မြန်မာနိုင်ငံ သတင်းစာ မီဒီယာသည် မင်းတုန်းမင်းလက်ထက်မှ စတင်ခဲ့သည် ဟုယူဆနိုင်ပါသည်
မြန်မာနိုင်ငံ၏သတင်းစာ ကို မင်းတုန်းမင်းမှ စတင် ၍ ငါမကောင်းလျှင်ငါ့ကိုရေး ငါ့မိသားစုမကောင်းလျှင် ငါ့မိသားစုကိုရေးဟူ၍ ရဲ့ဝံ့စေခဲပါသည်
မြန်မာ့သတင်းစာ ကဏ္ဍကို ကိုလိုနီခောတ်အထိ ပြည်သူများ ယုံကြည်ကိုးစားခဲ့ကြပါသည်
သူ့ကျွန်ဘဝရောက် သည့်တိုင် အောင် သတင်းစာ မီဒီယာ များသည် ပြည်သူများအတွက် ခွန်အား မီးအိမ်ဖြစ်ခဲ့သည် ခွေးသရမ်းကြီးလွတ်နေသည် မြင်းခွာတစ်ချက်ပေါက် မီးဟုန်းဟုန်းတောက် သူ့ကျွန်မခံ စသော ဆောင်ပါးများသည် ပြည်သူများကို သတ္တိများပေးခဲ့ကြသည်
ထို ပြည်သူများလက်ခံ လေးစားသော ဆောင်းပါးများကို ကြည့်လျှင် ရေးသားသူ ဂျာနယ် သတင်းစာ စသည်ထက် ဝံသာနုမျိုးချစ်စိတ် ကို အခြေခံသော ဆောင်းပါးများကိုပို၍ သဘောကျလက်ခံ ခဲ့ကြသည်
လွတ်လပ်ရေးရပြီးနောက် ရောင်စုံ သပုန်များ ထကြွလာချိန်တွင် သတင်းစာ များ စတင် ယိုယွင်းကာ ပြည်သူများယုံ ကြည်မှုကင်းမဲ့လာကြသည်။ မဆလ ခောတ် ဦးနေဝင်း အစိုးရမှ စတင်၍ ကလောင်တံများသည် ကျဉ်ဆံ ကို မတွန်းလှန်ဝံ့ပဲ ကျဉ်ဆံ များအလိုကျ ကလောင်ချကြသည်
ထိုအချိန်မှ စတင်၍ ပြည်သူများသည် ပြည်တွင်းမီဒီယာ ကို ယုံကြည်မှု လုံးဝနည်းပါးပျောက်ကွယ်သွားကြကာ ပြည်ပမီဒီယာ ကို အလေးထားလာကြသည်ပြည်ပမီဒီယာ သည် လွတ်လပ်စွာ စစ်အစိုးရ ကို ဝေဖန် သောကြောင့်ဖြစ်သည်
တဖန် ယခုအခါ မီဒီယာများ လွတ်လပ်ခွင့်ရလာသော အခါ တွင်လည်း မီဒီယာ များသည် ပြောင်းလဲ သယောင် ဖြစ်ခဲ့သော်လည်းလက်တွေ့တွင် ဦးတည်ချက်မှလွဲ၍ စိတ်ဓါတ်များသည် မပြောင်းလဲခဲ့ပါ
ပြည်ပမီဒီယာများသည် အစိုးရကောင်းသည်ဖြစ်စေ ဆိုးသည် ဖြစ်စေ အစိုးမြင် ဘက် က တိုက်ခိုက်လျက် ရှိမြဲပြည်တွင်း မီဒီယာများသည်လည်း အစိုးရဘက်မှ ရေးသားလာသော သတင်းဂျာနဟ်များရော အသစ်ထွက်သည့် သတင်းဂျာနယ်များက ပါ အစိုးရကို ဝေဖန် လျက် ရှိပြန် သည်
ပြည်သူများဆန္ဒလို လို ဖြင့် လက်တွေ့ တွင် တစ်စုံ တစ်ဦးဘက်မှ ရပ်တည်ခဲ့သည်
ရခိုင် အထိကရုဏ်းပြီးနောက် သတင်းဂျာနယ်များကို ရခိုင်ပြည်သူများမယုံကြည်တော့မိတ္ထီလာ မရေးအခင်းပြီးနောက် မီတ္ထီလာသားများသည် အလိုအလျောက် အကြမ်းဖက် သမားများ အဖြစ် သတ်မှတ်ခံရသည်ယခု မန္တလေး အရေး အခင်းတွင်လည်း ထိုနည်းလည်းကောင်းးထိုအရာ ကိုကြည့်လျှင် မီဒီယာ ကဏ္ဍသည် ပြည်သူများဘက်၌ မရှိခဲ့သည်ကိုတွေ့ရမည်
