Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

"မိမိတို့ ဖက်မှ ပြင်ဆင်အားထုတ်မှု များ ညီညီညွတ်မလုပ်နိုင်ကြပဲ ပြဿနာရှိလာမှ တဖက်ကိုအပြစ် ဖို့မည်ဆိုလျှင် လေးစားလောက်သော စတုတ္ထ မဏ္ဍိုင်ဖြစ်လာ မည်မဟုတ်"

$
0
0

ကျွန်တော်တို့ မီဒီယာလောက အတွက် စိတ်အပူကြီးပူမိပါသည်။ Unity ဂျာနယ်တွင်ဖေါ်ပြခဲ့သော ဓါတုလက်နှက်စက်ရုံဆောင်းပါးကို အခုမှဖတ်ရပါသည်။ လက်နှက်စက်ရုံ ဖြစ်နိုင်သောလည်း ဓါတုလက်နှက် စက်ရုံဟု ယူဆလောက်သော သက်သေ မပြနိုင်ပဲ ဓါတုလက်နှက် ဆိုသော အချက်ကို အထူကြီး ခေါင်းတင်ထားသည်။ သံချည်သံကွေးသမား တစ်ယောက်ကပြောသော ဤစက်ရုံသည်အရှေ့ တောင်အာရှတွင် အကြီးဆုံးဖြစ်သည်ဆိုသော အချက်မျိုး ကို ကိုးကားထားသည်မှာ စ၍ နည်းပညာဆိုင်ရာ ဗဟုသုတ နှင့် အတွေအကြုံနည်းပါးသော ရွာသားများ၏ အကြောင်းပြချက်မပါဝင်သော ထင်မြင်ယူဆချက်သက်သက်ကို အလေးထားဖေါ်ပြထားသည်မှာ အရပ်စကားနှင့်ပြောမည်ဆိုလျှင် ရှားရှားပါးပါးရိုက်ယူထားသည့် ဓါတ်ပုံအချို့ ဖြင့် "ဖြဲ"ထားသလိုဖြစ်နေပါသည်။ ကျွန်တော်တို့ ဂျာနယ်လောက တွင်ဤသို့ သော သတင်းတင်ပြမှုပုံစံ များ မကြာသေးမည်ကစ၍ခောတ်စားလာသည်ကိုသတိထားမိသည်။ Investigative Report များအားအခုလိုတင်ဆက်ရန်ကြိုးစားသည် မှာအားပေး ကြိုဆိုဖွယ်ဖြစ်သောလည်း မိမိ တို စုံစမ်းလေ့လာမည့်နယ်ပါယ် နှင့်စပ်လျှဉ်း၍ကျွမ်းကျင် နှံ့စပ်သော ပညာရှင်များ ၊ လူပုဂ္ဂိုလ်များ၏အကူအညီကို ရယူရုံမျှမက Sound Evidence အခိုင်အမာရှာဖွေချပြ နိုင်ရန် မလွဲမသွေလိုအပ်ပါသည်။ DVB ကတင်ဆက်ခဲ့သော နျုကလီယား လက်နှက်စက်ရုံတင်ဆက်မှု သည်ပင်လျှင်စစ်အင်ဂျင်နီယာ ဗိုလ်မှုး စိုင်းသိန်းဝင်း အား သက်သေခံစေခဲ့သောလည်း နျုလက်နှက် အားချုပ်မိသည်အထိ သက်သေမထူနိုင်ခဲ့ပါ။ ယနေ့ မီဒီယာလောက နှင့် အစိုးရကြားတွင်ဖြစ်ပေါ်နေသော လုပ်ငန်းဆိုင်ရာ ပြဿနာ များကိုကြည့်လျှင် မိမိ တို့ မီဒီယာဖက်မှ လိုအပ်ချက်၊ ချို့ယွင်းချက်များရှိ နေသည်ကိုလည်း လစ်လျုရှု ၍ မထားသင့်ပေ။ မိမိတို့ မီဒီယာ ပိုင်းမှလည်း ပို၍ Professional ပီသရန် နှင့် ကျင့်ဝတ်သိက္ဒ္မါ ပိုင်းကို ပိုမို ထိန်းသိမ်းရန် လိုအပ်ကြောင်း သတိထားမိလာပါသည်။ ဤသို့ မိမိတို့ ဖက်မှလည်း ထိုက်သင့်သော ပြင်ဆင်အားထုတ်မှု များ ညီညီညွတ်မလုပ်နိုင်ကြပဲ အခုလို ပြဿနာရှိလာမှ တဖက်ကိုချည်းအပြစ် ဖို့ မည်ဆိုလျှင် လေးစားလောက်သော စတုတ္ထ မဏ္ဍိုင်ဖြစ်လာ မည်မဟုတ်ချေ။


From: Zayya Sopyay



www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


TTA Oreo Gapp Installer


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


တာချီလိတ်မြို့တွင် MPT ဆင်းကဒ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


ဗုဒ္ဓမြတ်စွာဘုရားရှင်၏ တရားဟော မုဒြာဟန်ပန်များထဲမှ မုဒြာ(၉)မျိုး


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်


ထက်ထက်မိုးဦးရဲ့ခင်ပွန်းဇူးထက်မြတ်ရဲ့ ပေါက်ကွဲထွက်လာတဲ့စာ


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဟာဂျီမ ပျဉ်းမနားဒေါ်ပုရဲ့ (ယနေ့ ကာလ တန်ကြေး သိန်းပေါင်း နှစ်သောင်းကျော်ဖိုး)...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


နောက်ထပ်ခြေလှမ်းသာ ဖြစ်စေချင်ပါတယ်


မောင်တူး - သက်ရှိပန်းချီ - အပိုင်း (၁၉)


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်


အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>