Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အစ်ကိုအရင်းတစ်ယောက် သာမက သားအရင်း ၂ ယောက်ကိုတောင် မနိုင်ဘဲ ပြည်သူနဲ့ တပ်မတော်ကို ဘယ်လိုစည်းရုံးမလဲ ဒေါ်စု

$
0
0




ဇူလိုင်လ ၁၂ ရက်နေ့ ပခုက္ကူမြို့ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏ သားနှစ်ဦးနှင့် သူမတို့ လုံးဝမသက်ဆိုင်တော့ကြောင်းပြောဆိုခဲ့ရာ အစ်ကိုအရင်းနှင့် သားအရင်းများကိုတောင် မစည်းရုံးနိုင်ဘဲ ပြည်သူနှင့် တပ်မတော်ကို ဘယ်လိုစည်းရုံးမလဲ၊ အမျိုးသားရင်ကြားစေ့ရေး ဘယ်လိုလုပ်နိုင်မလဲ၊ ငြိမ်းချမ်းရေး နိုဘယ်ဆို ဘယ်လိုရခဲ့လဲ ဆိုပြီး မေးခွန်းထုတ်သံများ ဆူဆူညံညံ ကြားနေရပြီး ပြင်းပြင်းထန်ထန်ဝေဖန်မှုများ ရှိလာသည်။

ပခုက္ကူမြို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ  “သားသမီးများဟာ ၁၈ နှစ်ကျော်သွားလို့ရှိရင် ဥပဒေအရ ကိုယ်နဲ့ လုံးဝမဆိုင်တော့ဘူး.. ဒါ ဥပဒေပဲ.. ကိုယ်နဲ့မဆိုင်တဲ့ ပုဂ္ဂိုလ်များ (ကိုယ့်သား/သမီးအရင်းများ) ရဲ့ အခြေအနေက ကိုယ့်အပေါ်မှာ သက်ရောက်မှုမရှိရဘူး… ကိုယ့်ရဲ့အခြေအနေ ကလည်း ကိုယ်နဲ့မဆိုင်တဲ့သူတွေ (ကိုယ့်သား/သမီးအရင်းများ)အပေါ်မှာ သက်ရောက်မှုမရှိရဘူး.. ဒါကြောင့်ကို ကျွန်မက လက်မခံနိုင်ဘူး..” ဟု ပြောဆိုခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှု အသုံးအနှုံးနှင့် အဓိပ္ပါယ်များက မြန်မာ့ရိုးရာ၊ မြန်မာ့ယဉ်ကျေးမှု၊ မိဘဝတ်၊ သားသမီးဝတ်များနှင့် ဆန့်ကျင်နေပြီး မြန်မာပြည်သူအများအပြားမှ ကန့်ကွက်ခဲ့ကြသည်။ မြန်မာ စကားပုံတွင် “သားသမီး မကောင်း မိဘခေါင်း” ဟူ၍ ရှေးစာဆိုရှိယုံမျှမက “မကောင်းမြစ်တား၊ ကောင်းရာ ညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ” ဟူ၍ လည်းကောင်း၊ “ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ် ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ” ဟူ၍လည်းကောင်း ရှေးလူကြီးတို့၏ အဆုံးအမများရှိခဲ့သည်။


ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး မိဘတိုင်းသည် သားသမီးများကို အသက် ၁၈ နှစ် ကျော်သည်ဖြစ်စေ၊ မကျော်သည်ဖြစ်စေ သားသမီးလုပ်သမျှ မိဘများက အိမ်ထောင်မကျမချင်း ခေါင်းခံကြရသည်။ (တစ်ခါတစ်ရံ အိမ်ထောင်ကျပြီးလည်း ခေါင်းခံကြသည်)။ အသက် ၃၀/၄၀ မှ အိမ်ထောင်ကျသည်ဖြစ်စေ မိဘများက တက်နိုင်သမျှ တာဝန်ယူကြရပြီး ပညာအမွေ၊ ဥစ္စာအမွေများ ပေးလေ့ရှိကြသည်။ အလားတူ သားသမီးများ ကလည်း မိဘများကို လုပ်ကျွေးခြင်း၊ မိဘများကိစ္စကို မိမိကိစ္စအဖြစ် သဘောထားကာ စီမံဆောင်ရွက်ခြင်း၊ မိဘအမွေကို ခံယူထိုက်သူဖြစ်အောင်ကြိုးစားခြင်း၊ မိဘများအတွက် အလှူအတန်းများ လုပ်ဆောင်ပေးခြင်း သာမက အရေးအကြီးဆုံးဖြစ်သည့် အမျိုးစောင့်ခြင်းများကိုပါ လုပ်ဆောင်ကြရသည်။ 


