
သူမစီးနင်းလိုက်ပါမည့် လေယာဉ်၏ ပထမတန်း ထိုင်ခုံ ကို အမေရိကန် တပ်မတော်သား တစ်ဦးအား ပေးအပ်ခဲ့သည်။ အာဒမ်စ်သည် မီချီဂန်ပြည်နယ် ဒက်ထရွိုက် မြို့မှ လော့စ်အိန်ဂျလိစ်မြို့သို့ ထွက်ခွာ မည့် လေယာဉ်ပေါ်ကို တက်ရန် လေယာဉ်အဝင်ဂိတ်၌ စောင့်ဆိုင်း နေစဉ် သူမနှင့်အတူ စောင့်ဆိုင်းနေသည့် အမေရိကန် စစ်ယူနီဖောင်းဝတ် တပ်မတော်သားတစ်ဦးအား သတိပြုမိခဲ့ပြီးနောက် သူမသည် လေကြောင်း တာဝန်ရှိသူများထံသို့ တိတ်တဆိတ် သွားရောက်ကာ သူမ၏ ပထမတန်းထိုင်ခုံနှင့် ၎င်းတပ်မတော်သား၏ ရိုးရိုးတန်းထိုင်ခုံကို လဲလှယ်ပေးရန် တောင်းဆိုခဲ့သည်။
ထို့နောက် အာဒမ်စ်သည် သူမ၏ ရိုးရိုးတန်းထိုင်ခုံသို့ မသွားရောက်မီ ၎င်းတပ်မတော်သားကို သွားရောက် မိတ်ဆက် စကားဆိုခဲ့သည်။သို့သော် တပ်မတော်သားဟောင်း တစ်ဦး၏သမီးဖြစ်သူ အာဒမ်စ်၏ တိတ်တ ဆိတ် လုပ်ဆောင်မှုများကို ESPN အားကစား သတင်းဌာနမှ သတင်းကြေညာသူ ဂျမဲလ်ဟေးလ်က သတိပြုမိခဲ့ကာ သူမ၏ တွစ်တာ စာမျက်နှာပေါ်တွင် အာဒမ်စ်ကို ဂုဏ်ပြုရေးသား ဖော်ပြခဲ့သည်။ အေမီ အာဒမ်စ်သည် ၁၉၉၉ ခုနှစ်တွင် Black Comedy ဇာတ်ကားဖြင့် အနုပညာလောကသို့ စတင်ဝင်ရောက် လာခဲ့သူဖြစ်ပြီး American Hustle ဇာတ်ကားအပါအဝင် အခြား အောင်မြင်ကျော်ကြားသော ဇာတ်ကား များဖြင့် အကောင်းဆုံး သရုပ်ဆောင်ဆုများ ဆွတ်ခူးထားနိုင်သူ နာမည်ကြီး အနုပညာရှင် တစ်ဦးဖြစ်သည်။
www.mmdailystar.com