Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ယူနတီဂျာနယ် ကိစ္စ စာနယ်ဇင်းတွေ ဘာမှားနေသလဲ

$
0
0

ကမ္ဘာကျော် အာရပ် အစ္စရေး ခြောက်ရက်ကြာစစ်ပွဲ အကြောင်း သိကြမှာပါ။
၁၉၆၇ ဇွန်လ ၅ ရက်နေ့က စချကြတာ ၁၀ ရက်နေ့မှာ ပြီးဆုံးပါတယ်။
အစ္စရေးက အပြတ်အသတ် နိုင်ခဲ့ပါတယ်။

အစ္စရေးကို အာရပ်အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အီဂျစ် ဆီးရီးယား ဂျော်ဒန် နဲ့ အီရတ် တို့က ဝိုင်းတိုက်ကြတာပါ။အာရပ်တွေဖက်က အယ်လ်ဂျီးရီးယား ကူဝိတ် လစ်ဗျား မော်ရိုကို ပါကစ္စတန် ပါလက်စတိုင်း ဆော်ဒီ ဆူဒန် တူနီးရှားတို့က ငွေကြေး လက်နက် ထောက်ပံ့ပါတယ်။
အစ္စရေးက တစ်ကောင်တည်းပါ။ တစ်ကောင်တည်း ဒါပေမယ့် . . .

အစ္စရေးမှာ အမြဲတမ်းစစ်သည် ၅၀၀၀၀ ပြည်သူ့စစ် ၂၁၄၀၀၀ လေယာဉ် ၃၀၀ တင့်ကား ၈၀၀ အာရပ်တွေဖက်က စစ်သည်၅၄၇၀၀၀ လေယာဉ် ၉၅၇ စီး တင့်ကားပေါင်း ၂၅၀၄ စီးပါ။ အင်အားချင်း ယှဉ်ကြည့်ကြပါ။ အစ္စရေး တစ်နိုင်ငံထဲကို စစ်မျက်နှာ လေးခုဆိုင်ရပါတယ်။ ဆိုင်းနိုင်းကျွန်းဆွယ်နဲ့ ဂါဇာကမ်းမြောင်ဒေသမှာ အီဂျစ်တပ်တွေနဲ့ ဆိုင်ရပါတယ်။ ဂိုလန်ကုန်းမြင့်မှာ ဆီးရီးယားနဲ့ အနောက်ဖက်ကမ်းနဲ့ဂျေရုစလင်အရှေ့ဖက်မှာ ဂျော်ဒန်ဦးဆောင်တဲ့ တပ်တွေနဲ့ပါ။

အဲဒီတုန်းက အီဂျစ် သမ္မတ နက်ဆာက သူ့ရဲ့ အလွန်အင်အားကြီးတဲ့ တင့်ကားတပ်တော်ကြီးအားကိုးနဲ့ ဂျူးတွေကို ၂၄ နာရီအတွင်းမောင်း ထုတ်ပစ်မယ် မြေထဲပင်လယ်ထဲ ကန်ချပစ်မယ်လို့ ကြိမ်းဝါးခဲ့တာ အားလုံး အသိပါ။

အဲဒိမှာအီဂျစ်စစ်သည် တစ်သိန်း နဲ့ တင့်ကား ၁၀၀၀ ရှိနေပါတယ်။
သူ့တင့်ကားတပ်ကြီးဖြန့်လိုက်တာ စစ်မြေပြင်တစ်ခုလုံး ပြည့်သွားတာပါ။
တိုက်ပွဲက ညဖက်မှာဆော်ကြတာပါ။
စစ်သတင်းထောက်တစ်ယောက်ရေးခဲ့တာ ကျနော်မှတ်မိသလောက် ပြောရရင်
အစ္စရေးတပ်က ပင်လယ်ကိုကျောပေးပြီး ဖြန့်ထားတာပါ။ ကတုတ်ကျင်းတွေမှာ ကုတ်နေတယ်လို့ဆိုပါတယ်။