မန္တလေး အရေးအခင်း ကို ကြည့်လျှင် သိန်းချီသော သူများသည် ပြည်သူများဖြစ်သည်ဘယ်ပါတီက ဘယ်သူလှည့်ကွတ် ဟုပြောနေမည့် အစား ပြည်သူကို ပြည်သူဟူ၍ မြင်အောင် ကြည့်တတ်သင့်သည်သိန်းချီသော သူများသည် အားအားယားယား ဒေါသထွက်ကြသည်မဟုတ် ထိုင်နေရင်း ဒေါသထွက်နေကြသည် မဟုတ်ဗုဒ္ဓအဆုံအမ အရ အကြောင်းရှိ၍ အကျိုးပေါ်လာခြင်းဖြစ်သည် ထို အကျိုးကို အပြစ်မြင်နေမည့်အစား အကြောင်းကို တိတိကျကျ မစုံးစမ်းပဲ ငွေမျက်နှာ ကြည့်ပြီး လှည့်ကွက်ပါဟုပြောနေမည့်အစား တိတိကျကျလေ့လာပြီး မှန်မှန်ကန်ကန်ရေးသင့်ပါသည်
သတင်းတင်လျှင် ဘက်တစ်ဘက်တည်းကထက် နှစ်ဖက်မျှမျှတတ ကြည့်သင့်ပါသည်မန္တလေးကိစ္စတွင် မည်သည့်သတင်းဌာနကမျှ မြန်မာလူမျိုးအသက်ခံ ရသည်ကိုမဖေါ်ပြသလို ဗလီထဲ လက်နတ်တွေ့ ရှိမှု မွတ်ဆခင်များ လက်နတ် ကိုင် ပုံတိုကို မတွေ့ရပဲ မြန်မာ များကိုသာ အကြမ်းဖက်သမားများထင်လာအောင် တင်ပြခဲ့ကြသည်မြန်မာ ကို ရိုင်းစိုင်းကြမ်းတမ်းသော လူမျိုးများအဖြစ် ကမ္ဘာကမြင်လာအောင်ပုံသွင်းနေကြသည်
ဘက် တစ်ဖက်ထဲ လိုက်မည့်အစား ဖို့တစ်ဖို့ထဲ ကြည့်မည့် အစား မျှမျှတတ တင်ပြသင့်ပါသည်
ကျနော်သိသလောက် ပြောရလျှင် ကျူးကျော်များကို ဖိနှိပ်ခံ ပြည်သူများဟု ခေါင်းစဉ်တပ်ကြပါသည်သို့သော် ကျနော် တို့အနား၌ ကျူးကျော် ကိစ္စများ ဖြစ်နေသောကြောင့် ကိုယ်တိုင်သိပါသည်ကျူးကျော် သူများ၌ အမှန်တကယ်ပိုင်ရှင်များသည် မပါသလောက်နည်းပါးပြီး အခွင့်အရေးအရကျူးကာ ပြန်ရောင်းစားကြပါသည် အုပ်စုဖွဲ့ကာ ဓါးပြ များနီးနီး ဖြစ်နေကြပါသည်ဟိုနေရာ ကျူးလည်း ဒီလူ နောက်တစ်နေရာ လည်း ဒီလူတွေ ဖြစ်ပါသည်ပါတီအချို့၏ခေါင်းဆောင်များဟု ပြောနေပါသည်ထိုလူမျိုးကို ပြည်သူဟု ခေါင်းစဉ်တပ်ပါသည်ဒါကျနော့် လက်တွေ့ ပင်
ယခု မန္တလေး ကိစ္စ သိန်းချီသော ပြည်သူများကို အမျိုးအမည် မသိ ဟုခေါင်းစဉ်တပ်ကာ အကြမ်းဖက်သမားဟုစွတ်စွဲကြပါသဘ်
မျှတပါလား စဉ်းစားစရာပင်
အားလုံးခြုံငုံပြောရလျှင် မြန်မာ့ မီဒီယာသည် ဝံသာနုစိတ်ထက် လာဘ်လာဘကို ပိုချစ်ပါသည်
အမျိုးဘာသာထက် ငွေကြေးကို အလေးထားပါသည်
ပြည်သူများ၏ဆန္ဒထက် တစ်စုတစ်ဖွဲ့၏ ဆန္ဒကို သာ ဦးစားပေးတတ်သော လောကဟု ထင်မြင်ပြီး
မြန်မာ နိုင်ငံ မီဒီယာအနေဖြင့် စစ်မှန်သော ဒီမိုကရေစီဖြင့်သာ သတင်း များကို ထုတ်ပြန်သင့်သည်ဟုထင်ပါသည်
သို့မှသာ ပြည်သူ့မေတ္တာနှင့် ယုံကြည်မှုကို ရယူနိုင်မည်ဟု ထင်မိပါသည်
(လိုအပ်ချက် ရှိပါက ပြင်ဆင် ပေးနိုင်ပါသည်
လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်)
.
www.mmdailystar.com