သမိုင်းအဆက်ဆက် အစဉ်အလာကြီးမားခဲ့သော၊ မိဘနှင့် သားသမီး တစ်သားတည်းရှိသော မြန်မာ နိုင်ငံတွင် သမ္မတလုပ်မည်ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်မှ မိဘနှင့် သားသမီး ၁၈ နှစ်ကျော်လျှင် ဘာမှ မဆိုင်ဟုပြောဆိုခြင်းမှာ လူထုတစ်ရပ်လုံး၏ ရိုးရာအစဉ်အလာကို ဆန့်ကျင်သလိုဖြစ်နေသည်။ ဒေါ်အောင်ဆန်း စုကြည်သည် သားသမီးဝတ်နှင့် မိဘဝတ်များကို မသင်ခဲ့ရခြင်း (သို့မဟုတ်) ယခင်ကတည်းက လက်မခံခြင်း လည်း ဖြစ်နိုင်သည်။ ထို့ကြောင့်ပင် အမျိုးစောင့်ခြင်းမရှိ၊ မိဘအတွက် လှူဒါန်းခြင်း မတွေ့ဖူး ဖြစ်နေသည်။ တစ်ခုတော့ရှိသည်။ ၁၈ နှစ်ကျော်လျှင် မိဘနှင့် သားသမီး ဘာမျှမဆိုင် ဟုသာဆိုသည် အသက် ၇၀ ဒေါ်အောင်ဆန်းစုကြည်မှ ဘာမှမဆိုင်သော ဗိုလ်ချုပ်အောင်ဆန်းပုံကို သွားလေရာယူပြန်သည်။ NLD ပါတီ ဆိုင်ရာ အခမ်းအနားများတွင် NLD နှင့် လုံးဝမသက်ဆိုင်သော ဗိုလ်ချုပ်အောင်ဆန်း ပုံများ အသုံးချနေခြင်းနှင့် ပတ်သက်၍ လူအများကမေးခွန်းထုတ်နေသည်မှာကြာပြီဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှဖြေကြားခြင်း မရှိသေးပေ။ မိဘနှင့် သားသမီးမို့ ဟု ယခင်က ဖြေလို့ရသော်လည်း ပခုက္ကူမိန့်ခွန်းအရ အသက် ၇၀ ဒေါ်စု နှင့် ကွယ်လွန်သူ ဗိုလ်ချုပ်အောင်ဆန်းတို့ ဘာမှမဆိုင်တော့ပေ။


မြန်မာစိတ်မရှိတော့တာကြောင့် မြန်မာ့ဓလေ့ထုံးစံကို ဆန့်ကျင်ပြောဆိုနေတာ ဖြစ်နိုင်ကြောင်း ဝေဖန်မှု များရှိသလို၊ ဗြိတိန်နိုင်ငံသား မိသားစုဝင်ဖြစ်ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်မှ ယခုကဲ့သို့ ပြောဆိုခြင်းဟု အချို့က သုံးသပ်ကြသော်လည်း ပြီးပြည့်စုံသော အကြောင်းပြချက်တော့ မဟုတ်ပေ။ ဗြိတိန်နိုင်ငံတွင် မိဘနှင့် သားသမီး မျိုးရိုးအစဉ်အတိုင်း နာမည်ပေးရသည်။ အဲလီဇဘတ် ဘုရင်မကြီး၏ သား ချားစ် သည် အိမ်ရှေ့ မင်းသား အဖြစ် ရပ်တည်နေဆဲ။ ဝီလီယံနှင့် ဟယ်ရီတို့၏ လုပ်ဆောင်မှုများသည် မိဘ နှစ်ဦးကိုသာမက အဘိုး အဘွားများအထိ အရှက်ရနေဆဲ ဖြစ်သည်။