အီဂျစ်တင့်ကားတပ်ကြီးက မိုးခြိမ်းသလို ချီတက်လာတယ်။
အလွန့်ကို နီးကပ်တဲ့အထိ ဘာမှ မလုပ်ဘဲငြိမ်နေတာ။
သူတို့လိုချင်တဲ့ အကွာဝေးကျမှ ရုတ်တရက် မီးမောင်းကြီးတွေ ထိုးလိုက်တယ်
မြင်ကွင်းက ရှင်းနေတဲ့အခါ ဘယ်လိုနှက်လိုက်တယ်မသိဘူး
တပ်ဦးက တင့်ကားတွေဟာ မိုးပေါ်မြောက်သွားပြီး နောက်ကတပ်ပေါ်ကျတယ်
အဲလိုနဲ့ တစ်စီးပြီးတစ်စီး အစီးပေါင်းမြောက်များစွာဟာ မီးချစ်ဘူးလေးတွေ ကန်လိုက်သလို လေထဲမြောက်သွားပြီး ပြန်ကျလာတယ်လို့ ရေးပါတယ်။
တကယ်တော့ အစ္စရေးတွေလက်ထဲမှာ တင့်ကားဖျက်လက်နက်တွေ တီထွင်ထုတ်လုပ်ထားတာကို အာရပ်တွေ မသိခဲ့ပါဘူး။ တင့်ကားဆိုတာ အဲသည်တုန်းက ဖျက်လို့မှမရတာ။

နောက်ဆုံး အာရပ်တွေ တင့်ကား ရာပေါင်းများစွာ ဖျက်ဆီးခံရတယ်။
လေယာဉ် အနည်းဆုံး ၄၅၀ ပစ်ချခံရတယ်။အစ္စရေး ကျဆုံး အဖမ်းခံ ၁၀၀၀ အာရပ် ၂၅၀၀၀။ စစ်ရှုံးလို့ ဂါဇာ ဆိုင်းနိုင်း ဂျော်ဒန်မြစ်အနောက်ဖက်ကမ်း ဂိုလန်ကုန်းမြင့်တွေ အစ္စရေးကို ပေးလိုက်ရတယ်။ ဒီလောက် လူသူလက်နက် အင်အားကွာခြားလှတဲ့ စစ်ပွဲကို အစ္စရေးတွေ ဘာကြောင့်နိုင်သလဲ။

အစ္စရေးထောက်လှမ်းရေး မော့ဆက် သူလျှိုတွေ ထိုးဖောက်သတင်း ရယူနိုင်စွမ်းနဲ့ အမိမြေ စစ်သတင်းလုံခြုံရေးဟာ အဓိက ပါလို့ သုံးသပ်သူတွေက ကောက်ချက်ချပါတယ်။ နာဇီတွေစစ်သတင်း လုံခြုံရေးပေါက်လို့ ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တွေ ရေကြောင်းချီစစ်ပွဲမှာ အရေးသာခဲ့တဲ့ အကြောင်း ရုပ်ရှင်တောင်ရိုက်ထားတာရှိပါသေးတယ်။

စစ်သတင်းလုံခြုံရေးဟာ ဘယ်လောက်အရေးကြီးသလဲဆိုတာ။
စဉ်းစားတော်မူကြပါ။ ဘယ်လို ဒီမိုကရေစီ နိုင်ငံ ပဲဖြစ်ဖြစ် အဲလို နေရာတွေ ကို ဘယ်လို အကြောင်းနဲ့ မှ လွယ်လွယ်ကူကူ ဝင်ခွင့်ပေးမထားတတ် ကြဘူး ။ ဒီနေရာတွေ ဟာ ကန့်သတ်နယ်မြေ ဆိုတာကိုလည်းကြေငြာထားတတ်ကြတယ် ။ ဥပဒေတွေ နဲ့ ပြဌာန်းထားကြတယ် ။ အဲဒီကြားထဲက ကျူးကျော်ဝင်ရောက်သူ ၊ ဖောက်ဖျက်ကျူးလွန်သူကိုလည်း ခွင့် မလွှတ်တတ်ကြဘူး ။

