ဟိုးအရင်က ... မြန်မာနိုင်ငံသုံးနေတဲ့ ပိုက်ဆံတွေ ဝါဇီ ကနေ ထုတ်တယ်ဆိုတာပဲသိတယ် ။
ဝါဇီ ဆိုတာကို ဘယ်နားရှိမှန်းမသိဘူး ။ နောက် တော့ ကိုယ့် အင်တိတ်တူချင်းဂါဒီယမ်က ဝါဇီ က ဖြစ်နေတယ် ။ အဲဒီ ကျမှ ဝါဇီ ဘယ်နားရှိမှန်းသိတယ် ။
အိမ်ပြန်တဲ့ချိန် ကိုယ့်အိမ်လိုက်လည်ဖို့ ခေါ်တိုင်း လိုက်မလည်ဘူး ။ ဘာလို့လဲဆိုတော့ မင်းအိမ်သာ ငါလိုက်လည်လို့ရတာ ... ငါ့အိမ်ကျတော့ မင်း ခေါ်လို့ မရတော့ အားနာလို့တဲ့ ။
နောက် စစ်လက်ရုံးတွေလျှောက် တော့ ဆရာသမား က infantry လျှောက်တယ် ။ ကိုယ်ကလည်း မနေတတ် မထိုင်တတ်စပ်စပ်စုစု ... ဟ.. ဂါဒီရ ...မင်းအိမ်ကလည်းဝါဇီမှာရှိနေတာ ..
ကကနက် တို့ဘာတို့ လက်ရုံးလျှောက်ပြီး ဝါဇီမှာ ပြန်နေပေါ့ ... ဘာလို့ ခြေလျင်ခြေမြန် လျှောက် တာလဲ လို့ မေးမိတယ် ။ အဲဒီကျမှ ဆရာသမား က ပြောတယ် ။ "ကိုယ့်အိမ်ကို ဧည့်သည်လုပ်ပြန်ရတဲ့ နေရာ -ီး မှ မနေဘူးကွာတဲ့ ။ အဲဒီ feel ကို မင်းမသိဘူး ။
ငါ့ မိဘ အဲထဲကဝန်ထမ်းကွာ ..ငါကိုယ်တိုင် အဲဒီတပ်ထဲ မှာ မွေးတယ် ... အဲဒီ ထဲမှာကြီးတယ် ..ဒါပေမဲ့ ငါ ပြန်တိုင်း အဖေ ၊ အမေ့ အိမ် မအိပ်ရဘူး ။ နေ့ခင်း ဧည့်တွေ့ဆိုပြီး ကြိုတင်ရတယ်ကွာ .. ပြီးတော့ မှ နေ့ခင်း အဖေ ၊ အမေ့ အိမ် သွားပြီး ည ဘက် ကျောက်ပတောင်းတည်းခိုခန်းပြန်အိ ပ်ရတယ် ။ ပြီးတော့ အထပ်ထပ် အခါခါ အစစ်ကခံရသေးတယ် "တဲ့ ။ ဒီတပ် ထဲ က ဝန်ထမ်း ၊ ဒီမိသားစု က ပေါက်ဖွားတာ ၊ ကိုယ်တိုင်လည်း နိုင်ငံ့ ဝန်ထမ်း ၊ တိကျခိုင်မာ တဲ့ သက်သေ ထောက်ထားတွေ ရှိပေမဲ့လည်း မရပါဘူး ။ လုံခြုံရေးစည်းမျဉ်းစည်းကမ်းတို င်းသာသွားရပါတယ် ။
ဘယ်နိုင်ငံမှာဖြစ်ဖြစ် ကြီးကြပ်ကန့်သတ် နေရာတွေ ၊ ကြီးကြပ်ကန့်သတ် ပစ္စည်းဆိုတာတွေရှိတယ် ။ ဘယ်လို ဒီမိုကရေစီ နိုင်ငံ ပဲဖြစ်ဖြစ် အဲလို နေရာတွေ ကို ဘယ်လို အကြောင်းနဲ့ မှ လွယ်လွယ်ကူကူ ဝင်ခွင့်ပေးမထားတတ် ကြဘူး ။ ဒီနေရာတွေ ဟာ ကန့်သတ်နယ်မြေ ဆိုတာကိုလည်းကြေငြာထားတတ်ကြတယ် ။ ဥပဒေတွေ နဲ့ ပြဌာန်းထားကြတယ် ။ အဲဒီကြားထဲက ကျူးကျော်ဝင်ရောက်သူ ၊ ဖောက်ဖျက်ကျူးလွန်သူကိုလည်း ခွင့် မလွှတ်တတ်ကြဘူး ။
