Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဘင်္ဂလားဒေ့ရှ် ဗုဒ္ဓဘာသာ ဆန့်ကျင်ရေး ဦးဆောင်သည်ဟု ယူဆသူကို ရုံးတင်

$
0
0

၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော ဘာသာရေး အကြမ်းဖက်မှုကို ဘင်္ဂလားဒေ့ရှ် ပြည် ထဲရေးဝန်ကြီး လာရောက် ကြည့်ရှုစဉ် (ဓာတ်ပုံ – Reuters)

ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (Rohingya Solidarity Organization ခေါ် RSO) မှ ခေါင်းဆောင်တဦးဟု ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအာဏာပိုင်များက ယူဆစွပ်စွဲထားသူ အသက် ၅၀ အရွယ်ရှိ ဟာဖက်ဇ် စနောလ် အစ္စလမ် Hafez Sanaul Islam ကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တပတ်အကြာတွင် ရာမူးဒေသတွင် ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများအား မီးရှို့ဖျက်ဆီးမှုကို စီစဉ်မှုဖြင့် ရုံးတင် တရားစွဲလိုက်ကြောင်း သတင်းရရှိသည်။

ဟာဖက်ဇ် စနောလ် အစ္စလမ်ကို ဖမ်းဆီးပြီး တပတ်အကြာတွင် ရမန် ၁၀ ရက်ယူရန် တရားရုံးသို့ တင်ပြတောင်းဆို သော်လည်း တရားသူကြီးက ခွင့်မပြုခဲ့ကြောင်း ကော့စ်ဘာဇာ ရဲစခန်းမှ အရာရှိ မူဟာမက် ဇော်ရှင်း အူအင် စီဒစ်ကီရဲ့ ပြောစကားကို ကိုးကားပြီး ကော့စ် ဘာဇာထုတ်သ တင်းစာ က ရေးသားသည်။

“တရားရုံးမှာ စစ်ဆေးခွင့် ရမန် ၁၀ ရက်တောင်းတော့ တရားသူကြီး တိုဘီဒူလ်ဟောက်ကခွင့်မပြုဘူး။ သို့သော် မေးမြန်းစရာရှိတယ်ဆိုရင်တော့ ထောင်အချုပ်က ရုံးခန်းမှာ မေးလို့ရမယ်လို့ဘဲ ခွင့်ပြုတယ်” ဟု ကော့စ် ဘာဇာထုတ် သတင်းစာတွင် ရေးသားသည်။

ဟာဖက်ဇ် စနောလ် အစ္စလမ်ကို ယခုလ ၂၁ ရက်နေ့တွင် ကော့စ်ဘာဇာ ခရိုင်၊ တက္ကနာမြို့အတွင်းရှိ Hila Darus Sunnah Madrasah ဘာသာရေးစာသင်ကျောင်း တကျောင်းတွင် အစည်းဝေးလုပ်နေချိန် ညနေ ၅ နာရီခန့်တွင် သတင်း အရ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် စီးနင်းရာမှ ဖမ်းဆီးရ မိခြင်းဖြစ်ကြောင်း ကော့စ် ဘဇား ခရိုင် ASP ရဲမှူးကြီး ဘာဘူအက်တာ ပြောသည်။

ဟာဖက်ဇ် စနောလ် အစ္စလမ်သည် မြန်မာနိုင်ငံ ရခိုင်ပြည် မောင်တောမြို့မှ နီဇမ်အူဒင်၏ သားဖြစ်ပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကို ၁၉၇၈ ခုနှစ်က တရားမဝင် ဝင်ရောက်ကာ RSO နှင့် စတင်ဆက်စပ် ခဲ့ပြီး ပြည် တွင်းပြည်ပ အကြမ်းဖက် အဖွဲ့အစည်းများဖြင့် ဆက်စပ်လျှက်ရှိနေသည်မှာ အချိန်ကြာမြင့်နေပြီ   ဖြစ်ကြောင်း ဘင်္ဂ လားဒေ့ရှ်နိုင်ငံထုတ် NUO အင်္ဂလိပ်သတင်းစာက ရေးသားသည်။
ဟာဖက်ဇ် စနောလ် အစ္စလမ်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ ရာမူး(ပန်းဝါ)၊ တက္ကနာနှင့် ပန်းဝါမြို့များတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားများကို မီးရှို့ဖျက်ဆီးမှုတွင် စီစဉ်လုပ်ဆောင်မှုကြောင့် ဘင်္ဂလာဒေ့ရှ်အစိုးရက အလိုရှိနေသည်ဖြစ်သည်။

RSO ၏ ပင်မစခန်းသည် မောင်တောမြို့ အနောက်မြောက်ဘက် ၄၅ မိုင်ခန့် အကွာ ဘင်္ဂ လာဒေ့ရှ်နိုင်ငံနိုင်ငံ၊ ဘန်တရိုဘန်ခရိုင်၊ နတ်ကျောက်စရီမြို့၊ ဒူဆိုရီဒေသတွင် တည်ရှိနိုင်ကြောင်း မြန်မာနယ်ခြားစောင့်တပ် နစကမှ အရာရှိတဦး ကပြောသည်။
“မြန်မာနယ်စပ်ကနေ ၅ မိုင်လောက် ဝေးတဲ့ ဘင်္ဂလာပိုင်နက်ထဲမှာဖြစ်နေတော့ သူတို့က မြန်မာထဲကို ဝင်လိုက်ထွက်လိုက် လုပ်လို့ရတယ်။ ပြီးခဲ့တဲ့ လတွေက ဖြစ်ပွါးခဲ့တဲ့ ဖမ်းဆီးမှုတွေ၊ ကားမီးရှို့မှုတွေက သူတို့အဖွဲ့ပဲ လုပ်တာ” ဟု ယင်းအရာရှိက ဆိုသည်။

RSO တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့ စခန်းအနီးရှိ ကျေးရွာများကိုလည်း ရန်ဖန်ရန်ခါ ဝင်ရောက်လေ့ ရှိကြောင်း မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်စပ် အနီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘက်ခြမ်းရှိ နတ်ကျောက်စရီမြို့နယ် ပန်းချောင်း (ပိုင်ဆိုးရီ) ကျေးရွာသား တဦးကပြောသည်။

“တခါတလေ ရွာထဲကို ဝင်လာတာရှိတယ်။ တခါတခါ လာရင် လက်နက် အပြည့်အစုံနဲ့ လူ ၄၀- ၅၀လောက်စီပါတယ်။ ရွာသားတွေကို ဘာမှ လုပ်တာတော့ မရှိဘူး။” ဟု ယင်းရွာသားကပြောသည်။
RSO ၏အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသကို သိမ်းယူပြီး လွတ်လပ်သော မူစလင်နိုင်ငံတော် တည်ထောင် ရန် ဖြစ်ကြောင်း ဘင်္ဂလာ-မြန်မာ နယ်စပ်ဒေသ စစ်ရေး ကျွမ်းကျင်သူ ဦးရွှေမောင်း က ပြောသည်။


From:ဧရာဝတီ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>