Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပဲခူးတိုင်းဒေသကြီး အုတ်ဖို၊ နတ်တလင်း၊ သဲကုန်း၊ ဇီးကုန်းမြို့နယ်တို့၌ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွား

$
0
0




ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်၊ နတ်တလင်းမြို့နယ်၊ သဲကုန်းမြို့နယ်နှင့် ဇီးကုန်းမြို့နယ်တို့၌ ဆူပူအကြမ်း ဖက်လိုသူများက ဘာသာရေး အဆောက်အအုံများ၊ ဈေးဆိုင်များ၊ လူနေအိမ်များအား ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ဝင်ရောက်ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် တာဝန်ရှိသူများက ထပ်မံမဖြစ် ပွားစေရေး လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း မသင်္ကာသူအချို့အား ခေါ်ယူထိန်းသိမ်း စစ်ဆေးလျက် ရှိကြောင်း သိ ရသည်။ အုတ်ဖိုမြို့နယ်၌ မတ် ၂၆ ရက် မွန်းလွဲပိုင်းတွင် လူအုပ်စုများက ဘာသာရေး အဆောက် အအုံ၊ ဈေးဆိုင်၊ နေအိမ်အချို့အား ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသဖြင့် လုံခြုံရေးအ ဖွဲ့က သေနတ် ပစ်ဖောက် လူစုခွဲခဲ့ရကြောင်း သိရသည်။ 

ထို့ပြင် နတ်တလင်းမြို့နယ်၌ မတ် ၂၆ ရက် ညပိုင်းမှ စတင်၍ လူအုပ်စုများက ဘာသာရေး အဆောက် အအုံအား ဖျက်ဆီးခြင်း၊ ဈေးဆိုင်များ ဖျက်ဆီးခြင်း၊ နေအိမ်များ ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ သာယာဝတီခရိုင် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရကြောင်း၊ ယင်းဖြစ်စဉ် တွင် နေအိမ် ရှစ်လုံး၊ ဆိုင်ခန်း ၁၂ ခန်း၊ ဘာသာရေး အဆောက်အအုံ တစ်လုံး ပျက်စီးခဲ့ကြောင်း၊ မတ် ၂၇ ရက်နေ့ ညနေ ၅ နာရီတွင် နတ်တလင်းမြို့၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း သိရသည်။ အလားတူ သဲကုန်းမြို့နယ် အင်းမကျေးရွာအုပ်စု၌ မတ် ၂၇ ရက် နံနက်ပိုင်းတွင် လူအုပ်စုတစ်စုက ဘာသာရေး အဆောက် အအုံ တစ်လုံအား လေးခွများဖြင့် လာရောက် ပစ်ခတ်ခဲ့ကြသဖြင့် သဲကုန်းရဲစခန်းမှ တပ်ဖွဲ့ဝင် များ က လူစုခွဲခဲ့ရကြောင်း၊ ယခုအခါ လုံခြုံရေး ဆောင်ရွက်ထားမှုကြောင့် ဆူပူဖျက်ဆီးမှုများ ထပ်မံဖြစ် ပွားခြင်း မရှိကြောင်း သိရသည်။

 ထို့အတူ ဇီးကုန်းမြို့နယ်၌ မတ် ၂၇ ရက် နံနက်ပိုင်းတွင် လူအုပ်စုဖြင့် လူနေအိမ်များအား ခဲဖြင့် ပစ်ပေါက်ခြင်း၊ ဘာသာရေး အဆောက်အအုံအား ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် များက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်တွင် နေအိမ် ၁၄ လုံး၊ ဘာသာရေး အဆောက် အအုံ တစ်လုံးတို့ ပျက်စီးခဲ့ကြောင်း၊ ဇီးကုန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် မသင်္ကာသူ ၁၀ ဦးအား ခေါ်ယူထိန်းသိမ်း စစ်ဆေးလျက်ရှိကြောင်း၊ မတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီတွင် ဇီးကုန်းမြို့ နယ်၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း သိရှိရသည်။ 

 ပဲခူးတိုင်းဒေသကြီးအတွင်း ဆူပူ အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှ၊ ဇီးကုန်းနှင့် နတ်တလင်း မြို့နယ်တို့၌ ပုဒ်မ ၁၄၄ တားမြစ်မိန့် ထုတ်ပြန်ထားပြီး တည်ငြိမ်အေး ချမ်းမှု ရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များက ပြည်သူ လူထုနှင့်အ တူ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ပဋိပက္ခများ ကျယ်ပြန့်မ လာစေရေး အတွက် ပြည် သူတစ်ရပ်လုံး က အသိစိတ်ဓါတ်ရှိရှိဖြင့် နိုင်ငံတော် အစိုးရနှင့်အတူ လက်တွဲ ပူးပေါင်း ဆောင် ရွက်ကြစေ လိုကြောင်းဖြင့် သက်ဆိုင်ရာက အသိပေးထားကြောင်း သတင်းရရှိ သည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖော်ပြထားပါသည်။ 
From:ခေတ်သတင်း

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>