ကြီးကြပ်ကန့်သတ် နေရာတွေ ၊ ကြီးကြပ်ကန့်သတ်ပစ္စည်းတွေနဲ့ ပက်သက်ရင် ဒီအလုပ်ထဲမှာလုပ်နေတဲ့ စစ်သည်တွေ ၊ ဝန်ထမ်းတွေ က အစ ခွင့် မလွှတ်ကြပါဘူး ။
ဒီအလုပ်ထဲမှာ လုပ်နေသည့်တိုင် သိရမဲ့ လယ်ဗယ်တွေ ရှိတယ် ၊ မသိရမဲ့ လယ်ဗယ်တွေရှိတယ် ။
ယူနတီသတင်းထောက်တွေ ထောင်ဒဏ်၁၀ နှစ်ကျခံ ရတာနဲ့ ပက်သက်လို့ ပြစ်ဒဏ်ပြင်းထန်လွန်းတယ်လို့ ပါစင်နယ်ထင်မြင်မိတာ က တစ်ပိုင်းပါ ။ ဒါပေမဲ့ မီဒီယာတွေ အနေနဲ့ အစိုးရ နဲ့ တပ်မတော်က ပဲ မီဒီယာ ကို နှိပ်ကွပ်နေသယောင် ပုံဖော်နေကြတာ ဟာ လွဲမှားမှု ဖြစ်ပါတယ် ။ စစ်တပ်က မတရားထောင်ချတာ ၊ ပြည်သူတွေရဲ့သိပိုင်ခွင့် ကို ပိတ်ပင်တာ ဆိုတဲ့ စကားတွေဟာ ယုတ္တိ မဲ့ပါတယ် ။ သတင်းရေးလို့ တရားစွဲ ဆိုခံရတာ မဟုတ်ပါ ။ လုံခြုံရေးအရ ကန့်သတ်ထားတဲ့ နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်လို့ ၊ သတင်းအချက်လက် ရယူလို့ တရားစွဲဆို အပြစ်ပေးခံရတာဖြစ်ပါတယ် ။
မီဒီယာ လောကသားတွေ လည်း ပဲ နိုင်ငံသားတွေဖြစ်ပါတယ် ။ မည်သူမဆို လိုက်နာရမဲ့ ဥပဒေတွေ ကို ချွင်းချက် ပေးလို့ မရပါဘူး ။ နောက် မီဒီယာရဲ့ မကျေနပ်ချက်တွေကို သတင်းလုပ်ပြီး ရေးသားနေတာ ၊ ရောင်းစားနေတာ တွေ ၊ သတင်းမယူတာကို သတင်းလုပ်မယ်ဆိုတဲ့ အံ့သြဖွယ် ပရော်ဖက်ရှင်နယ်မဆန်တဲ့ ကြွေးကြော်ချက် တွေဟာ ...တနည်းအားဖြင့် အလွဲသုံးစား လုပ်နေတာ ပါ ပဲ ။ ပြည်သူတွေကို သတင်းပေးရ တဲ့ ကိုယ့် လုပ်ပိုင်ခွင့် ကို ကိုယ်ကျိုးစီးပွား အတွက် အသုံးချနေခြင်း ဖြစ်ပါတယ် ။ အာဏာ ပါဝါ ရှိ မှ အလွဲသုံး စား ၊ အဂတိလိုက် စား လို့ရတ်မထင်ပါနဲ့ ။ အပေါ် မှာ ပြောခဲ့ တဲ့ ကိစ္စတွေသည်လည်းပဲ အလွဲသုံးစားခြင်းတစ်မျိုးပါပဲ ။
နောက် အယ်ဒီတာ မင်းရဲ့ ခုသတင်းကြောင့် တပ်မတော် ဘာထိခိုက်သလဲ ၊ အစိုးရဘာနစ်နာသွားသလဲ ဆိုတဲ့ ဦးနှောက်မဲ့လွန်းတဲ့ မေးခွန်း ကို ကြားရတာ အတော် လေး အံ့အားသင်မိတယ် ။ စစ်ပွဲ တစ်ပွဲ ကို စတင် တိုက်ခိုက် တော့ မယ် ဆိုတာနဲ့ စစ်ရေး သုံးသပ်ချက် လုပ်ရတာ စစ်တပ်တိုင်းမှာ ဖြစ်ပါတယ် ။ အဲဒီ စစ်ရေးသုံးသပ်ချက်လုပ်တိုင်း အရင်ဆုံး စရတာသည် သတင်းစုဆောင်းမှု ဖြစ်ပါတယ် ။ အဲဒီ စစ်ရေးသတင်း ရရှိနိုင်ဖို့ အတွက် သူလျှိုတွေ လွှတ် ၊ နည်းပညာအင်အားတွေ သုံး ၊ လူအင်အား ၊ ငွေကြေးအင်အားတွေ မြောက်များစွာ သုံးပြီး ရယူကြရတာဖြစ်ပါတယ် ။ အခု သတင်းကြောင့် အနည်းဆုံးတော့ ပေါက်မြို့နယ် တွင်းမှာ မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးလက်နက် စက်ရုံတည်ရှိနေတယ်ဆိုတာ ကမ္ဘာက အတော်များများ သိသွားကြပါပြီ ။ စစ်သုံးမြေပုံတွေ ထုတ် ၊ စစ်သုံးဂြိုလ်တုတွေ ကနေ ကောင်းကင်ဓာတ်ပုံတွေ ထုတ် ခန့် မှန်းနေရာလေးတွေ မှတ်သား ။ မြေပုံညွှန်းတင် ။ ပစ် မှတ် မှတ်ပုံတင်ခြင်းတွေလုပ် ထားရုံလေးပါ ။
မြန်မာနိုင်ငံ နဲ့ စစ်ပွဲ ဖြစ်လာတာနဲ့ သွားတိုက်စရာလည်းမလိုတော့ပါ ၊ လေယာဉ်တွေ လွှတ်ပြီး ပစ်မှတ်ရှာဖို့လည်းမလိုပါ ၊ ကွန်ပြူတာ ကနေ အန်းတားထိုင်ခေါက်ရုံပါပဲ ။ ဘေးပတ်ပတ် လည် က တရုတ် ၊ အိန္ဒိယ ၊ ထိုင်း ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အားလုံး မြန်မာ တစ်ပြည်လုံးကိုဖြန့် ကျက် နိုင်တဲ့ ဒုံး စစ်စတမ် တွေ ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ် ။ သူတို့ မှာ လိုအပ်နေတာ အရေးကြီးနေရာ ပစ်မှတ်တွေကို မြေပုံညွှန်းပေးနိုင်ဖို့ သာ ဖြစ်ပါတယ် ။ ဒါဟာ တပ်မတော်နစ်နာ တာ မဟုတ်ပါဘူး ၊ အစိုးရကိုထိခိုက်တာ မဟုတ်ပါဘူး ။ မြန်မာတစ်မျိုးသားလုံးနစ်နာတာ ၊ ထိခိုက်တာဖြစ်ပါတယ် ။
From:ရုပ်ဆိုး ဝါဇီ ဆိုတာကို ဘယ်နားရှိမှန်းမသိဘူး ။ နောက် တော့ ကိုယ့် အင်တိတ်တူချင်းဂါဒီယမ်က ဝါဇီ က ဖြစ်နေတယ် ။ အဲဒီ ကျမှ ဝါဇီ ဘယ်နားရှိမှန်းသိတယ် ။
အိမ်ပြန်တဲ့ချိန် ကိုယ့်အိမ်လိုက်လည်ဖို့ ခေါ်တိုင်း လိုက်မလည်ဘူး ။ ဘာလို့လဲဆိုတော့ မင်းအိမ်သာ ငါလိုက်လည်လို့ရတာ ... ငါ့အိမ်ကျတော့ မင်း ခေါ်လို့ မရတော့ အားနာလို့တဲ့ ။
နောက် စစ်လက်ရုံးတွေလျှောက် တော့ ဆရာသမား က infantry လျှောက်တယ် ။ ကိုယ်ကလည်း မနေတတ် မထိုင်တတ်စပ်စပ်စုစု ... ဟ.. ဂါဒီရ ...မင်းအိမ်ကလည်းဝါဇီမှာရှိနေတာ
ကကနက် တို့ဘာတို့ လက်ရုံးလျှောက်ပြီး ဝါဇီမှာ ပြန်နေပေါ့ ... ဘာလို့ ခြေလျင်ခြေမြန် လျှောက် တာလဲ လို့ မေးမိတယ် ။ အဲဒီကျမှ ဆရာသမား က ပြောတယ် ။ "ကိုယ့်အိမ်ကို ဧည့်သည်လုပ်ပြန်ရတဲ့ နေရာ -ီး မှ မနေဘူးကွာတဲ့ ။ အဲဒီ feel ကို မင်းမသိဘူး ။
