Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဆူပူမှုတရားခံ ၆၈ ဦး ဖမ်းမိထားဟု ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်

$
0
0
မြန်မာနိုင်ငံရှိ နေရာအချို့တွင် ဖြစ်ပွားခဲ့သော ဆူပူမှုများနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ တရားခံ ၆၈ ဦးအား ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက် အမှတ် (၁/၂၀၁၃)ဖြင့် ကြေညာချက်တစ်ရပ်အား ယနေ့ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် မြို့နယ် ၁၅ မြို့နယ်၌ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး အဆိုပါ မြို့နယ်များတွင် အကြမ်းဖက်မှု ၁၆၃ ကြိမ် ဖြစ်ပွား ခဲ့ကာ သေ ဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရရှိသူ ၈၆ ဦးရှိ၍ လူဦးရေ ၁၁,၃၇၆ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဖမ်းဆီးရမိခဲ့သော ပြစ်မှုကျူးလွန်သူများ ပြုလုပ်ခဲ့သည့် ပြစ်မှုများမှာ လူသတ်မှု၊ လုယက်မှု၊ မီးဖြင့်အကျိုး ဖျက် ဆီး မှု၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကို ဆန့်ကျင်သည့် ပြစ်မှုဖြစ်စေရန် လှုံ့ဆော်မှု၊ ကော လာဟလဖြန့် ချိမှု အစရှိ သည့် အမှုများ အပါအ၀င် ပြစ်မှု ၁၇ မျိုးရှိသည်။

ထို့အပြင် တည်ဆဲဥပဒေများအရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ငါးယောက်ထက်ပိုသော လူစုလူဝေးကို အင်အား သုံး၍ လူစုခွဲနိုင်ပြီး ထိုသို့အင်အားသုံးဖြေရှင်းရသည့်ကိစ္စမျိုးပေါ်ပေါက်ခဲ့ပါက ပြည်သူလူထု အနေဖြင့် ပါဝင် ကူညီဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းပန်ကြားပါကြောင်း ဖော်ပြပါရှိသည်။

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ကြောင်း ပြစ်မှုထင်ရှား သူများကို တည်ဆဲ ဥပဒေများနှင့်အညီ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ပြီး အဆိုပါဖြစ်
ရပ်များ ထပ်မံဖြစ်ပေါ်ခြင်း မရှိစေရန် ဥပဒေနှင့်အညီ ထိရောက်စွာ ကာကွယ်တားဆီးသွားမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာသည်။

From: 7Day

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)