"အား အရမ်းယားနေပြီ ကိုရယ် တော်ပါတော့
ခါးကော့တွန့်လိမ်လူးလွန့်နေပြီး နှုတ်ခမ်းဖျားက ညည်းညူသံ သဲ့သဲ့ထွက်လာတယ်
ဖြည်းဖြည်းနော်ကို အရမ်းမလုပ်နဲ့လေ....
အနမ်းမိုးတွေကြောင့် သွေးသားတွေ နိုးကြားဆူဝေလာပြီး မိနစ်ပိုင်းအတွင်းမှာပဲ
သူ့ပစ္စည်းမှာ အရည်တွေစိုရွှဲလာတယ်.......
အဲဒီအခိုက်အတန့် သူ့မျက်နှာကို ဖျက်ခနဲ့ကြည့်လိုက်လေသည်....
အင်း... ပစ္စည်းကို နမ်းမယ်လေ... အတွင်းခံချွတ်လိုက်နော်....
မြန်မာစာဖတ် ပရိသတ်တွေရဲ့ ကြားမှာ ဝေဖန်သံတွေ ဆူညံခဲ့တဲ့ ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ အမည်ရ စာအုပ်ကို တရားစွဲမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ရုံးက ဒုတိယ ညွှန်ကြားရေးမှူး တစ်ဦးက ဆိုလာပါတယ်။
ကဗျာဆရာ စာရေးဆရာ အောင်ရင်ငြိမ်း ရေးသားထားတဲ့ အဲဒီစာအုပ်မှာပါတဲ့ အကြောင်းအရာတွေက ညစ်ညမ်းစာပေနဲ့ အကျုံးဝင်နေတဲ့အတွက် တရားစွဲဖို့ စီစဉ်နေတယ်လို့ သူကပြောပါတယ်။
“လိင်ကိစ္စကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရေးသားချက်က ညစ်ညမ်းစာပေထဲမှာ သွားအကျုံးဝင်နေတယ်။ လူငယ်တွေအတွက် အန္တရာယ်ရှိနေတယ်” လို့ သူက ဆိုပါတယ်။
စာရေးဆရာ အောင်ရင်ငြိမ်းကတော့ အခုဝေဖန်နေတဲ့ သူတွေဟာ ဝတ္ထုတစ်ခုလုံးကို မဖတ်ဘဲ အပြာခန်း(ညစ်ညမ်း) တွေကို ဦးစားပေးဖတ်ပြီးတော့ ဝေဖန်နေတာပါလို့ ဆိုပါတယ်။ စာရေးသူ တစ်ယောက် အနေနဲ့ စိတ်မကောင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။
အခုတော့ စာအုပ်တွေကို ပြန်သိမ်းဖို့ ဖြန့်ချိရေးတွေက ပြောထားတယ်လို့ အောင်ရင်ငြိမ်းက ဆိုပါတယ်။
Sex Education အဖြစ် ထုတ်ဝေခဲ့ပေမယ့် ပိတ်သိမ်းအရေးယူ ခံခဲ့ရတဲ့ ညှို့မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ကိုဦးဆွေကတော့ ကာမဆက်ဆံတဲ့ ကိစ္စဟာ လူ့ဘဝမှာ မထူးဆန်းတဲ့ကိစ္စ၊ မကင်းနိုင်တဲ့ကိစ္စ ဆိုပေမယ့် လူသိရှင်ကြား ထုတ်ဖော်ရမယ့်ကိစ္စ မဟုတ်တဲ့အတွက် အခုလို တရားဝင် ထုတ်ဝေတာကို လက်မခံဘူးလို့ ပြောပါတယ်။
ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာကို အုပ်ရေ ၅၀၀ နဲ့ ဇွန်လ ၁၇ ရက်နေ့က စတင်ဖြန့်ချိခဲ့တာပါ။ အခန်း ၁၅ ခန်းနဲ့ စာမျက်နှာပေါင်း ၁၇၀ ပါဝင်ပါတယ်။ စာအုပ် ရှေ့မျက်နှာဖုံးမှာတော့ အသက် ၁၈ ပြည့်ပြီး သူများသာ ဖတ်ရန် ဆိုပြီး ရိုက်နှိပ်ထားပါတယ်။
လတ်တလော မြန်မာနိုင်ငံမှာ ကိုယ်လုံးတီး အလှပုံတွေ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့အပေါ် ရှုံ့ချဝေဖန်မှုတွေလည်း ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေပါတယ်။

www.mmdailystar.com