Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ ငြိမ်းချမ်းရေးဆုတောင်း

$
0
0

ရန်ကုန်မြို့ သိမ်ဖြူလမ်းနှင့် မပာာဗန္ဓုလ လမ်းထောင့်ရှိ YMCA ခန်းမတွင် ယနေ့နေ့လည်
နှစ်နာရီတွင် ပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲတွင် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ ငြိမ်းချမ်းရေး တရားဟောပြောကာ ငြိမ်းချမ်းရေး ဆုမွန်ကောင်းများ သက်ဆိုင်ရာဘုရား အသီးသီး တွင် တောင်း ဆိုခဲ့သည်။



ရန်ကုန်မြို့  YMCA ခန်းမ၌ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က ပြုလုပ်သော ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားတွင် ယောဆရာတော် တက်ရာက်၍ လူ့အသိစိတ်ဓါတ်ရှိမှ လူပီသကြောင်း ငြိမ်းချမ်းရေးတရား ဟောကြားခဲ့သည်။ (ဓာတ်ပုံ - စောဇင်ညီ၊ မဇ္ဈိမ)

ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် ခရစ်ယာန်ဘာသာ အစရှိသည့် ဘာသာလေးမျိုးမှ ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

ထိုဆုတောင်းပွဲတွင် ဗုဒ္စဘာသာမှ ယောဆရာတော်ကြီး တက်ရောက်ကာ ဘုရားဟော ငြိမ်းချမ်းရေး တရားများနှင့် ဆုတောင်းခဲ့သည်။ ထို့အပြင် ဗုဒ္ဒဘာသာဝင်များအား “လူအသိစိတ်ဓါတ်ရှိမှ လူဖြစ်တာပါ” ဟု ဆုံးမ သြ၀ါဒ ချီးမြှင့်သွား ခဲ့သည်။

ထို့အပြင် အစ္စလာမ် သာသနာမှ အကြီးအကဲ အဲလ်ဟဂ်ျ ဦးအေးလွင်က အစ္စလာမ်ဘာသာရှိ မာန်နတ်အကြောင်း များ ပြောဆိုသွားကာ အစ္စလာမ် သာဿနာမှ ဘုရားသခင်အား ငြိမ်းချမ်းမှု ချီးမြှင့်တော်မူရန် တောင်းဆိုသွားသည်။

၎င်းက “ အဖျက်သမားရဲ့ လုပ်ရပ်ပါ။ ကျွန်တော်တို့ ပြည်သူပြည်သားတွေ အစကတည်းက ချစ်ချစ်ခင်ချင် ရှိပြီးသားပါ။ ကြားတိုင်းမယုံသင့်ပါဘူး ” ဟုဆိုသည်။

ယခုဖြစ်ပွားနေသည့် အဓိကရုဏ်း ဖြစ်ရပ်များနှင့် ပတ်သတ်၍ ခရစ်ယာန်သာသနာမှ သိက္ခာတော်ရ ဆရာတော် ဦးဘရယ်ဂျီက “ အမြင်ကျဉ်းမြောင်းမှုနဲ့ မသိနားမလည်ခြင်းအပေါ် အခြေခံပါတယ်” ဟု မှတ်ချက်ပေး ပြောကြားခဲ့ သည်။

ထိုဘာသာပေါင်းစုံ ဆုတောင်းပွဲတွင် ဘာသာပေါင်းစုံမှ ပုဂ္ဂိုလ်များ တက်ရောက်ကာ မြန်မာနိုင်ငံ အဓိကရုဏ်းများ ရပ်ကြရန် အလံများ ကိုင်လျက် ဆုတောင်းမှုများ ပြုလုပ်ခဲ့သည်။

ထိုဆုတောင်းပွဲအား ဘာသာပေါင်းစုံမှ လူငယ်များပါဝင်သည့် မဇ္ဈိမငြိမ်းချမ်းရေး လူငယ်အဖွဲ့အစည်းမှ ဦးဆောင်
ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။

ထိုအဖွဲ့မှ အဖွဲ့ဝင်တဦးက “ကျွန်တော်တို့ ငြိမ်းချမ်းရေးပဲ လိုလားတယ်။ ဘာပြဿနာမှ မတက်စေချင်ဘူး။ အဲဒါကြောင့် ဒီပွဲကို လုပ်ဖြစ်တာပါ” ဟု ပြောကြားခဲ့သည်။

From:Mizzima

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>