Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဓာတ်ကြိုးပြတ်ပြီး ပြည်သူတွေ အသက်ဆုံးရှုံးမှုမှ ကာကွယ်ရန် ဓာတ်မလိုက်သော ဓာတ်ကြိုးများဖြင့် လဲလှယ်သွားတော့မည်

$
0
0
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်ကြိုးများ လဲလှယ်ရာတွင် ဓာတ်လိုက်မှု မရှိနိုင်သည့် Insulate Wire ကြိုးများဖြင့် အစားထိုး လဲလှယ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ Insulate Wire ကြိုးသည် အဆင့်မြင့်ဓာတ်ကြိုးများ ဖြစ်ပြီး၊ အပြင်ဘက်တွင် ရော်ဘာကြိုးများ ထပ်မံဖုံးအုပ်ထားသဖြင့် မတော်တဆ ဓာတ်ကြိုး ပြတ်တောက်ပါက ထိမိသူမှာ ဓာတ်လိုက်မှု မရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ သိရသည်။

ဒီလကနေစပြီး ဟောင်းနွမ်းနေတဲ့ ဓာတ်ကြိုးတွေနေရာမှ လဲလှယ်သွားမယ်။ ဒါကြောင့် ပြည်သူတွေ ဘာမှစိုးရိမ်စရာ မလိုတော့ပါဘူး ဟုရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ပြောသည်။ အသစ်လဲလှယ် သွားမည့် ဓာတ်ကြိုးသည် ဗို့အား (၄၀၀) ၀န်ခံနိုင်ရည် ရှိသောကြိုးဖြစ်ပြီး၊ အပူဒဏ်ကိုလည်း ခံနိုင်ရည်ရှိကာ သဘာဝဘေးအန္တရာယ် များကိုလည်း အထိုက်အလျောက် ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင်မြို့နယ်များ အတွင်းရှိ ဆင်ခြေဖုံးရပ်ကွက်များ၌ အန္တရာယ်ရှိ ဓာတ်ကြိုးလိုင်းများအား စစ်တမ်း ကောက်ယူလျက်ရှိပြီး၊ အန္တရာယ်ရှိနိုင်သည့် ရပ်ကွက်များကို ဦးစွာအစားထိုး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ညဆိုရင် ဓာတ်ကြိုးက နီရဲနေတဲ့အတွက် လမ်းသွားလမ်းလာတွေ ကမဖြတ်ရဲဘူး ဖြစ်နေတယ်။ ဒီလိုဓာတ်ကြိုးတွေ ကိုအမြန်ဆုံး လဲပေးသင့်တယ်။ ဒီလိုမဟုတ်ရင် အနားမှာရှိနေတဲ့ အိမ်တွေကလည်း စိုးရိမ်နေကြရတယ် ဟုသုဝဏ္ဏ၊ ရန်ကုန်သစ် ရပ်ကွက်နေ ဒေါ်အေးအေးမြင့်ကဆိုသည်။ Insulate Wireကြိုးများ အစားထိုး လဲလှယ်ခြင်းကို မြို့နယ်အလိုက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် ပြည်သူများ အန္တရာယ် ကင်းဝေးစေရန် သစ်ပင်များ ခုတ်လှဲခြင်း၊ မြို့နယ်များတွင် လျှပ်စစ်အန္တရာယ်သတိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း စသည့်တို့ကို ဆောင်ရွက် နေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ သိရသည်။ ရန်ကုန်မြို့တွင် ၂၀၁၄ခုနှစ် ဇွန်လအတွင်း ဓာတ်ကြိုးပြတ်ကျမှုကြောင့် လူသေဆုံး ခဲ့သောကြောင့် ပြည်သူများမှာ စိုးရိမ် ပူပန်လျက်ရှိပြီး ၊ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ ကိုလည်း ဝေဖန်မှုများ ရှိခဲ့သည်။

From: The Messenger

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