
မီဒီယာဆိုပြီးတော့ နာနေဖို့တော့မလိုပါဘူး။ အဲဒီမှာဝါးခုတ်သူတွေ၊ ရေခပ်သူတွေအားလုံးက ဂိတ်အ၀င်အ ထွက်လက်မှတ်လုပ်ပြီးတော့ ၀င်ထွက်နေကြတာပဲ၊ ဘာမှမဖြစ်ပါဘူးဗျာ။ အားလုံးအဆင်ပြေတယ်။ အခုဒီ လိုမျိုးဓာတ်ပုံတွေနဲ့ နိုင်ငံတော်လျှို့ဝှက်ချက်တွေကို ဖော်ပြတာတို့ သွားလုပ်တာကိုးဗျ။ တခြားနိုင်ငံတွေမှာ ဆိုရင်ဒီလိုမျိုးအမှုက သေဒဏ်တောင်ပေးနိုင်တယ်။ ဘယ်နိုင်ငံကမှ လက်ခံမှာမဟုတ်ဘူး။
မြန်မာနိုင်ငံက ဓာတုလက်နက်ကင်းစင်တယ်လို့ ပြောထားတာကို သူတို့ကဓာတုလက်နက်ထုတ်တယ်ဆိုပြီး ထုတ်ပြန် တာ ကိုးဗျ။ ကပစ ကအနုမြူလက်နက်ထုတ်တယ်ပဲထားပါဦး။ ဒါကို ဘာလို့ဖော်ရမလဲဗျာ ကိုယ့်နိုင်ငံမှာ အဏုမြူ ရှိတယ်ဆိုရင်တောင် ဂုဏ်ယူရဦးမယ်။ အဏုမြူမရှိတဲ့သူက ရှိတဲ့သူကိုကြောက်ကြတာကိုးဗျ။အဏုမြူရှိရင် လက်မထောင်နိုင်တယ်လေ။အဲဒါကို ဘာဖြစ်လို့သွားဖွတာလဲ။ လျှို့ဝှက်တောင် ပေးသင့်သေးတယ်။အမှန် တကယ်ကတော့ အဲဒီမှာ သေနတ်ဒင်တွေပြောင်းတွေလုပ်တာပဲ။ နိုင်ငံသားပီသရင် ဒီလိုမလုပ်သင့်ဘူး။ အဲ ဒီအတွက်သူတို့အပြစ်နဲ့ သူတို့ခံရတယ်လို့ပဲ ပြောချင်ပါတယ်။
www.mmdailystar.com