ယူနတီသတင်းထောက်တွေ ထောင်ဒဏ်၁၀ နှစ်ကျခံ ရတာနဲ့ ပက်သက်လို့ ပြစ်ဒဏ်ပြင်းထန်လွန်းတယ်လို့ ပါစင်နယ်ထင်မြင်မိတာ က တစ်ပိုင်းပါ ။ ဒါပေမဲ့ မီဒီယာတွေ အနေနဲ့ အစိုးရ နဲ့ တပ်မတော်က ပဲ မီဒီယာ ကို နှိပ်ကွပ်နေသယောင် ပုံဖော်နေကြတာ ဟာ လွဲမှားမှု ဖြစ်ပါတယ် ။ စစ်တပ်က မတရားထောင်ချတာ ၊ ပြည်သူတွေရဲ့သိပိုင်ခွင့် ကို ပိတ်ပင်တာ ဆိုတဲ့ စကားတွေဟာ ယုတ္တိ မဲ့ပါတယ် ။ သတင်းရေးလို့ တရားစွဲ ဆိုခံရတာ မဟုတ်ပါ ။ လုံခြုံရေးအရ ကန့်သတ်ထားတဲ့ နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်လို့ ၊ သတင်းအချက်လက် ရယူလို့ တရားစွဲဆို အပြစ်ပေးခံရတာဖြစ်ပါတယ် ။
မီဒီယာ လောကသားတွေ လည်း ပဲ နိုင်ငံသားတွေဖြစ်ပါတယ် ။ မည်သူမဆို လိုက်နာရမဲ့ ဥပဒေတွေ ကို ချွင်းချက် ပေးလို့ မရပါဘူး ။ နောက် မီဒီယာရဲ့ မကျေနပ်ချက်တွေကို သတင်းလုပ်ပြီး ရေးသားနေတာ ၊ ရောင်းစားနေတာ တွေ ၊ သတင်းမယူတာကို သတင်းလုပ်မယ်ဆိုတဲ့ အံ့သြဖွယ် ပရော်ဖက်ရှင်နယ်မဆန်တဲ့ ကြွေးကြော်ချက် တွေဟာ ...တနည်းအားဖြင့် အလွဲသုံးစား လုပ်နေတာ ပါ ပဲ ။ ပြည်သူတွေကို သတင်းပေးရ တဲ့ ကိုယ့် လုပ်ပိုင်ခွင့် ကို ကိုယ်ကျိုးစီးပွား အတွက် အသုံးချနေခြင်း ဖြစ်ပါတယ် ။ အာဏာ ပါဝါ ရှိ မှ အလွဲသုံး စား ၊ အဂတိလိုက် စား လို့ရတ်မထင်ပါနဲ့ ။ အပေါ် မှာ ပြောခဲ့ တဲ့ ကိစ္စတွေသည်လည်းပဲ အလွဲသုံးစားခြင်းတစ်မျိုးပါပဲ ။

နောက် အယ်ဒီတာ မင်းရဲ့ ခုသတင်းကြောင့် တပ်မတော် ဘာထိခိုက်သလဲ ၊ အစိုးရဘာနစ်နာသွားသလဲ ဆိုတဲ့ ဦးနှောက်မဲ့လွန်းတဲ့ မေးခွန်း ကို ကြားရတာ အတော် လေး အံ့အားသင်မိတယ် ။ စစ်ပွဲ တစ်ပွဲ ကို စတင် တိုက်ခိုက် တော့ မယ် ဆိုတာ စစ်ရေး သုံးသပ်ချက် လုပ်ရတာ စစ်တပ်တိုင်းမှာ ဖြစ်ပါတယ် ။ အဲဒီ စစ်ရေးသုံးသပ်ချက်လုပ်တိုင်း အရင်ဆုံး စရတာသည် သတင်းစုဆောင်းမှု ဖြစ်ပါတယ် ။ အဲဒီ စစ်ရေးသတင်း ရရှိနိုင်ဖို့ အတွက် သူလျှိုတွေ လွှတ် ၊ နည်းပညာအင်အားတွေ သုံး ၊ လူအင်အား ၊ ငွေကြေးအင်အားတွေ မြောက်များစွာ သုံးပြီး ရယူကြရတာဖြစ်ပါတယ် ။ အခု သတင်းကြောင့် အနည်းဆုံးတော့ ပေါက်မြို့နယ် တွင်းမှာ မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးလက်နက် စက်ရုံတည်ရှိနေတယ်ဆိုတာ ကမ္ဘာက အတော်များများ သိသွားကြပါပြီ ။ စစ်သုံးမြေပုံတွေ ထုတ် ၊ စစ်သုံးဂြိုလ်တုတွေ ကနေ ကောင်းကင်ဓာတ်ပုံတွေ ထုတ် ခန့် မှန်းနေရာလေးတွေ မှတ်သား ။ မြေပုံညွှန်းတင် ။ ပစ် မှတ် မှတ်ပုံတင်ခြင်းတွေလုပ် ထားရုံလေးပါ ။ မြန်မာနိုင်ငံ နဲ့ စစ်ပွဲ ဖြစ်လာတာနဲ့ သွားတိုက်စရာလည်းမလိုတော့ပါ ၊ လေယာဉ်တွေ လွှတ်ပြီး ပစ်မှတ်ရှာဖို့လည်းမလိုပါ ၊ ကွန်ပြူတာ ကနေ အန်းတားထိုင်ခေါက်ရုံပါပဲ ။ ဘေးပတ်ပတ် လည် က တရုတ် ၊ အိန္ဒိယ ၊ ထိုင်း ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အားလုံး မြန်မာ တစ်ပြည်လုံးကိုဖြန့် ကျက် နိုင်တဲ့ ဒုံး စစ်စတမ် တွေ ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ် ။ သူတို့ မှာ လိုအပ်နေတာ အရေးကြီးနေရာ ပစ်မှတ်တွေကို မြေပုံညွှန်းပေးနိုင်ဖို့ သာ ဖြစ်ပါတယ် ။ ဒါဟာ တပ်မတော်နစ်နာ တာ မဟုတ်ပါဘူး ၊ အစိုးရကိုထိခိုက်တာ မဟုတ်ပါဘူး ။ မြန်မာတစ်မျိုးသားလုံးနစ်နာတာ ၊ ထိခိုက်တာဖြစ်ပါတယ်