ငါ့ မိဘ အဲထဲကဝန်ထမ်းကွာ ..ငါကိုယ်တိုင် အဲဒီတပ်ထဲ မှာ မွေးတယ် ... အဲဒီ ထဲမှာကြီးတယ် ..ဒါပေမဲ့ ငါ ပြန်တိုင်း အဖေ ၊ အမေ့ အိမ် မအိပ်ရဘူး ။ နေ့ခင်း ဧည့်တွေ့ဆိုပြီး ကြိုတင်ရတယ်ကွာ .. ပြီးတော့ မှ နေ့ခင်း အဖေ ၊ အမေ့ အိမ် သွားပြီး ည ဘက် ကျောက်ပတောင်းတည်းခိုခန်းပြန်အိ
ဘယ်နိုင်ငံမှာဖြစ်ဖြစ် ကြီးကြပ်ကန့်သတ် နေရာတွေ ၊ ကြီးကြပ်ကန့်သတ် ပစ္စည်းဆိုတာတွေရှိတယ် ။ ဘယ်လို ဒီမိုကရေစီ နိုင်ငံ ပဲဖြစ်ဖြစ် အဲလို နေရာတွေ ကို ဘယ်လို အကြောင်းနဲ့ မှ လွယ်လွယ်ကူကူ ဝင်ခွင့်ပေးမထားတတ် ကြဘူး ။ ဒီနေရာတွေ ဟာ ကန့်သတ်နယ်မြေ ဆိုတာကိုလည်းကြေငြာထားတတ်ကြတယ် ။ ဥပဒေတွေ နဲ့ ပြဌာန်းထားကြတယ် ။ အဲဒီကြားထဲက ကျူးကျော်ဝင်ရောက်သူ ၊ ဖောက်ဖျက်ကျူးလွန်သူကိုလည်း ခွင့် မလွှတ်တတ်ကြဘူး ။
ကြီးကြပ်ကန့်သတ် နေရာတွေ ၊ ကြီးကြပ်ကန့်သတ်ပစ္စည်းတွေနဲ့ ပက်သက်ရင် ဒီအလုပ်ထဲမှာလုပ်နေတဲ့ စစ်သည်တွေ ၊ ဝန်ထမ်းတွေ က အစ ခွင့် မလွှတ်ကြပါဘူး ။
ဒီအလုပ်ထဲမှာ လုပ်နေသည့်တိုင် သိရမဲ့ လယ်ဗယ်တွေ ရှိတယ် ၊ မသိရမဲ့ လယ်ဗယ်တွေရှိတယ် ။
ယူနတီသတင်းထောက်တွေ ထောင်ဒဏ်၁၀ နှစ်ကျခံ ရတာနဲ့ ပက်သက်လို့ ပြစ်ဒဏ်ပြင်းထန်လွန်းတယ်လို့ ပါစင်နယ်ထင်မြင်မိတာ က တစ်ပိုင်းပါ ။ ဒါပေမဲ့ မီဒီယာတွေ အနေနဲ့ အစိုးရ နဲ့ တပ်မတော်က ပဲ မီဒီယာ ကို နှိပ်ကွပ်နေသယောင် ပုံဖော်နေကြတာ ဟာ လွဲမှားမှု ဖြစ်ပါတယ် ။ စစ်တပ်က မတရားထောင်ချတာ ၊ ပြည်သူတွေရဲ့သိပိုင်ခွင့် ကို ပိတ်ပင်တာ ဆိုတဲ့ စကားတွေဟာ ယုတ္တိ မဲ့ပါတယ် ။ သတင်းရေးလို့ တရားစွဲ ဆိုခံရတာ မဟုတ်ပါ ။ လုံခြုံရေးအရ ကန့်သတ်ထားတဲ့ နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်လို့ ၊ သတင်းအချက်လက် ရယူလို့ တရားစွဲဆို အပြစ်ပေးခံရတာဖြစ်ပါတယ် ။
မီဒီယာ လောကသားတွေ လည်း ပဲ နိုင်ငံသားတွေဖြစ်ပါတယ် ။ မည်သူမဆို လိုက်နာရမဲ့ ဥပဒေတွေ ကို ချွင်းချက် ပေးလို့ မရပါဘူး ။ နောက် မီဒီယာရဲ့ မကျေနပ်ချက်တွေကို သတင်းလုပ်ပြီး ရေးသားနေတာ ၊ ရောင်းစားနေတာ တွေ ၊ သတင်းမယူတာကို သတင်းလုပ်မယ်ဆိုတဲ့ အံ့သြဖွယ် ပရော်ဖက်ရှင်နယ်မဆန်တဲ့ ကြွေးကြော်ချက် တွေဟာ ...တနည်းအားဖြင့် အလွဲသုံးစား လုပ်နေတာ ပါ ပဲ ။ ပြည်သူတွေကို သတင်းပေးရ တဲ့ ကိုယ့် လုပ်ပိုင်ခွင့် ကို ကိုယ်ကျိုးစီးပွား အတွက် အသုံးချနေခြင်း ဖြစ်ပါတယ် ။ အာဏာ ပါဝါ ရှိ မှ အလွဲသုံး စား ၊ အဂတိလိုက် စား လို့ရတ်မထင်ပါနဲ့ ။ အပေါ် မှာ ပြောခဲ့ တဲ့ ကိစ္စတွေသည်လည်းပဲ အလွဲသုံးစားခြင်းတစ်မျိုးပါပဲ ။
