Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တစ်ဦး၏ သင်္ချာစွမ်းရည်

$
0
0




-ကျွန်တော်တို့ က မြန်မာနိုင်ငံအနောက်ဖက်မှာ နေထိုင်ကြသည် ။ တဖက်နိုင်ငံနှင့် နယ်စပ်ချင်းကပ်လျှက် ရှိနေသည် ။ ထို့ ကြောင့်ခိုးဝင်သောသူများ ရှိသည် ။ လူဝင်မှု ကြီးကြပ်ရေးဋ္ဌါနသည် ခိုးဝင်သောသူများကို လာဘ်ငွေစားကာ ရခိုင်ပြည်နယ် မောင်တောမြို့ နယ်-ဘူးသီးတောင်မြို့ နယ်အတွင်းသို့ တံခါးမရှိ ၀င်သွားခြင်းပြု ခဲ့ သည် ။ တဖြေးဖြေးနှင့် ရခိုင်ပြည်နယ်အတွင်း ရှိရှိသမျှသော မြို့ နယ် -ကျေးလက်တောရွာတွေမှာ ၀င်ရောက်လာခဲ့ ကြသည် ။

ကျွန်တော်တို့ မှာ ရခိုင်စကားတလုံး တလေမျှ မတတ်သောသူတို့ ကို ခိုးဝင်လာသည့် သူများဆိုပြီး စောဒကတက်သူများ မဟုတ်ကြ ။ လွယ်လွယ်ကလေး နေထိုင်ခွင့်ပြု ခဲ့ ကြသည် ။ အလုပ်ကလေး ပေးခဲ့ ကြသည် ။ အိမ်ယာဆောက်လုပ်နေစေခဲ့ သည် ။ ရပ်ကွက်တွေအတွင်း အိမ်တွေဆောက်ခွင့်ပြု ခဲ့ ကြသည် ။ ဘာသာရေးအဆောက်အဦတွေ ဆောက်လုပ်ခွင့် ပြု ခဲ့ ကြသည် ။

ဘင်္ဂလီလူမျိုးတို့ သည် နှစ်ပေါင်းများစွာ ကြာလာသောအခါ ကျွန်တော်တို့ ရခိုင်လူမျိုးတွေထက် လူဦးရေ မနည်းတော့ဘဲ ရှိလာနေပြီ ။ မောင်တောမြို့ နယ်-ဘူးသီးတောင်မြို့ နယ့် မှာ ဆိုလျှင် ဘင်္ဂလီလူမျိုးတွေသည် ရခိုင်လူမျိုးတွေထက် များပြားပိုမိုသွားပြီ ။

အခြားသောမြို့ နယ်များ-ကျေးရွာများတွင်လည်း လူဦးရေပြွတ်သိပ်များပြားလာသည် ။ ရခိုင်ပြည်နယ်ကဲ့ သို့  မြန်မာနိုင်ငံအတွင်းတွင်လည်း သူတို့ တွေ ရောက်ရှိနေထိုင်လာကြပြီ ။ ခုတော့ နေရာတိုင်း မြို့ နယ်တိုင်းမှာ ပြသနာတွေ-အဓိကရုဏ်းတွေ-မုဒိမ်းမှုတွေ- လူသတ်မှု တွေ ဖြစ်ပွားလာခဲ့ ရပြီ ။ သူတို့ တွေကြောင့် ဗုဒ္ဓဘာသာကိုးကွယ်သော မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်၌ အရုပ်ဆိုးအကျည်းတန်လာခဲ့ ရသည် ။

မြန်မာနိုင်ငံအစိုးရသည် ဤပြသနာကို ကြီးမားသော သတိဖြင့် ကိုင်တွယ်ဖြေရှင်းရန် လိုသည် ။ ပြစ်မှု ဆိုင်ရာများသည် ဖြစ်ပေါ်ခဲ့ ပြီ ။ ဤပြသနာများကို မဖြေရှင်းလျှင် နောင်လည်းဆက်တိုက် ဖြစ်ပွားနေအုံးမည်ဖြစ် သည် ။

