ကုန်ပစ္စည်း မှောင်ခို ကုန်ကူးသူ တွေထဲမှာ ....
သာမန်ကုန်သည် တွေနဲ့ အတူ ....
လက်နက်ကိုင် အဖွဲ့အစည်းဝင်တွေပါ ပါဝင်နေတာကြောင့် ....
မှောင်ခိုကုန်တားဆီးရာမှာ ....
လိုအပ်ရင် ....
စစ်တပ်ကို အကူအညီ တောင်းဖို့ ရှိတယ်လို့ ....
ရန်ကုန် မိုဘိုင်းတင်းမ် အဖွဲ့ဝင်တဦးက ....
ပြောကြားလိုက်ပါတယ် ....
အထူးသဖြင့် ....
မြ၀တီ-ဘားအံနဲ့ ရန်ကုန် လမ်းကြောင်းပေါ် မှာ ....
အပစ်ရပ်ထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ကလည်း ....
မှောင်ခိုကုန် ကူးကြတဲ့အတွက် .....
သူတို့ကုန်တွေကို ဖမ်းဆီးရင် ....
လက်နက်ပြပြီး ပြန်လည် ထုတ်ယူသွားတတ်ကြတယ်လို့ ....
သူက ဆိုပါတယ် .....
မှောင်ခို ကုန်တွေကို တားဆီး စစ်ဆေး အရေးယူတဲ့ ....
မိုဘိုင်းတင်းမ် အဖွဲ့ထဲမှာတော့ ....
ရဲတပ်ဖွဲ့လိုမျိုးပဲ ပါဝင်တာကြောင့် .....
အဲလို ကိစ္စမျိုးကို ဘာမှ မတတ်နိုင်ဘူးလို့ ...
သူက ပြောပြပါတယ် ....
ဒါကြောင့် နောက်ပိုင်း လိုအပ်ရင် ...
စစ်တပ်ကို အကူအညီတောင်း ကောင်း တောင်းမှာ ဖြစ်ပြီး ....
လက်ရှိမှာတော့ ရဲတပ်ဖွဲ့ဝင် အင်အားကိုပဲ ....
တိုးချဲ့ အသုံးပြုနေတယ်လို့ ....
သူက ရှင်းပြပါတယ် ....
From: DVB
www.mmdailystar.com