ဒီကနေ့ ဇွန် ၂၁ ရက်နေ့ တောင်ငူမြို့ အားကစားကွင်းမှာကျင်းပတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် စကားမပြောခင် ဝေငှခိုင်းတဲ့ လက်ကမ်းစာစောင်များကို ပြည်သူများက ချေမွ ပြစ်ချခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ရုံးပိတ်ရက် စနေနေ့ဖြစ်တာကြောင့် လူ ရာဂဏာန်းထိ တက်ရောက်လာတာ တွေ့ရပြီး လက်ကမ်းစာစောင်နှင့် ၄၃၆ ကို စိတ်မဝင်စားပဲ ဒေါ်အောင်ဆန်းစုကြည် မမြင်ဖူးသဖြင့် လာကြည့်သူများသာ ဖြစ်ကြောင်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှ အခြေခံဥပဒေ ဖတ်ဖူးတဲ့လူ လက်ထောင်ခိုင်းရာ လက်ထောင်သူမှာ လူ ၁၀၀ တောင် မပြည့်ခဲ့ပေ။ ဥပဒေ ဖတ်ဖူးသူ လူ ၁၀၀ မပြည့်သော်လည်း ဥပဒေ ပုဒ်မ ၄၃၆ ပြင်ချင်တယ်လူတော့ များတယ်လို့ NLD မှ သံသယဖြစ်ဖွယ် ကြေညာထားပါတယ်။ တောင်ငူဟောပြောပွဲဟာ ကမ္ဘာပေါ်မှာ ဘယ်နိုင်ရေးသမားမှ ဟောပြောတဲ့ ပုံစံနဲ့ မတူပဲ နိုင်ငံရေး၊ နိုင်ငံတိုးတက်ရေး ဟောပြောတာ မတွေ့ရပဲ ၄၃၆ ပြင်ဆင်ရေး မထောက်ခံသူအားလုံးကို ပုပ်ခက်တိုက်ခိုက် နေတာပဲ တွေ့ရကြောင်း သတင်းထောက်တစ်ဦးမှ ဆိုပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန်အတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲများကို ပဲခူးတိုင်းဒေသကြီးရှိ တောင်ငူခရိုင်နှင့် ရေတာရှည်မြို့နယ်များအတွင်း ဟောပြောခဲ့ခြင်းဖြစ်ကာ တက်ရောက်လာသူ အင်အားလည်း အလွန်နည်းသွားပြီး NLD ပါတီဝင်နှင့် ၈၈ အင်အားကို နှုတ်လိုက်ပါက လူ ၁၀၀ လောက်သာ လာရောက်နားထောင်ခဲ့ကြောင်း သိရပါတယ်။
www.mmdailystar.com