ယခုဖြစ်ပွားနေသော ပြသနာအရေးအခင်းများသည် လည်လှီး-မုဒိမ်းကျင့်- အိမ်မီးရို့ အဆင့်သာဖြစ်ပြီး တကယ်တန်း ပြသနာ၏ အရင်းခံသည် နယ်မြေလုပွဲဖြစ်လာခြင်းကို အခြေခံသည် ။ နိုင်ငံရေးပယောဂတွေ ပါသည် ။ ထို့ ကြောင့် နောင်အနာဂတ်အတွက် ရေရှည် သတိထားရမည့် ပြသနာအကြောင်းအရာ ဖြစ်သည် ။ ယခုရှိနေသည့် အစိုးရဖြစ်ဖြစ် မည်သည့် မြန်မာနိုင်ငံအစိုးရသည့်  မည်သည့်နည်းနှင့်မဆို မိမိတို့  အုပ်ချုပ်နေသည့်အခိုက်အတန့်  ကာလတွင် မြန်မာနိုင်ငံကို အဓွန့် ရှည်စေရေးအတွက် ဤပြသနာကို အထူးသတိကြီးစွာ တာဝန်ယူရန်လိုအပ်သည် ။

အမှတ်တမဲ့ နေခဲ့ ခြင်းကြောင့် သည်းခံခြင်းများလာလျှင် ခိုးဝင်သူသည် ကာယကံရှင်ဖြစ်သော အိမ်ရှင်ကို နှင်ထုတ်ပြီး မောင်းထုတ်တတ်လာသည် ။ နယ်မြေလုပွဲ ပြု လုပ်လာတတ်သည် ။ သာဓကများစွာ ရှိသော နိုင်ငံတွေ မြောက်မြားစွာ ဖြစ်နေခဲ့ ပြီ ။ ယခင်က ဗုဒ္ဓဘာသာဝင်များ ကိုးကွယ် ဖြစ်ခဲ့ သော နိုင်ငံတွေသည် .ခုအချိန်တွင် မူဆလင်ဘာသာကိုးကွယ်သော နိုင်ငံတွေ ဖြစ်နေလေပြီ ။

အမေရိကပြည်ထောင်စုသည် ကမ္ဘာတွင် စီးပွားရေး-လူ့မှုရေး- စသည်ဖြင့် အဖက်ဖက်က တိုးတက်ပြည့်စုံသော နိုင်ငံကြီးတခုဖြစ်သည် ။ ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်သည် ။ နယူးယောက်မြို့ သည် အမေရိကပြည်ထောင်စုတွင် မြို့ ကြီးတမြို့ ဖြစ်သည် ။ နှစ်စဉ် ကမ္ဘာလှည့် ခရီးသည် သန်းနှင့်ချီ၍ လာကြရသောမြို့ ကြီးဖြစ်သည် ။ လာမည့်-၂၀၁၅-ခုနှစ်တွင် နယူးယောက်မြို့ တော်ဝန်မှ ကမ္ဘာလှည့်ခရီးသည် သန်း-၅၀- လာရောက်ရန် မျှော်လင့်ထားသည်ဟု ကြေညာထားသည် ။

လွန်ခဲ့ သော တနေ့ က အမေရိကန် သမ္မတ မစ္စတာအိုဘားမားက နယ်စပ်မြို့ ဖြစ်သော တက္ကဆပ်ပြည်နယ် ဒါးလက်မြို့ သို့  သွားခဲ့ ပြီး လူထုနှင့် တွေ့ ဆုံပွဲ ပြုလုပ်ခဲ့ သည် ။ မိန့် ခွန်းပြောခဲ့ ရာတွင် နယ်စပ်မှ ဖြတ်ကျော်ခိုးဝင်လာသော မက္ကဆီကန် လူမျိုး များနှင့် ပါတ်သက်၍ ပြည်နယ်အစိုးရကသာ ဥပဒေဖြင့် တင်ပြလာလျှင် အမေရိကန် သမ္မတ-တယောက်အနေဖြင့် ပြင်ဆင်ခြင်း မလုပ်ဘဲ အတည်ပြု ပြဋ္ဌန်းကာ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ပြောဆိုကြေညာခဲ့ သည် ။

ဤသည်မှာ အမေရိကန် ပြည်ထောင်စုအစိုးရ၏ သမ္မတသည် ဖက်ဒရယ်ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့် အာဏာကို လေးစားပြီး ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ရ ပြည်နယ်၏ ဥပဒေကို အတည်ပြု ကြောင်း ကြေညာခဲ့ ခြင်းသည် ။

နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသော မက္ကဆီကန် လူမျိုးတွေသည် နယူးယောက်မြို့ တင်မက အခြားသော ပြည်နယ်တို့ တွင်ပင် ရှိနေကြသည် ။ ယနေ့ နံနက်ပိုင်းတွင် အမှိုက်ပုံးကို လာရောက်မွှေနှောက်ပြီး ပုလင်ခွံများကို ယူလာနေသည့် မက္ကဆီကန် လူမျိုး နှစ်ယောက်အား အမှိုက်ပုံးထဲက အခြားစွန့် ပစ် ပစ္စည်းများကို ယူသွားရန် ပြောဆိုဖြစ်သည် ။

