သတင်းထောက်များ အလုပ်ပြောင်းကုန်ကြပြီ။ အချို့လည်း ပြောင်းရန်ပြင်ဆင်ကြသည်။
ဒီလိုဖြစ်ရသည့် အကြောင်းကတော့ ယူနတီဂျာနယ်က သတင်းထောက်များကို နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေဖြင့် ထောင် ၁၀ နှစ်ချလိုက်လို့ ဖြစ်သည်။
ထို့သို့ သတင်းထောက်များကို ထောင် ၁၀ နှစ်ချလိုက်သည့် သတင်းက သတင်းစာလောကကြီးကို ကိုတုန်လှုပ်သွားစေတော့သည်။ သတင်းတစ်ပုဒ်ရေးတာနှင့် လူငါးယောက်ကို ထောင် ၁၀ နှစ်စီချလိုက်သည့်အတွက် အားလုံးပေါင်းလိုက်လျှင် အနှစ်ငါးဆယ်စာရှိသည်။
သတင်းဆောင်းပါးတစ်ပုဒ်ကို အနှစ်ငါးဆယ်စာ ဆိုတော့ မတန်ဘူးဟု ဆိုကြသည်။
အဲ့ဒီလောက် ထောင်ချခံရအောင် သတင်းက ဘယ်လောက် ကောင်းလဲဟု ထိုသတင်းကို ပြန်လည် ဆန်းစစ်ကြသည်။ သတင်းကတော့ ထိုနယ်မြေက လူတိုင်းသိနေသည့် လက်နက်စက်ရုံအကြောင်းမျှသာ။
သတင်းခေါင်းစဉ်ကတော့ အကြီးကြီးဖြစ်သည်။
ဦးသန်းရွှေလည်းပါသည်။ ဗိုလ်ချုပ်မှုးကြီးမင်းအောင် လှိုင်လည်း ပါသည်။ တရုတ်ပညာရှင်လည်း ပါသည်။ ဓါတုလက်နက်စက်ရုံဆိုတာလည်းပါသည်။ အထဲက သတင်းကိုကြည့်လိုက်တော့ ခေါင်းစဉ်က အကြောင်းတွေ မပါ။ သံချဉ်သံကွေးလုပ်သားတစ်ဦးက ပြောထားသည့် အရှေ့တောင်အာရှတွင် အကြီးဆုံး လက်နက်စက်ရုံ ဆိုတာလေးပဲ သတင်းနှင့် ဆိုင်တာပါသည်။ ကျန်တာက ဂျာနယ်တိုက်ရဲ့ အာဘော်များသာ။ထိုသတင်းကိုမြင်တော့ အခြားသတင်းထောက်တွေက လှောင်ကြသည်။ သံချဉ်သံကွေးလုပ်သားတစ်ဦးေ ပြာသည့် စကားကို ကိုးကားပြီး လက်နက်စက်ရုံအကြောင်းရေးသည် ဆိုတော့ လှောင်စရာကြီးဖြစ်လို့နေသည် ။
သတင်းလိုက်သည့် သတင်းထောက်များကို ကြည့်လိုက်တော့ လုပ်သက်နှစ်ပတ်သာရှိသေးသည့် သတင်းထောက်။ အခြားသတင်းထောက်တွေကလည်း လုပ်သက် ခပ်နုနု။ဒါကြောင့်မို့ အခြား သတင်းဌာနတွေကလည်း အေးဆေးသာ။ မခိုင်မမာနှင့် ရေးတဲ့ သတင်းထောက်တွေ ခံပေါ့ဟု ဆိုသူဆိုသည်။ ထိုသို့ ဆိုခဲ့သည့်သူတွေခမြာ အမိန့်ချလိုက်တော့မှ မျက်လုံးပြူးသွားကြသည်။ အလုပ်ကြမ်းနှင့် ထောင်ဒါဏ် ၁၀ နှစ်တဲ့။နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဆိုမှ ရုရှား ဟာသတစ်ပုဒ်ကို သတိရမိသည်။ လူတစ်ယောက်က စတာလင် အရူးအပေါ ဆိုပြီး နိုင်ငံပေါင်းစုံရှိနေသည့် ညီလာခံတစ်ခုရှေ့တွင် သွားအော်သည်။ ရုရှားရဲများက ဖမ်းပြီး သူ့ကို ထောင်ဒါဏ် ဆယ်နှစ်နှင့် တစ်လ ချလိုက်သည်။ ထောင်ဒါဏ် တစ်လကတော့ နိုင်ငံတော် အကြီးအကဲကို အကြည်အညိုပျက်စေမှုဖြစ်သည်။