ကျွန်တော်တို့ ဆီ က မီဒီယာတွေ အတော်များများ ဟာ ကိုယ်ကျိုးစီးပွား က လွဲလို့ ဘာမှ မကြည့် ကြဘူး ။ အစိုးရ မကောင်းကြောင်းပြောရပီးရော ။ ကိုယ်ထောက်ခံသော ၊ ကိုယ်ယုံကြည်သော လမ်းကြောင်းတစ်ခု အောင်မြင်စွာ အကောင်ထည် ဖော်နိုင် ဖို့ ဘာကို ပဲ စတေးရ စတေးရ ဆိုတဲ့ လူစားတွေ များတယ် ။

(၁) ယူနတီ သတင်းသမားတွေ နဲ့ ပက်သက်လို့ ဒီသတင်းရေးသင့်သလား မရေးသင့်သလား ။ သတင်း သမား က မစဉ်းစားဘူး ။ သတင်း သမား က လုပ်သက်မရှိလို့ အယ်ဒီတာ က စဉ်းစားသလား ဆိုတော့ မစဉ်းစားဘူး ။

(၂) ဒီဂျာနယ်က သူထင်ရာစိုင်း နေတဲ့ ဂျာနယ်မို့ ...စာပေနဲ့ စာနယ်ဇင်းအဖွဲ့ တွေက ဥပဒေ နဲ့ အရေးယူခြင်း မခံရအောင် အချင်းချင်း ထိန်းသလား ။ မထိန်းဘူး ။ အခြား ဂျာနစ်တွေ ကော အချင်းချင်း သတိပေး သလား ၊ မလုပ်သင့် မလုပ်ထိုက်တဲ့ အကြောင်း ဆောင်းပါးတစ်စောင်ရေးကြ သလား ။ မပေးဘူး ၊ မရေးဘူး ။

(၃) ပြည်ထဲရေး က တရားစွဲ တယ် ။ တရားစီရင်ပြီး ပြစ်ဒဏ်ကျမှ ။ အစိုးရ မတရားဘူး ၊ စစ်တပ်ကတမင်လုပ်တာ ၊ တရားစီရင်ရေးစနစ်ကြီး ပျက်ဆီးနေတာ ၊ စာပေလွတ်လပ်ခွင့် နှိပ်ကွပ်တာဆိုပြီး လေးဘက်ကုန်းအော်တယ် ။