နောက် အယ်ဒီတာ မင်းရဲ့ ခုသတင်းကြောင့် တပ်မတော် ဘာထိခိုက်သလဲ ၊ အစိုးရဘာနစ်နာသွားသလဲ ဆိုတဲ့ ဦးနှောက်မဲ့လွန်းတဲ့ မေးခွန်း ကို ကြားရတာ အတော် လေး အံ့အားသင်မိတယ် ။ စစ်ပွဲ တစ်ပွဲ ကို စတင် တိုက်ခိုက် တော့ မယ် ဆိုတာနဲ့ စစ်ရေး သုံးသပ်ချက် လုပ်ရတာ စစ်တပ်တိုင်းမှာ ဖြစ်ပါတယ် ။ အဲဒီ စစ်ရေးသုံးသပ်ချက်လုပ်တိုင်း အရင်ဆုံး စရတာသည် သတင်းစုဆောင်းမှု ဖြစ်ပါတယ် ။ အဲဒီ စစ်ရေးသတင်း ရရှိနိုင်ဖို့ အတွက် သူလျှိုတွေ လွှတ် ၊ နည်းပညာအင်အားတွေ သုံး ၊ လူအင်အား ၊ ငွေကြေးအင်အားတွေ မြောက်များစွာ သုံးပြီး ရယူကြရတာဖြစ်ပါတယ် ။ အခု သတင်းကြောင့် အနည်းဆုံးတော့ ပေါက်မြို့နယ် တွင်းမှာ မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးလက်နက် စက်ရုံတည်ရှိနေတယ်ဆိုတာ ကမ္ဘာက အတော်များများ သိသွားကြပါပြီ ။ စစ်သုံးမြေပုံတွေ ထုတ် ၊ စစ်သုံးဂြိုလ်တုတွေ ကနေ ကောင်းကင်ဓာတ်ပုံတွေ ထုတ် ခန့် မှန်းနေရာလေးတွေ မှတ်သား ။ မြေပုံညွှန်းတင် ။ ပစ် မှတ် မှတ်ပုံတင်ခြင်းတွေလုပ် ထားရုံလေးပါ ။
မြန်မာနိုင်ငံ နဲ့ စစ်ပွဲ ဖြစ်လာတာနဲ့ သွားတိုက်စရာလည်းမလိုတော့ပါ ၊ လေယာဉ်တွေ လွှတ်ပြီး ပစ်မှတ်ရှာဖို့လည်းမလိုပါ ၊ ကွန်ပြူတာ ကနေ အန်းတားထိုင်ခေါက်ရုံပါပဲ ။ ဘေးပတ်ပတ် လည် က တရုတ် ၊ အိန္ဒိယ ၊ ထိုင်း ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အားလုံး မြန်မာ တစ်ပြည်လုံးကိုဖြန့် ကျက် နိုင်တဲ့ ဒုံး စစ်စတမ် တွေ ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ် ။ သူတို့ မှာ လိုအပ်နေတာ အရေးကြီးနေရာ ပစ်မှတ်တွေကို မြေပုံညွှန်းပေးနိုင်ဖို့ သာ ဖြစ်ပါတယ် ။ ဒါဟာ တပ်မတော်နစ်နာ တာ မဟုတ်ပါဘူး ၊ အစိုးရကိုထိခိုက်တာ မဟုတ်ပါဘူး ။ မြန်မာတစ်မျိုးသားလုံးနစ်နာတာ ၊ ထိခိုက်တာဖြစ်ပါတယ် ။
www.mmdailystar.com