ဆယ်နှစ်ကတော့ နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဖြစ်သည်။
စတာလင် ရူးနေသည်က နိုင်ငံတော် လျို့ဝှက်ချက်ဖြစ်နေသည်။ယူနတီ သတင်းထောက်တွေ ထောင် ဆယ်နှစ် ချလိုက်သည်ဟု သတင်းကြားကြားခြင်း သတင်းထောက်များ ဒေါသထွက်ကုန်သည်။
ဒါ သတင်းထောက်တွေကို သက်သက်ဦးချိုးတာ။ တရားမျှတမှုမရှိဘူး။ ငြိမ်ခံနေလို့မဖြစ်ဘူး။
စသည်ဖြင့် ပေါက်ကွဲကာ ပြောဆိုကြသည်။ဒါပေမဲ့ ဘာလုပ်လို့ လုပ်ရမှန်းမသိ။
ပြန်လွှတ်အောင် ဆုတောင်းပွဲလုပ်ရမည်ဟု ပြောကြသည်။ ဒီလိုနှင့် ထောင်ချပြီးနောက်တနေ့တွင် သတင်းထောက်များ စုပေါင်းကာ ဆုတောင်းပွဲလုပ်ကြလေသည်။
ဆုတောင်းပွဲကြောင့် သတင်းထောက်တွေ ပြန်လွတ်မလွတ်တော့မသိ။ ငှက်တွေလွှတ်သဖြင့် ငှက်တွေလွတ်သွားသည်။အကြောင်းမထူးသဖြင့် နောက်တနေ့တွင် သမ္မတကြီး အနုပညာရှင်တွေနှင့် တွေ့သည်ကို သတင်းမယူဘဲ ဆန္ဒပြကြသည်။ ပါးစပ်တွေ တိတ်ကပ်ပြီး ကင်မရာတွေ လမ်းပေါ်တွင် ပုံကာ ဆန္ဒပြကြသည်။ အကျိုးဆက်ကတော့ ခွင့်ပြုမိန့်မယူဘဲ ဆန္ဒပြသဖြင့် ပုဒ်မ ၁၈ ဖြင့် ဆွဲသည်။ အနည်းဆုံးတော့ ထောင် သုံးလ သေချာသွားသည်။ အယောက် ငါးဆယ်လောက်ကို အမှုဖွင့်ထားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ဒါကို ပုဒ်မ ၁၈ ဖြင့် အဆွဲမခံရသော အခြားသတင်းထောက်များက မကျေနပ်။ ငါတို့လည်းပါသည်ဟု ပြောကြသည်။
ရဲစခန်းကိုပင် ကျနော်တို့လည်း ပါသည်ဟု စာရင်းသွားပေးသေးသည်။ သို့သော် ရဲစခန်းက လက်မခံ။ အချုပ်ခန်းက အယောက် ၅၀ ပဲ ဆန့်သည်ထင်၏။
ဆန္ဒပြရာတွင် ပါဝင်သူများပင် မကျေနပ်သည်မဟုတ်။ ဆန္ဒပြရာသို့ မလာခဲ့သော သတင်းထောက်များလည်း မကျေနပ်။ ငါတို့သာ သွားပြရင် ပုဒ်မ ၁၈ ဖြင့် အဖမ်းခံရမှာဟုလည်း မကျေမနပ်ရေရွတ်ကြသည်။ ပုဒ်မ ၁၈ ဖြင့် အဆွဲခံရလျှင် နိုင်ကျဉ်းဖြစ်ပြီး ဦးဝင်းတင်ဖောင်ဒေးရှင်း က ထောက်ပံ့ငွေတွေ ရနိုင်သည်။ ကံကောင်းလျှင် နိုင်ငံခြားကလည်း ဆုတွေ ဘာတွေ ပေးနိုင်သည်။ကိစ္စမ ရှိသေး။ အကြောင်းအရာ က ရှိနေသေးဖြင့် ဆန္ဒထပ်ပြလို့ ရနိုင်သည်။
