“ဘယ်လို အော်သွားတယ်ဆိုတာ မသိလိုက်ဘူး ။ ဒီလို အော်လိုက်တော့ ဗလီဘေး မှာ ဈေးရောင်းနေ တဲ့ ဈေးသည်တွေက ထပြေးကုန်ပြီး အထိတ်တလန့် ဖြစ် ကုန်ကြ တယ်။နောက်လုံခြုံရေးတွေလည်း ချက် ချင်းရောက်လာတယ်။ ဘာမှ မဖြစ်လိုက်ပေမယ့် လူတွေ အထိတ်တလန့် ဖြစ်ကုန်ပါတယ် ” ဟု အခင်း ဖြစ် ပွားရာသို့ သွားရောက် ကြည့်ရှု သူ ဒေသခံ မှ ပြောကြား ခဲ့ပါသည်။
အဆိုပါ ဆူပူလှုံ့ ဆော်စေရန်ရည်ရွယ် ချက်ဖြင့် အော်ဟစ်နေသည်မှာ မတ်လ (၂၆) ရက်နေ့ ည ၁၀ နာရီခွဲ ခန့် က တစ်ကြိမ် ဖြစ်ပွားခဲ့သည် ဟုသိရှိရပါသည်။
“ မြို့လူထု အထိတ်တလန့် မဖြစ်အောင် အတွက်အခု မြို့ထဲ မှာ အသံချဲ့စက်နဲ့ လှည့်ပြီး ကြေငြာပါမယ် ။ ကော လာ ဟလ တွေ ဖြစ်နေတယ်။ အထိတ်တလန့် ဖြစ်အောင်လုပ်တဲ့ သူတွေကို သတင်းပေး ဖို့ ကြေငြာ ပါမယ်။ ညဖက် ကျရင်လည်း လုံခြုံရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ကလေးမြို့ပေါ်က လူမှု အဖွဲ့ အစည်းတွေ ပူးပေါင်း ကင်းလှည့်ဖို့ လုပ်မယ် ”ဟု နေသာပညာဒါန ဆရာတော် ဦးဓမ္မိက မှ မိန့်ကြားခဲ့ပါသည်။
ကလေးမြို့၏ လက်ရှိအခြေအနေမှာ ပုံမှန်အတိုင်း ရှိနေပြီး ကောလာဟလ ထွက်ပေါ်ခဲ့ရာ ဗလီအနီး၌ တပ်မတော်သားများနှင့် ရဲ အစရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေး တာဝန်ယူနေကြောင်း သိရ ပါသည်။
www.mmdailystar.com