သူတို့ နှစ်ဦးမှာ အမေရိကန် ဘာသာစကားကို မပြောတတ်-နားမလည် ။ အနီးကပ် ပြောမည်လုပ်တော့ ဘီယာနံ့ တွေက တထောင်းထောင်းနံ့  နံထွက်နေသည် ။ ဆံပင်တွေ ဖွာရရဲ -၀တ်စားဆင်ယင်ထားသည်မှာ ညစ်တိညစ်ပတ်နှင့် မြင်ရသည် ။ သို့ သော် ကျွန်တော့်ကို လေးစားစွာဖြင့် ပြုံး ရီပြကာ တလေးတစား ဆက်ဆံသည် ။ သူတို့ အား ဓါတ်ပုံရိုက်မည်ဆိုတော့ သရုပ်ဆောင်ပြသေးသည် ။

သူတို့ လို လူမျိုး တွေသည် အမေရိကန်ပြည်ထောင်စုတွင်-၁၁-သန်းခန့်  ရှိနေပြီ ။ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်သော အမေရိကန်သည် ယခုလို မြင်တွေ့ နေရသော မက္ကဆီကန် လူမျိုးတွေကြောင့် ကြီးလေးသော စိန်ခေါ်မှု များကို ရင်ဆိုင်နေကြရပြီ ။ သူတို့ သည်လည်း အမှတ်တမဲ့  မှ သည်းညည်းခံ နေထိုင်ခွင့် ပြု ခဲ့ ခြင်းဖြစ်သည် ။ သူတို့ သိရှိ နားလည်လာသောအခါ လူဦးရေ-၁၁-သန်း ရှိနေပြီ ။ သူတို့ ကို စိုးရိမ် ကြောက်ရွ့ံလာနေကြရပြီ ။ သူတို့ ကား အလုပ်လက်မဲ့  ပြသနာကို တိုက်ရိုက်ထိတွေ့ လာနေခြင်းဖြစ်သည် ။

သို့ သော် စီးပွားရေးအရ ချွတ်ခြုံ ကျလွန်းပြီး လုပ်ကိုင်စားသောက်ရန် မရှိလှသော သူတို့ လူမျိုးသည် မြန်မာနိုင်ငံရှိ ဘင်္ဂလီလူမျိုး တို့ လောက် ပြသနာများစွာ ဖန်တီးပြီး နောင်တချိန်၌ နယ်မြေလုပွဲကို ဖန်တီး၍ ရမည်မဟုတ်ချေ ။ နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသော ဘ၀တွေက အတူတူပင် ဖြစ်သော်လည်း သဘာဝချင်း-ယဉ်ကျေးမှုချင်း- အဆင့်အတန်းချင်း- နယ်မြေအနေအထားချင်း- မည်သည့်အချက်များနှင့်မျှ သက်ဆိုင်၍ စကားထဲ ထည့်ပြောစရာမလို ။

မည်သို့ ပင်ဖြစ်စေ အမေရိကပြည်ထောင်စုသည်၎င်း-မည်သည့်နိုင်ငံတိုင်းတွင်မဆို ခိုးဝင်လာသော မည်သည့်လူမျိုးကိုမဆို နိုင်ငံသားအခွင့်အရေး-တိုင်းရင်းသားအခွင့်အရေးတို့ ကို လုံးဝ ခံစားပိုင်ခွင့်မပေးပေ ။ ဤသည်မှာ လူ့ အခွင့်အရေးကို ထိမ်းသိမ်းကာကွယ်ထားခြင်းဖြစ်ပါသည် ။ ဤသည်မှာ နိုင်ငံတခုချင်းစီ၏ အခွင့်အရေးကို ထိမ်းသိမ်းခြင်းဖြစ်ပါသည် ။ ဤသည်မှာ ကမ္ဘာတခုလုံး၌ နိုင်ငံတနိုင်ငံစီ၏ အချုပ်အခြာအာဏာပိုင် နယ်မြေတခုချင်းစီ၏ အခွင့်အရေးကို ကာကွယ်ထိမ်းသိမ်းခြင်းဖြစ်ပါသည် ။
 
 
From: ခိုင်အောင်ကျော် ( နယူးယောက် )

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>