ခွင့်ပြုစာမတင်ဘဲ ဆန္ဒပြလျှင် သတင်းထောက်တွေ ပုဒ်မ ၁၈ ဖြင့် ထပ်အဆွဲခံရနိုင်သည်။
တစ်ဗိုလ်ဆင်း တစ်ဗိုလ်တတ် စနစ်ဖြင့် ဆန္ဒပြကြမည်။ ဒါဆိုလျှင် သတင်းထောက်အ ကုန်လုံး ထောင်ထဲရောက် ကုန်မည်။ ပြည်တွင်း သတင်းထောက်တွေ အကန်လုံးထောက် ထဲရောက် ကုန်လျှင် သတင်းစာလောကကြီးလည်း ရပ်ဆိုင်းသွားမည်။ ပြည်သူတွေလည်း သတင်း စာ မဖတ်ရတော့။ ဒါကတော့ အတွေးတစ်ခုသာ ဖြစ်သည်။ပြည်တွင်း သတင်းထောက်များက ကြောက်ကြလေသည်။
ထောင်ထဲသို့ မ၀င်ရဲ။ ထောင်ထဲမှာက ကြောက်စရာကောင်းသည်ဟု ကြားဖူးသည်။
ချီးပုံးတွေ ထမ်းရသည် ထောင်ထွက်ဟောင်းများက ဆိုထားကြသည်။ ထောင်ကျလျှင် ချစ်သူနှင့်လဲ ခွဲရမည်။ မိသားစုနှင့်လည်း ခွဲရမည်။ မဖြစ်သေး။ အပြင်မှာ အေးဆေးနေတာပဲကောင်းသည်။
ဒါကြောင့် အထက်က ဆိုခဲ့သည့်အတိုင်း သတင်းထောက်များ အလုပ်ပြောင်းရန် ကြံစဉ်နေကြခြင်းဖြစ်သည်။ ကိုယ်အရင်က လုပ်ခဲ့သည့် အလုပ်များကို ပြောင်းရန်ပြင်ကြသည်။ သို့သော် သိပ်တော့မလွယ်။
သတင်းထောက်အလုပ်က လူစွာလုပ်လို့ရသည်။ လမ်းဘေးက ထမင်းဆိုင်မှာ စားနေပေမဲ့ ၀န်ကြီးနှင့် တွေ့လို့ရမည်။ သမ္မတနှင့် တွေ့နိုင်သည်။ ခရိုနီတွေနှင့် တွေ့နိုင်သည်။ ကိုယ့်မြင်လျှင် လူတိုင်းကြောက်နေကြရသည်။ အခြားအလုပ်များတွင်တော့ ဒီလိုမဟုတ်။ ကိုယ်က အားလုံးကို ကြောက်နေသည်။ဒါပေမဲ့ သတင်းတစ်ပုဒ် ထောင်ဆယ်နှစ်ဆိုတာကိုတော့ အားလုံး ကြောက်ကြသည်။ ကြောက်လို့ ဘာမှမရေးဘဲ နေလျှင်တောင် အခန့်မသင်လျှင် စတာလင် အရူးဟု ပြောခဲ့သည့် လူလို နိုင်ငံတော်လျှို့ဝှက်မှုဖြစ်သွားနိုင်သည်။ ဒါကြောင့် ခပ်ကြောက်ကြောက်သတင်းထောက်များ အလုပ်ပြောင်းကြပြီ။ ခပ်ရဲရဲ သတင်းထောက်များ ဆန္ဒပြပြီး ထောင်ထဲဝင်ကုန်ကြပြီ။ မကြာမီ သတင်းထောက်များမရှိတော့သဖြင့် သတင်းစာ၊ ဂျာနယ်များလည်း ရပ်ဆိုင်းကုန်တော့မည်။ဒီလို သတင်းလောကကြီးရပ်ဆိုင်းသွား မည့် အခြေအနေကိုတော့ အစိုးရလည်း ကြိုက်သည်။ ထုတ်ဝေသူများလည်း ကြိုက်သည်။ အစိုးရကြိုက်တာကတော့ သူတို့ကို ဝေဖန်မည့်လူများ မရှိတော့၍ဖြစ်သည်။ ထုတ်ဝေသူများကြိုက်တာကတော့ နေ့စဉ်အရှုံးပေါ်နေတာကို သတင်းစာမထုတ်တော့လျှင် မရှုံးတော့၍ဖြစ်သည်။ ပြည်သူများကတော့ မျက်စိနောက် သက်သာတော့မည်ထင်သည်။
စိုပြေ
2:30 PM 7/13/2014