ဤသို့သော အခြေအနေမျိုးတွင် ဒေါ်အောင်ဆန်းစုကြည်မှ သူမနှင့် သားနှစ်ဦးတို့ ဘာမှမသက်ဆိုင် ကြောင်း ခါးခါးသီးသီးငြင်းနေခြင်းမှာ သားနှစ်ဦးကို စည်းရုံး၍မရခြင်း (သို့မဟုတ်) သားနှစ်ဦးအပေါ်တွင် အာဏာမသက်ရောက်သည့် မိခင်တစ်ဦးဖြစ်ခြင်းကြောင့် ဖြစ်နိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးမှာ ဒေါ်အောင်ဆန်းစုကြည် စကားကို လုံးဝ နားမထောင်ဟု သတင်းထွက်ပေါ်နေသည်မှာ ကြာပြီ ဖြစ်သည်။ အကြီးကောင် အလက်စန္ဒားအဲရစ် ဆိုလျှင် မိခင်အဖြစ်တောင် အသိအမှတ်မပြုဟု ဆိုသည်။ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးကလည်း ညီမအဖြစ် အသိအမှတ်မပြုဟု ဆိုသည်။ ဦးအောင်းဆန်းဦးမှာ ပြဿနာ မဟုတ် သော်လည်း အလက်စန္ဒားအဲရစ် နှင့် ကမ်င်အဲရစ်တို့မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အဓိက အတားအဆီးများ ဖြစ်နေသည်။ သန်း ၆၀ ဆန္ဒပြည့်ဖို့ လူ ၂ ယောက်၏ ဆန္ဒကိုသာ စည်းရုံးရန်လိုအပ်သည်။ သို့သော် ဒေါ်အောင်အောင်ဆန်းစုကြည် မလုပ်နိုင်။


ဆွေမျိုးအရင်းများကိုတောင် ရင်ကြားမစေ့နိုင်သည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူကို ဘယ်လိုရင်ကြားစေ့မလဲ၊ တပ်မတော်ကို မည်သို့စည်းရုံးမလဲ ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အရည် အချင်းကို မေးစရာတောင် လိုမည်မထင်တော့။ ငြိမ်းချမ်းရေးနိုဘယ်ဆုကို အားနာမိသည်။ မိမိဝမ်းနှင့် လွယ်လာ သော သားများကိုတော့ ပျော့ပြောင်းစွာ မစည်းရုံးနိုင်လျှင် တစ်သွေး၊ တစ်သံ၊ တစ်မိန့်နှင့် စည်းကမ်း မူဝါဒ ခိုင်မာတောင့်တင်းသည့် စစ်တပ်ကို မည်သို့စည်းရုံးနိုင်မည်နည်း။ ဦးအောင်ဆန်းဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ အလက်စန္ဒားအဲရစ် နှင့် ကမ်င်အဲရစ်တို့ သွေးသားရင်းခြာ ၄ ဦးတောင် မျက်နှာချင်းဆိုင်အောင် မလုပ်နိုင်သည့် ဒေါ်အောင်ဆန်းစုကြည်သည် သွေးမတော် သားမစပ်သည့် အစိုးရ၊ လွှတ်တော်၊ စစ်တပ်နဲ့ အတိုက်အခံဆိုပြီး လေးပွင့်ဆိုင်နိုင်အောင် မည်သို့လုပ်နိုင်မည်နည်း။ ဒေါ်အောင်ဆန်းစုကြည် ကြောင့် မျက်နှာချင်းမဆိုင်နိုင်တာ လား၊ ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်ကြလို့ ရင်ကြားမစေ့နိုင်ကြတာလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတ္တကြောင့် မလိုက်လျှောကြတာလားဆိုသည်ကို ကြီး သုံး ကြီး ကိုသာမက မိသားစုဝင် ၃ ဦးကိုပါ ပွင့်ပွင့် လင်းလင်း မေးခွန်းထုတ်ရမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးမှုစွမ်းရည်ကိုလည်း များစွာ သံသယ ဖြစ်မိပါသည်။
 
From: ထွန်းနိုင်ဝင်း

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ဆင်ဖြူ ရှင်၏ ယိုးဒယားအောင်ပွဲ


မြန်မာ့တပ်မတော်(ရေ)၏ စစ်ရေယာဉ်-773 အား ရေချ


ဝေဖန်မှု ဇာတ်လမ်းမျိုးစုံ နောက်ကွယ်က.... မိသားစုလိုက် ကတ်ကြေးနဲ့ထိုးခံရတဲ့...


♪ မြန်မာနိုင်ငံတစ်ဝန်း မြန်နှုန်းမြင့် Broadband အင်တာနက်...


မက္က⁠ဒေးမီးယား စိုက်ပျိုးနည်း


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>