(၄) ပီး တော့ အရှက်မရှိ .... ကိုယ့်ဘာကို ဆန္ဒပြပြီး ...ဆန္ဒပြကြောင်းသတင်းပြန်ရေးတယ် ။ သမ္မတ နဲ့ ရုပ်ရှင် / ဂီတ / သဘင် တွေ့ ဆုံး ပွဲ မှာ သတင်း မယူ တဲ့ အကြောင်းသတင်း ပြန်လုပ်ရေးကြမယ်တဲ့ ။ အဲဒီ အကြောင်း ကို ပြည်သူများ စွာ က ပိုက်ဆံပေး ဖတ်ရဦးမယ် ။ ပီးတော့ ပြည်သူ့ မျက်စိ ပြည်သူ့နား ပြောကြဦးမယ် ။ ရှက်ရကောင်းမှန်းလည်းသိမထင်ဘူး ။ ငိုစား ရီစား ။ ၂ ဖက်ချွ န် ကြီး များ လိုပဲ ။

(၅) ဖြစ်လာတော့ ဘာဖြစ်တုန်း ။ အကွက်တော့ ဝင်ပဟ ဆိုပြီး .... Journalists arrested after publication of Chemical Weapons story , existence of a 'secret chemical weapon factory' in Magwe's Pauk Township ဆိုပီး ပိုပိုသာသာ လေး အင်္ဂလိပ်လိုရေးပီး ...မဇ္ဇျိမ ၊ ဒီဗွီဘီ ၊ အာအက်ဖ်အေ ၊ ဘီဘီစီ ဖြန့်တယ် ။ ဘာဖြစ်လာ တုန်း ... တခြား လူ့အခွင့်ရေးတွေ ဘာတွေ တွင်တွင် ပြောတဲ့ နိုင်ငံ တွေ က ..အရမ်းစိုးရိမ်ပါတယ်ဆိုတာမျိုးတွေဖြစ်လာတယ် ။ ပီးတော့ ကော အစိုးကို ဖိအားပေးတာတို့ ၊ မီဒီယာသမားတွေ အထောက်ပံ့ ပေးတာတို့ လုပ်ချင်လုပ်လိမ့်မယ် ။ သူတို့ သိတာ ဒါပဲ ။

(၆) သူတို့ မသိတာ ဘာလဲ ။ တခြားနိုင်ငံ တွေ က WMD တွေ ၊ Chemical Weapon တွေ အကြောင့် စောင့်ကြည့် လေ့လာနေတဲ့ အဖွဲ့တွေရှိတယ် ။ ဘာဖြစ်လဲ ။ သူ့ဘာသူ ဓာတုလက်နက်ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ ... မြန်မာပြည်ရဲ့ ကာကွယ်ရေးပစည်း လက်နက် စက်ရုံတွေ ဂြိုလ် တု က နေရှာဖွေ ကြတယ် ။ တွေ့ ကြတယ် ။ နိုင်ငံတကာ က ကာကွယ်ရေး ဖိုရမ်တွေ ၊ ဝဘ် ဆိုဒ်တွေ မှာ အဲဒီသတင်း source ကိုအခြေတည်ပြီး ဆွေးနွေးကြတယ် ။ နိုင်ငံ အသီး သီးက ထောက်လှမ်းရေး တွေ မပြော နဲ့ သာမာန် စစ်ရေး ၊ စစ်လက်နက် စိတ်ဝင်စား တဲ့ လူတွေ က အစ အနည်းဆုံးတော့ googling လုပ်ပီး ဒီ အကြောင်းရာတွေ ဆွေးနွေးလာကြတယ် ။
မလုပ်ဘူး ထင်ရင် အောက်က ဝဘ်ဆိုဒ် လင့်ခ် ကြည့် ... ခင်ဗျား တို့ ဖင်ယား မှု က ဘယ်လောက်ထိ ခရီးရောက်တယ်ဆိုတာ ဂျာနယ် က ဓာတ်ပုံ နဲ့ အစဆွဲထုတ်သွားတာ စက်ရုံတစ်ခုလုံးအကုန်ပေါ်တယ် http://www.nonproliferation.org/suspect-defense-facility-in-myanmar/
အဲဒါ ဝဘ် ဆိုဒ်တစ်ခုပဲရှိသေးတယ် ။

