Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကိုရီးယားနိုင်ငံတွင် စကတ်အတို ဝတ်ဆင်ခြင်းကို ဒဏ်တပ်မည်

$
0
0

တောင်ကိုရီးယား နိုင်ငံတွင် ယခု ရက်သတ္တပတ် အတွင်း၌ အမျိုးသမီးများ အဝတ်အစား အဖော် အချွတ်နှင့် ပတ် သက်သော ဥပဒေ တစ်ရပ်ကို ထုတ်ပြန် ကြေညာခဲ့ရာ လူထုကြား၌ အငြင်းပွားမှု များ ဖြစ်ပေါ် နေသည်။ကိုရီးယား နိုင်ငံရှိ အမျိုးသမီး များက အများပြည်သူ ရှေ့တွင် ပေါင်ပေါ် စကတ်ကို ဝတ်ဆင်လျှင် သော်လည်းကောင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်း များကို အလွန်အ မင်း ဖော်ပြ လျှင် သော်လ ည်းကောင်း ကိုရီးယား ငွေ ဝမ် ၅၀,၀၀၀ ဒဏ်ကြေးငွေ ပေးဆောင် ရမည်ဟု သိရသည်။ 

အဆိုပါ ဥပဒေ သစ်ကို တောင်ကိုရီးယား နိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်သူ ပက်ဂွမ်ဟေးက သူမ၏ ပထမဆုံးဒ ဝန်ကြီးများ တွေ့ဆုံ အစည်း အဝေး၌ အတည်ပြု ပေးလိုက်ခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေ အပေါ် ခေတ်နောက် ပြန်ဆွဲသော ဥပဒေဟု လည်းကောင်း၊ အာ ဏာရှင် ဆန်သော ဥပဒေဟု လည်းကောင်း အမျိုးမျိုး ဝေဖန် ကြကြောင်း သိရသည်။ ပက်ဂွမ်းဟေး၏ အဖေဖြစ်သူ ပတ်ချုံ ဟီး တောင်ကိုရီးယား နိုင်ငံကို ၁၉၇၀ ပြည့်နှစ်များက အုပ်ချုပ်စဉ်ကလည်း အလားတူ ဥပဒေမျိုး ပြဌာန်းခဲ့ဖူး သည်ဟု သိရသည်။စကတ်တို ဝတ်ဆင် ခြင်းသည် ကိုရီး ယား အမျိုးသမီး များနှင့် အဆိုတော် များ အကြားတွင် အလွန်ခေတ် စားနေသော ဖက်ရှင် တစ်ခု ဖြစ်သည်။
From:Myawady

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>