Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ယူနတီ ကိစ္စ နဲ့ ပတ်သက်လို့  …. ပြောနေကြသူများ ဒဲ့ရှင်းပြမည်.....

$
0
0
ယူနတီ ကိစ္စ နဲ့ ပတ်သက်လို့  ….
သတင်းထောက် နဲ့  အယ်ဒီတာတွေ …
ပြသနာ တက်သွားရတဲ့  အချက်တွေကို
ကျွန်တော် သေချာ စဉ်းစားကြည့်ပါတယ် …
တရားရုံးက သုံးသပ်တာ အချက် ၅ ချက် ဖြစ်ပါတယ် ….
နံပါတ် ၁ ။ သတင်းထောက် ကိုပိုင်သက်ကျော်ဟာ ….
တားမြစ်နယ်မြေ ဖြစ်တဲ့  …
အမှတ်(၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံ ....
နယ်မြေတွင်းကို ၀င်ရောက်ပြီး ….
စက်ရုံ အဆောက်အဦးတွေကို ဓာတ်ပုံရိုက်ခဲ့ပါတယ် …
နံပါတ် ၂ ။ သတင်းထောက် ကို ရာဇာဦးနှင့် ကိုစည်သူစိုးတို့ ဟာ …
တားမြစ်နယ်မြေ ဖြစ်တဲ့  …
စက်ရုံတွင်း တိတ်တဆိတ် ၀င်ရောက်ခဲ့ပြီး …
စက်ရုံတည်ဆောက်နေတဲ့  ....
ပန်းရံ နဲ့ ဆောက်လုပ်ရေး လုပ်သားများဆီက …
စက်ရုံ နဲ့ ပတ်သက်တဲ့  သတင်းတွေကို ရယူခဲ့ပါတယ် …
နံပါတ် ၃ ။ အထက်ပါ သတင်းထောက်သုံးဦးဟာ ….
ဓာတုလက်နက်စက်ရုံ ခေါင်းစဉ်ပါ ….
သတင်းဆောင်းပါးကို ရေးသားခဲ့ပါတယ် …
နံပါတ် ၄ ။ အယ်ဒီတာချုပ် ဦးတင့်ဆန်းဟာ …
အထက်ပါ သတင်းထောက်သုံးဦး စက်ရုံတွင်း ခိုးဝင်တာ …
ဓာတ်ပုံရိုက်တာတွေ အားလုံးသိပါတယ် …
ဆောင်းပါးကို ဂျာနယ်မှာ ဖော်ပြဖို့  လက်မှတ်ထိုးပြီး ….
အယ်ဒီတာထံ ဆက်လက် ပေးပို့ ခဲ့ပါတယ် …
နံပါတ် ၅ ။ ကိုလူမော်နိုင်ဟာ ….
အထက်ပါ သတင်းထောက်သုံးဦး ...
စက်ရုံတွင်း ခိုးဝင်တာ …
ဓာတ်ပုံရိုက်တာတွေ အားလုံးသိပါတယ် …
ဆောင်းပါးကို ဆက်လက်ဖော်ပြဖို့  စီစဉ်ဆောင်ရွက်ခဲ့ပါတယ် …
ဒီ အချက် ၅ ချက်လုံးကို ….
ဦးတင်ဆန်းနဲ့ သတင်းထောက် ၄ဦးစလုံးကလဲ …
မှန်ကန်ကြောင်း ထွက်ဆိုထားတယ်လို့  သိရပါတယ် …
လုံခြုံရေးနှင့် ဆိုင်သော နေရာကို ....
ကျူးကျော်ဝင်ရောက်ခြင်း ဖြစ်တာရယ် …
ကာကွယ်ရေး ပစ္စည်းစက်ရုံ ဖြစ်နေတာရယ်ကြောင့် ….
သာမန် ပိုင်နက်ကျူးလွန်မှု နဲ့  တရားမစွဲဘဲ ….
၁၉၂၃ မြန်မာနိုင်ငံ လျှို့ ဝှက်ချက် အက်ဥပဒေ ….
ပုဒ်မ ၃ ၊ ပုဒ်မ ၉ တို့ နဲ့  …
ပြည်ထဲရေးက အမှုဖွင့်ပြီး တရားရုံးကို တင်ပို့ ပါတယ် …
ပုဒ်မ ၃ က တားမြစ်နေရာကို ကျူးကျော်ဝင်ရောက် …
ဓာတ်ပုံ မြေပုံ အမှတ်အသား ပြုလုပ်တာ ဖြစ်ပြီး …
ပုဒ်မ ၉ ကတော့ ….
အဲလို လုပ်တဲ့သူကို အားပေးကူညီတဲ့  သူဟာ …
ကိုယ်တိုင် လုပ်ဆောင်သကဲ့ သို့ ဖြစ်တယ် ဆိုတဲ့  …
ပုဒ်မ ဖြစ်ပါတယ် ….
ဦးတင့်ဆန်းတို့  ဘက်က ရှေ့ နေကတော့…
သူ့ အမှုသည်တွေ ရေးသားခဲ့တဲ့ သတင်းဟာ …
အချင်းဖြစ်တဲ့ နေရာက ....
ဒေသခံများ ပြောကြားချက် အရသာ ….
ရေးသားခဲ့ခြင်းဖြစ်ပြီး ….
တိကျ မှန်ကန်မှု မရှိဘူး …
လျှို့ ဝှက်ချက်လဲ မဟုတ်ဘူး …
ဒါကြောင့် သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (က) အရပဲ ….
တရားစွဲဆို ပြစ်ဒဏ်ချမှတ်သင့်ကြောင်း ….
