Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ယူနတီ ဂျာနယ်သတင်းထောက်များ ထောင်ဒဏ် (၁၀) ချမှတ်ခြင်းသည် မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း ကျွမ်းကျင်သူများ သုံးသပ်

$
0
0




 ယူနတီသတင်းဂျာနယ်မှ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်း နှင့် သတင်းထောက်များဖြစ်သည့် ကိုပိုင်သက်ကျော်၊ ကိုစည်သူစိုးနှင့် ကိုရာဇာဦးတို့ လေးဦးကို ၃/၁(က)၊ ၃/၁(က)၉ တို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝနှစ်စီ အသီးသီး ချမှတ်လိုက်ခြင်းမှာ မှန်ကန်သော လုပ်ဆောင်မှု ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။

ယူနတီဂျာနယ်မှ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံကို ခိုးဝင်ဓာတ်ပုံရိုက်ကာ လျှို့ဝှက်ဓာတုစက်ရုံဟူ၍ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်ထုတ် အတွဲ(၃) အမှတ်(၄) တွင် ဖော်ပြခဲ့တာကြောင့် သတင်းရေးသားသည့် သတင်းထောက်လေးဦးနှင့် အမှုဆောင်အရာရှိချုပ်ကို တရားစွဲဆို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။

ယူနတီ ဂျာနယ်မှ သတင်းထောက်လေးဦးနှင့် အမှုဆောင်အရာရှိချုပ်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝနှစ်စီ ပခုက္ကူမြို့နယ် တရားရုံးက ဇူလိုင်လ ၁ဝရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ မှန်ကန်သောလုပ်ဆောင်မှုဖြစ်ပြီး အနောက်နိုင်ငံတွေမှာ ဒီထက်ဆိုးကြောင်းကို အမေရိကန်ရောက် ဝါရင့်သတင်းစာဆရာတစ်ဦးက အခုလိုပြောခဲ့ပါတယ်။
“ဥပဒေကြောင်းအရ ပြောရရင်တော့ အစိုးရဖက်က တော်တော်လေးလျှော့လျှော့ပေါ့ပေါ့ လုပ်သွားတယ်လို့ ပြောလို့ရပါတယ်.. ဒါက မှန်ကန်တဲ့ လုပ်ရပ်ပါ.. ဒီနိုင်ငံ (အမေရိကန်) မှာတောင် မနစ်က သြဂုတ်လကပဲ လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ Bradley Manning ထောင် ၃၅ နှစ်ချလိုက်တယ် မဟုတ်လား..” လို့ ဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီအမတ် ဦးလှဆွေကလည်း တခြားနိုင်ငံတွေမှာ ဆိုရင်ဒီ လိုမျိုး အမှုက သေဒဏ်တောင်ပေးနိုင်ကြောင်း၊ ဘယ်နိုင်ငံ ကမှ လက်ခံမှာမဟုတ်ကြောင်း၊ မြန်မာနိုင်ငံက ဓာတု လက်နက်ကင်းစင်တယ်လို့ ပြောထားချိန်မှာ ဓာတုလက်နက်ထုတ်တယ်ဆိုပြီး ရေးသားခြင်းက လုံးဝ မဖြစ်သင့်ကြောင်း ပြောဆိုပါထားတယ်။

 ရန်ကုန်မြို့မှ ရှေ့နေတစ်ဦးကလည်း “ယူနတ်ီသတင်းထောက်တွေက လျှို့ဝှက်ချက် ဖော်ထုတ်တာမဟုတ်ပဲ သတင်းရေးတာပါလို့သာ ပြောတယ်.. သူတို့သတင်းက ပြည်သူအတွက်လည်း အကျိုးမရှိ၊ နိုင်ငံအတွက်လည်း အကျိုးမရှိတဲ့ အပြင်  ပြည်သူတွေ ချွေးနည်းစာနဲ့ တည်ဆောက်ထားတဲ့ တန်ဖိုးကြီး ကာကွယ်ရေးစက်ရုံတခု ကို လုံခြုံရေးကျိုးပေါက်အောင် သက်သက် ဖန်တီးခဲ့သလိုဖြစ်နေတယ်.. ဒီတော့ ဒေသတွင်း နိုင်ငံတွေနဲ့ မြန်မာနိုင်ငံကို မျက်စိကျနေတဲ့ ဘင်္ဂလားတို့ ယိုးဒယားတို့က စစ်ထောက်လှမ်းရေးတွေ အတွက်တော့ ဒီသတင်းက အကျိုးရှိသွားတယ်… အခုဆို လျှို့ဝှက်ထားတဲ့ စက်ရုံက ဖောက်ခွဲရေးသမားတွေရဲ့ ပစ်မှတ်တောင်ဖြစ်နေလောက်ပြီ.. လူထုအတွက်လည်း အန္ဒရာယ်များတယ်..”  လို့ ဆိုပါတယ်။

မီဒီယာလွတ်လပ်ခွင့်အပြည့်အဝရရှိထားသော အမေရိကန်ပြည်ထောင်စုတွင် လျှို့ဝှက်ချက်များ ဖော်ထုတ် ခဲ့သူ Bradley Manning အား မယ်ရီလန်းပြည်နယ်၊ Fort Meade စစ်အခြေစိုက်စခန်းတွင်း  တရားရုံးမှ ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခဲ့ပါတယ်။ Manning ဟာ ထောင်ဒဏ် ၁၃၆ နှစ်ထိ ကျခံရဖွယ်ရှိတယ်လို့ အစောပိုင်းက သတင်းတွေ ထွက်ထားခဲ့ပေမယ့် မီဒီယာ အခွင့်အရေးသမားတွေ ပြောဆိုမှုကို ရှောင်ရှားဖို့အတွက် ထောင်ဒဏ် ၃၅ နှစ် ချမှတ်လိုက်ခြင်းဖြစ်ပါတယ်။ 
 
From: https://www.facebook.com/MyanmarMediaWatch
ME

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>