From: Zayya Sopyayဒီလိုဖြစ်ရသည့် အကြောင်းကတော့ ယူနတီဂျာနယ်က သတင်းထောက်များကို နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေဖြင့် ထောင် ၁၀ နှစ်ချလိုက်လို့ ဖြစ်သည်။
ထို့သို့ သတင်းထောက်များကို ထောင် ၁၀ နှစ်ချလိုက်သည့် သတင်းက သတင်းစာလောကကြီးကို ကိုတုန်လှုပ်သွားစေတော့သည်။ သတင်းတစ်ပုဒ်ရေးတာနှင့် လူငါးယောက်ကို ထောင် ၁၀ နှစ်စီချလိုက်သည့်အတွက် အားလုံးပေါင်းလိုက်လျှင် အနှစ်ငါးဆယ်စာရှိသည်။
သတင်းဆောင်းပါးတစ်ပုဒ်ကို အနှစ်ငါးဆယ်စာ ဆိုတော့ မတန်ဘူးဟု ဆိုကြသည်။
အဲ့ဒီလောက် ထောင်ချခံရအောင် သတင်းက ဘယ်လောက် ကောင်းလဲဟု ထိုသတင်းကို ပြန်လည် ဆန်းစစ်ကြသည်။ သတင်းကတော့ ထိုနယ်မြေက လူတိုင်းသိနေသည့် လက်နက်စက်ရုံအကြောင်းမျှသာ။
သတင်းခေါင်းစဉ်ကတော့ အကြီးကြီးဖြစ်သည်။
ဦးသန်းရွှေလည်းပါသည်။ ဗိုလ်ချုပ်မှုးကြီးမင်းအောင်
သတင်းလိုက်သည့် သတင်းထောက်များကို ကြည့်လိုက်တော့ လုပ်သက်နှစ်ပတ်သာရှိသေးသည့်
ဆယ်နှစ်ကတော့ နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဖြစ်သည်။
စတာလင် ရူးနေသည်က နိုင်ငံတော် လျို့ဝှက်ချက်ဖြစ်နေသည်။ယူနတီ သတင်းထောက်တွေ ထောင် ဆယ်နှစ် ချလိုက်သည်ဟု သတင်းကြားကြားခြင်း သတင်းထောက်များ ဒေါသထွက်ကုန်သည်။
ဒါ သတင်းထောက်တွေကို သက်သက်ဦးချိုးတာ။ တရားမျှတမှုမရှိဘူး။ ငြိမ်ခံနေလို့မဖြစ်ဘူး။
စသည်ဖြင့် ပေါက်ကွဲကာ ပြောဆိုကြသည်။ဒါပေမဲ့ ဘာလုပ်လို့ လုပ်ရမှန်းမသိ။
ပြန်လွှတ်အောင် ဆုတောင်းပွဲလုပ်ရမည်ဟု ပြောကြသည်။ ဒီလိုနှင့် ထောင်ချပြီးနောက်တနေ့တွင် သတင်းထောက်များ စုပေါင်းကာ ဆုတောင်းပွဲလုပ်ကြလေသည်။
ဆုတောင်းပွဲကြောင့် သတင်းထောက်တွေ ပြန်လွတ်မလွတ်တော့မသိ။ ငှက်တွေလွှတ်သဖြင့် ငှက်တွေလွတ်သွားသည်။အကြောင်းမထူးသဖြင့် နောက်တနေ့တွင် သမ္မတကြီး အနုပညာရှင်တွေနှင့် တွေ့သည်ကို သတင်းမယူဘဲ ဆန္ဒပြကြသည်။ ပါးစပ်တွေ တိတ်ကပ်ပြီး ကင်မရာတွေ လမ်းပေါ်တွင် ပုံကာ ဆန္ဒပြကြသည်။ အကျိုးဆက်ကတော့ ခွင့်ပြုမိန့်မယူဘဲ ဆန္ဒပြသဖြင့် ပုဒ်မ ၁၈ ဖြင့် ဆွဲသည်။ အနည်းဆုံးတော့ ထောင် သုံးလ သေချာသွားသည်။ အယောက် ငါးဆယ်လောက်ကို အမှုဖွင့်ထားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ဒါကို ပုဒ်မ ၁၈ ဖြင့် အဆွဲမခံရသော အခြားသတင်းထောက်များက မကျေနပ်။ ငါတို့လည်းပါသည်ဟု ပြောကြသည်။