လျှောက်ထားခဲ့ပါတယ် …
ပြသနာက …
သတင်းမီဒီယာ ဥပဒေက …
၁၄.၃.၂၀၁၄ မှ ထုတ်ပြန်တာ ဖြစ်ပြီး …
သတင်းထောက်တွေ စက်ရုံတွင်း ခိုးဝင်တာက …
၂၅.၁.၂၀၁၄ ရက်နေ့ ဖြစ်နေလို့  …
တရားရုံးက လက်မခံခဲ့ပါဘူး …
အဲဒီမှာ ….
မြန်မာနိုင်ငံ လျှို့ ဝှက်ချက် အက်ဥပဒေနဲ့ ပဲ …
တရားစွဲ ခံ ရပါတော့တယ် ….
ပုဒ်မက ကြီးနေတော့ …
ပြစ်ဒဏ်ကလဲ အတော်ကြီးသွားခဲ့ပါတယ် …
ဘယ်ဘက်မှ ဘက်မလိုက်ဘဲ သုံးသပ်ရရင် …
နံပါတ် ၁ ။ သတင်းထောက်တွေဟာ …
တားမြစ်နယ်မြေထဲကို ….
ရည်ရွယ်ချက် ရှိရှိ နဲ့  ၀င်သွားခဲ့တာ …
ထင်ရှား ပေါ်လွင်ပါတယ် …
ဒီအတွက် အပြစ်ရှိပါတယ် …
( မရှိဘူး ပြောနေတဲ့ သူတွေ ….
ကိုယ့်အိမ်ဝင်းထဲ ခိုးဝင်ပြီး ….
သူများက ဓာတ်ပုံလာ ရိုက်တာကို ….
ခွင့်ပြုနိုင် မပြုနိုင် ….
သေချာ ပြန်စဉ်းစား ကြည့်စေချင်ပါတယ် … )
နံပါတ် ၂ ။ ထောင်ဒဏ် ၁၀ နှစ်ကတော့ ….
များတယ်လို့ ထင်မိပါတယ် …
ဘာလို့ လဲဆိုတော့ ….
သူလျှို လုပ်ဖို့ ရည်ရွယ်ချက် နဲ့  ….
တမင် ၀င်ရောက်တာ မဟုတ်ဘူး လို့  ယူဆလို့ ပါ ….
မသိနားမလည်တာ ...
(ဒါတော့ သိပ်မထင်ပါဘူး )
ဒါမှမဟုတ် ....
ဂျာနယ်ကို နာမည်ကြီးစေချင်တာ ….
အဲလိုကြောင့် လို့ ပဲ ထင်ပါတယ် …
နံပါတ် ၃ ။ ပြစ်ဒဏ် နဲ့ ပတ်သက်လို့  …
အခုမှ ခရိုင်တရားရုံး အဆင့်ပဲ ရှိပါသေးတယ် …
တိုင်းအဆင့် နဲ့ တရားလွှတ်တော်ချုပ် အဆင့်အထိ …
အဆင့်ဆင့် အယူခံဝင်လို့ ရပါသေးတယ် …
အကောင်းဆုံး ရှေ့ နေတွေ နဲ့  လျှောက်လဲချက်ပေးပြီး …
ပြစ်ဒဏ်ကို လျှော့ပေါ့အောင် လုပ်ဖို့  ….
အခွင့်အလမ်းတွေ အများကြီး ရှိနေပါသေးတယ် …
ဒါကို ဇောင်းပေး လုပ်စေချင်ပါတယ် ….
နံပါတ် ၄ ။ မီဒီယာတွေကို ….
အစိုးရက ဖိနှိပ်တယ်ဆိုတာကတော့ …
လိုရာဆွဲပြောတယ် လို့ ပဲ ယူဆပါတယ် ….
သမ္မတ ပုံကို …
ဇာတ်မင်းသားလို လုပ်ပြီး သရော်တဲ့  ဂျာနယ်တောင် …
ဘာမှ အရေးယူခံရတယ် လို့ မကြားမိပါဘူး ….
အခုလဲ ဂျာနယ်တွေမှာ …
အစိုးရ တစ်ဖွဲ့ လုံးကို ....
ငါ ကိုင်မတုပ်ရုံ တမယ် ရေးနေတာပါပဲ …
အစိုးရက ဘာများ တားဆီးနေလို့ ပါလဲ …
ထုတ်တင်စနစ် နဲ့ …
ဟုတ်တာရော မဟုတ်တာတွေရော ….
ကိုယ်ရေးချင်ရာ ရေးပြီး …
ကိုယ်ထုတ်ချင်ရာ ထုတ်နေကြတာပါပဲ မဟုတ်ပါလား…
ဘယ်သူ့ ကိုများ ဘာများ ခွင့်တောင်းနေရလို့ ပါလဲ …
န့ပါတ် ၅ ။ ဆန္ဒပြတာက လူတိုင်း ပြခွင့်ရှိပါတယ် ….
ဒါပေမယ့် .....
သူ တို့ လူကို ထိလို့  ....
တရားစီရင်ရေး မဏ္ဍိုင်ကို …
ဇွတ်အတင်း လာ ဖိအားပေးနေတယ် ….
ဆိုတဲ့  အမြင်မျိုး ….
အနေအထားမျိုးတော့ …
ရောက်မသွားဖို့ လိုပါလိမ့်မယ် …
တစ်ခါတစ်လေမှာ …
ပေါ့စေလိုလို့  ကြောင်ရုပ်ထိုးတာ …
ဆေးကြောင့် လေးသွားတတ်စေပါတယ် ….
ဒီလောက်ပါပဲ …. ။ ။
From: ( ရဲမိုး )

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>