် အမေစုကို ကျွန်တော် မေးကြည့်ရ အုန်း မယ်။
အစ်ကို ပြောခဲ့တာက “မြန်မာနိုင်ငံ လွတ်လပ်ရေး ရအောင် လုပ်ပေးခဲ့တဲ့ သူဟာ ဗိုလ်ချုပ် အောင်ဆန်း မဟုတ်ဘူး၊ ကိုအောင်ဆန်း ဖြစ်တယ်။ သူဝတ်ထား တာက စစ်ဝတ်စုံ မဟုတ် ဘူး၊ ကျောင်းသား သမဂ္ဂ၀တ်စုံ။ မြန်မာ့ လွတ်လပ်ရေး ရရှိရေး အတွက် ကိုအောင်ဆန်း က ကျောင်း သား ၃၀ နဲ့ ဂျပန်နိုင်ငံ စစ်ပညာတွေ သင်ပြီး လုပ်ပေးခဲ့တာ စစ်တပ် မဟုတ် ဘူး။ ကျောင်း သားတွေဆိုပြီးတော့ အစ်ကို ပြောခဲ့ တာလေ။
အစ်ကို မပြောဖူး လို့တော့ မပြောနဲ့။ ကျွန်တော် အစ်ကို့ အသံကို လေးစားလို့ အသံဖမ်း ထားတာ။ အစ်ကိုရယ် ဒီ အကြောင်းကို ပြန်စဉ်း စားလိုက်ရင် ကျွန်တော်ကပဲ ဥာဏ်မမှီ တာလားတော့ မသိ ဘူး။ လူတိုင်းက ကျောင်းသား ဘ၀ကို ဖြတ်သန်း ပြီးမှ ရည်ရွယ်ချက် ရှိရာကို ရောက်သွား ကြတာ ပါ။ အစ်ကို အဲဒီလို ပြောကြေး ဆိုရင် စစ်ဘီလူးလို့ ခေါ်နေကြတဲ့ အာဏာရှင် ဟစ်တလာ ကရော ကျောင်းသားဟောင်း မဟုတ် ဘူးလား။ အစ်ကို ဖြေပေးပါ။ ကျွန်တော် မစဉ်းစား တတ်လို့ပါ အစ်ကို။
အစ်ကို စစ်တပ်ကို မုန်းတာ ကျွန်တော် သိပါတယ်။ အစ်ကိုရဲ့ ကိုယ်ရေး ခံစားချက်ကြောင့် မုန်းချင် မုန်းပါ။ စစ်တပ်ကို ချစ်နေတဲ့ ကျွန်တော်လို ၂၀၁၃ ကျောင်းသား တစ်ယောက် ကိုတော့ အတင်း မမုန်း ခိုင်း ပါနဲ့ အစ်ကိုရေ။ အစ်ကို့ကို သီချင်းလေးတောင် ဆိုပြချင်တယ်။
"မုန်းခိုင်းတိုင်း မမုန်း နိုင်ဘူး၊ စစ်တပ်ကို ကျွန်တော်ချစ်တယ်"
 
From:OE

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>