(၇) ပီးရင် ဖင်ပိတ်ငြင်း ၊ ကျီးကန်တွေလို ဝိုင်းအာကြသေးတယ် ။ ဓာတုလက်နက်ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ အဲဒီ စက်ရုံတွေ က တစ်နိုင်ငံ လုံးချွေးနည်းစာနဲ့တည်ထားကြရတာ ။ ကိုယ့် နိုင်ငံ လုံခြုံရေး အတွက် ၊ အင်အားတောင့်တင်းရေးအတွက် ဒီစက်ရုံတွေ ပေါ် မှာ မှီခိုထားကြရတာ ။ နေရာကြီးသိ သွားကြပြီဗျာ ၊ စိတ်ဝင်တစားလည်းစောင့်ကြည့်ခံရပီ ။ လှည့်စားကြရတာ ။ စစ် ပွဲ တွေရဲ့ အရိုးရှင်းဆုံး သီအိုရီ ရှိတယ် ။ ကိုယ့် အကြောင်း ကို က ကြီးအစ အ အဆုံး အားလုံး သိမယ် ဆိုရင် စစ်ပွဲ နိုင်နိုင်ချေ ၅၀ ရှိတယ် ။ ကိုယ်နဲ့ တိုက်မဲ့ ရန်သူအကြောင်း ကိုယ် အားလုံး သိတယ်ဆိုရင် စစ်ပွဲ နိုင်နိုင်ချေ ၅၀ ရှိတယ် ။ အဲဒီ အတွက် သူများ ဟာ ကို များများ သိအောင် ကြိုးစား ရသလို ၊ ကိုယ့်ဟာ ကို သူများ မသိအောင် လုံခြုံရေးတင်ကြပ်ကြရတယ် ။ ခင်ဗျား တို့ ဘယ်လောက် ပွင့်လင်းပါတယ် ၊ တိုးတတ်ပါတယ် ၊ မြန်ဆန်ပါတယ် ဆိုတာတွေ တခြားနေရာတော့ ဟုတ်ချင် ဟုတ်မယ် ။ ယနေ့ ချိန်ထိ လုံခြုံ မှု စိတ်ချရအောင် ကွန်ပြူတာ မသုံး ၊ နက်ဝေါ့ခ် မသုံးပဲ ၊ လက်နှိပ်စက် သုံးနေတဲ့ စစ်ရေး စင်တာတွေ အများကြီးပဲ ။

(၈) ကျုပ်တို့ ကလူတွေ ကိုယ်ချင်းစာတတ်တယ် ။ သတင်းထောက်တွေ ထောင် ၁၀ နှစ်ကျတယ် ။ ပျော်နေတဲ့သူမရှိဘူး ။ ခရိုင်တရားရုံးအဆင့်ပဲရှိသေးတယ် ။ ဥပဒေ လမ်းကြောင်းအရ အယူခံဝင် ၊ သက်သာအောင်လုပ် ... ဘယ်သူမှ ဘာမှ ပြောမှာ မဟုတ်ဘူး ။ အခုဟာ က အပစ်မရှိပဲ နှိပ်ကွပ်ချင်လို့ ထောင်ချသယောင်ယောင် ၊ ဘာမှ မထိခိုက်သယောင်ယောင် လုပ်နေလို့ ပြောနေတာ ။

မြန်မာနိုင်ငံဟာ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလား၊ ထိုင်းနိုင်ငံတွေနဲ့ ထိစပ်နေတာ ဖြစ်ပါတယ်။ တကယ်လို့ စစ်ဖြစ်လာရင် ခင်ဗျားတို့ မီဒီယာတွေ ကြောင့် ဒီနိုင်ငံ စစ်ရှုံးရမယ် ဆိုရင် တရားခံက ခင်ဗျားတို့ မီဒီယာတွေပဲ။ ကိုယ့်အပြစ်ဟာ နိုင်ငံအတွက် ဘယ်လောက်ကြီးလေးသလဲ ဆိုတာကို မစဉ်းစားမဆင်ခြင်ဘဲ ကျီးကန်းလို ၀ိုင်းပြီးအာ၊ ဆန္ဒတွေပြ၊ ထောင်ကျတန်းကျမှာကျတော့ သေမလောက်ကြောက်နေတဲ့ ခင်ဗျားတို့ တိုင်းပြည်ဆိုတာဘာလဲ၊ တိုင်းပြည်အတွက်ဆိုတာ ဘာလဲ သိစေချင်လို့ ရေးသားလိုက်ရတာပဲ ဖြစ်တယ်။ 


From:ပြည်သူ့အာဏာ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>