
တိုင်ပတ်အက Pole Dance ဆိုတာ ဘာလဲဆိုတော့အကပညာနဲ့ ကျွမ်းဘား ပညာပေါင်းစပ် ထားတာဖြစ်ပါတယ်။ တချို့ကတော့ ဒါကို အနုပညာဆန်မှုလို့ မမြင်ကြဘဲ ပုရိသတွေကို လိင်ဖျော်ဖြေမှုတစ်ခုလို့ သာမြင်ကြပါတယ်။ တကယ်တော့ ဒါဟာ ကိုယ်ခန္ဓာ ပျော့ပြောင်းမှု၊
ဟန်ချက်နိုင်နင်းမှု၊ အနုပညာဆန်မှုစတဲ့ ပညာရပ်တွေ ကို ကျွမ်းကျင်ပိုင်ဆိုင်မှသာ ဖျော်ဖြေခွင့်ရတာပါ။ Anastasia Sokolova ကတော့ ပါရမီရှင် (Talent) ပြိုင်ပွဲ မှာ အဲဒီပညာရပ်တွေနဲ့ ပြည့်စုံစွာဖျော်ဖြေနိုင်ခဲ့ပါတယ်။ သူ့ရဲ ဖျော်မြေမှုကလည်း ဒိုင်လူကြီးတွေကို အံ့မခန်းဖြစ်သွားစေခဲ့တာပါ။ ဒါကြောင့်လည်း ကမ္ဘာ့အကောင်းဆုံး တိုင်ပတ်အကမယ် ပါရမီရှင် ဆုရှင်အဖြစ် တပြိုင်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။
ညကလပ်အများစုမှာ တွေ့ရတဲ့ ဒီအက ဟာ ပုရိသတွေရဲ့ အသည်းနှလုံးကို ပြောင်းပြန်လှန်ပစ်ပြီး
အသည်းခိုက်အောင် ဖြစ်စေတဲ့ အကလို့ ဆိုပါတယ်။ ပြောရရင်တော့ ပုရိသတို့ အကြိုက်ပေါ့။
www.mmdailystar.com