ရဲစခန်းကိုပင် ကျနော်တို့လည်း ပါသည်ဟု စာရင်းသွားပေးသေးသည်။ သို့သော် ရဲစခန်းက လက်မခံ။ အချုပ်ခန်းက အယောက် ၅၀ ပဲ ဆန့်သည်ထင်၏။
ဆန္ဒပြရာတွင် ပါဝင်သူများပင် မကျေနပ်သည်မဟုတ်။ ဆန္ဒပြရာသို့ မလာခဲ့သော သတင်းထောက်များလည်း မကျေနပ်။ ငါတို့သာ သွားပြရင် ပုဒ်မ ၁၈ ဖြင့် အဖမ်းခံရမှာဟုလည်း မကျေမနပ်ရေရွတ်ကြသည်။ ပုဒ်မ ၁၈ ဖြင့် အဆွဲခံရလျှင် နိုင်ကျဉ်းဖြစ်ပြီး ဦးဝင်းတင်ဖောင်ဒေးရှင်း က ထောက်ပံ့ငွေတွေ ရနိုင်သည်။ ကံကောင်းလျှင် နိုင်ငံခြားကလည်း ဆုတွေ ဘာတွေ ပေးနိုင်သည်။ကိစ္စမ ရှိသေး။ အကြောင်းအရာ က ရှိနေသေးဖြင့် ဆန္ဒထပ်ပြလို့ ရနိုင်သည်။
ခွင့်ပြုစာမတင်ဘဲ ဆန္ဒပြလျှင် သတင်းထောက်တွေ ပုဒ်မ ၁၈ ဖြင့် ထပ်အဆွဲခံရနိုင်သည်။
တစ်ဗိုလ်ဆင်း တစ်ဗိုလ်တတ် စနစ်ဖြင့် ဆန္ဒပြကြမည်။ ဒါဆိုလျှင် သတင်းထောက်အ ကုန်လုံး ထောင်ထဲရောက် ကုန်မည်။ ပြည်တွင်း သတင်းထောက်တွေ အကန်လုံးထောက် ထဲရောက် ကုန်လှ
ထောင်ထဲသို့ မ၀င်ရဲ။ ထောင်ထဲမှာက ကြောက်စရာကောင်းသည်ဟု ကြားဖူးသည်။
ချီးပုံးတွေ ထမ်းရသည် ထောင်ထွက်ဟောင်းများက ဆိုထားကြသည်။ ထောင်ကျလျှင် ချစ်သူနှင့်လဲ ခွဲရမည်။ မိသားစုနှင့်လည်း ခွဲရမည်။ မဖြစ်သေး။ အပြင်မှာ အေးဆေးနေတာပဲကောင်းသည်။
ဒါကြောင့် အထက်က ဆိုခဲ့သည့်အတိုင်း သတင်းထောက်များ အလုပ်ပြောင်းရန် ကြံစဉ်နေကြခြင်းဖြစ်သည်။ ကိုယ်အရင်က လုပ်ခဲ့သည့် အလုပ်များကို ပြောင်းရန်ပြင်ကြသည်။ သို့သော် သိပ်တော့မလွယ်။
သတင်းထောက်အလုပ်က လူစွာလုပ်လို့ရသည်။ လမ်းဘေးက ထမင်းဆိုင်မှာ စားနေပေမဲ့ ၀န်ကြီးနှင့် တွေ့လို့ရမည်။ သမ္မတနှင့် တွေ့နိုင်သည်။ ခရိုနီတွေနှင့် တွေ့နိုင်သည်။ ကိုယ့်မြင်လျှင် လူတိုင်းကြောက်နေကြရသည်။ အခြားအလုပ်များတွင်တော့ ဒီလိုမဟုတ်။ ကိုယ်က အားလုံးကို ကြောက်နေသည်။ဒါပေမဲ့ သတင်းတစ်ပုဒ် ထောင်ဆယ်နှစ်ဆိုတာကိုတော့ အားလုံး ကြောက်ကြသည်။ ကြောက်လို့ ဘာမှမရေးဘဲ နေလျှင်တောင် အခန့်မသင်လျှင် စတာလင် အရူးဟု ပြောခဲ့သည့် လူလို နိုင်ငံတော်လျှို့ဝှက်မှုဖြစ
စိုပြေ
2:30 PM 7/13/2014
www.mmdailystar.com