အသက် ၄၅ နှစ် အရွယ် အမျိုးသမီးတစ်ဦးမှသူမ၏ လင်ယောက်ျား၊ ၎င်းလင်ယောက်ျား၏
မိတ်ဆွေများ နှင့်သူမ၏ လင်ပါသားများအပါအဝင် လူ ၁၂ ယောက်အား အုပ်စုလိုက်
မုဒိမ်းကျင့်မှု၊ လိမ်လည်လှည့်ဖျားမှု၊ ကိုယ်ကာယပိုင်းဆိုင်ရာ တိုက်ခိုက်စော်ကားမှုများနှင့် စိတ်ဓာတ်ရေးရာအရ ဒဏ်ရာရစေမှုများဖြင့် အမှုဖွင့်ထားသည်။ ဒင်ဒိုရှီ ရဲစခန်းတွင် ဖွင့်ထားသော တိုင်တန်းချက်၌ အမျိုးသမီး နှစ်ရှည်လများ ကြုံတွေ့ခံစားခဲ့ရသော မုဒိမ်းမှုများ၊ ညှင်းပန်းနှိပ်စက်ခံရမှုများ ပါဝင်သည်။
အမျိုးသမီးသည် သူမ၏ ပထမအိမ်ထောင်နှင့် ၂၀၀၄ ခုနှစ်၌ ပြတ်စဲခဲ့သည်။ ထို့နောက် မိုဟာမက် အစ္စလာမ် ခန်း (ထိုအမှု၌ အဓိက စွပ်စွဲခံရသူ) ဆိုသူ နှင့် ဆုံတွေ့ခဲ့ကြသည်။ အစ္စလာမ် ခန်းမှ ၎င်းသည် ဘာသာရေးအလွန်ကြည်ညိုသော သူတစ်ယောက် ဖြစ်ကြောင်းနှင့် ၎င်းမှ သူမအား ပျော်ရွှင်အောင်ထားမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။
နှစ်ဦးသား လက်ထပ်ခဲ့ကြပြီးနောက် ဆန်တာခရုဇ်ရှိ တိုက်ခန်းတစ်ခန်း၌ နေထိုင်ခဲ့ကြသည်။ ထို့နောက်တွင် ခန်း၏ဇာတိ ဥူတာပရာဒက်ရှ်ပြည်နယ်၊ မူရာဒါဘတ်သို့ ပြောင်းရွှေ့ခဲ့ကြသည်။ ထိုသို့ရောက်သောအခါမှ ခန်းသည် သူမနှင့် မရခင်ကတည်းက အိမ်ထောင်ရှိပြီးသားဆိုသည်ကို သူမသိလိုက်ရသည်။
ခန်း၏ မူလအိမ်ထောင် မိသားစုများက သူမကို အခန်းတွင်း၌ ပိတ်လှောင်ထားကြသည်။ အမျိုးမျိုး အကြိမ်ကြိမ် အထပ်ထပ် နှိပ်စက်ကြသည်။ လင်ပါသားတစ်ယောက်ဖြစ်သူ အမ်မီယာဆိုသူကလည်း သူမကို အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ အမျိုးသမီးသည် မူရာဒါဘတ်မှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ဒင်ဒိုရှီရှိ သူမ၏ မိခင်အိမ်၌ နေထိုင်ခဲ့သည်။
တစ်နေ့တွင် သူမတစ်ဦးတည်းအိမ်၌ရှိနေစဉ် ခန်းနှင့် ၎င်း၏မိတ်ဆွေနှစ်ဦးတို့သည် သူမတို့တံခါးကို ချိုးဖျက်ကာ အိမ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ထိုသူသုံးယောက်မှ သူမအား တစ်လှည့်စီ မုဒိမ်းကျင့်ခဲ့ကြသည်။
ထိုသို့သော ထပ်ကာထပ်ကာ အကြမ်းဖက်အနိုင်ကျင့်စော်ကားမှုများကို သည်းမခံနိုင်တော့သဖြင့် အမျိုးသမီးမှ သူမ၏ ရှေ့နေနှင့် တိုင်ပင်ကာ သူမ၏ ယောက်ျား မိုဟာမက် အစ္စလာမ် ခန်း၊ ခန်း၏ မယားကြီးမှ မွေးသော လင်ပါသားများ နှင့် သူမယောက်ျား၏ မိတ်ဆွေများအား အမှုဖွင့်တိုင်တန်းလိုက်ခြင်း ဖြစ်သည်။
ကျွန်တော်တို့ ဒီအမှုကို ရဲအရေးပိုင်သောအမှု ပုဒ်မ ၃၇၆၊ ၄၂၀၊ ၄၉၈၊ ၃၂၃၊ ၅၀၆ တို့နှင့် အမှုဖွင့်ထားပါတယ်။ ဘယ်သူ့ကိုမှတော့ ဖမ်းဆီးခြင်း မပြုသေးပါဘူး။ အမှုကို စိစစ်နေတုန်းပဲ ရှိပါသေးတယ်။” ဟု ဒင်ဒိုရှီ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
From: shwemyanmarmediagroupမိတ်ဆွေများ နှင့်သူမ၏ လင်ပါသားများအပါအဝင် လူ ၁၂ ယောက်အား အုပ်စုလိုက်

www.mmdailystar.com