Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဦးဆန်းဆင့် ဘာကြောင့် အရေးယူခံရသလဲ

$
0
0


သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို အဂတိလိုက်စားမှု၊ သံဃာနဲ့ သံဃာ့ နာယကအဖွဲ့ အကြား၊ သံဃာ့ နာယကနဲ့ အစိုးရကြား အထင်မြင်လွဲမှားအောင် လုပ်ဆောင်ခဲ့မှု စသည်တို့အရ ဖမ်းဆီးထိန်းသိမ်းထားကြောင်း RFA သတင်းအရ သိရှိရသည်။

ဦးဆန်းဆင့် ပြုတ်သွားရခြင်းနှင့်ပတ်သက်၍ Eleven Media Group ဖော်ပြချက်တွင် “သာသနာရေးဝန်ကြီး ဦးဆန်းဆင့်သည် မဟာသန္တိသုခကျောင်းတော်ကြီး ချိပ်ပိတ်သည့်ကိစ္စအပါအဝင် ဆရာတော်ကြီးများအား လူဝတ်လဲစေသည့်ကိစ္စတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သဘောထားချင်းမတိုက်ဆိုင်ဘဲ ယင်းကိစ္စကို လက်မခံခဲ့ကြောင်း ယင်းကိစ္စကို ဆောင်ရွက်ခဲ့သူမှာ နိုင်ငံတော်သမ္မတရုံးအကြံပေး ဦးအံ့မောင်သာဖြစ်ကြောင်း ဝန်ကြီး ဦးဆန်းဆင့်နှင့်နီးစပ်သည့် အသိုင်းအဝိုင်း မှ သတင်းရရှိသည်” ဟူ၍ ဦးဆန်းဆင့်နှင့်နီးစပ်သည့်အသိုင်းအ၀ိုင်းကို ကိုးကား၍ သတင်းဖော်ပြထားကြောင်း တွေ့ရှိရသည်။

သို့သော်လည်း ဧရာဝတီသတင်းဌာနကမူ “ယခုအမှုသည် မဟာသန္တိသုခကျောင်းကို ဝင်ရောက်စီးနင်းမှုနှင့် ပတ်သက်မည်ဟု သုံးသပ်နေကြကြောင်း၊ မဟာသန္တိသုခကျောင်းစီးနင်းမှုတွင် သမ္မတရုံးနှင့် သာသနာရေး ဝန်ကြီးဌာနတို့ သဘောကွဲခဲ့ကြောင်း မီဒီယာများသို့ ၂ ဘက် ပြောဆိုချက်များက ပြဆိုနေပြီး ဝန်ကြီးဌာနက သမ္မတရုံးကို ပမာမခန့်လုပ်ခဲ့ရာ သမ္မတ၏ လုပ်ဆောင်ခွင့်အတိုင်းအတာအပေါ် အများပြည်သူ မေးခွန်းထုတ်စရာ ဖြစ်လာရကြောင်း” ဖော်ပြထားသည်။

7Day သတင်းစာတွင်လည်း “ဦးဆန်းဆင့်အား တရားစွဲဆို မှုမှာ သန္တိသုခကျောင်းတိုက်ပြဿ နာနှင့်ဆက်စပ်နိုင်သည်ဟု နိုင်ငံ ရေးလေ့လာသူများက သုံးသပ်ကြောင်း” ဖော်ပြထားသည်။

ထိုသို့ ဝေဖန်မှုအမျိုးမျိုး ဖြစ်နေသော ဦးဆန်းဆင့်အား အရေးယူခြင်းအပေါ် သံဃာ့မဟာနာယကအဖွဲ့နှင့် နီးစပ်သူများအား မေးမြန်းရာတွင် “ဦးဆန်းဆင့်ကို အရေးယူလိုက်တာကတော့ အဓိကအားဖြင့် မဟာသန္တိသုခကျောင်းကိစ္စ ဖြစ်ပါလိမ့်မယ်။ ဒီကျောင်းတိုက် အငြင်းပွားမှုကိစ္စမှာ သမ္မတ ဦးသိန်းစိန်ဘက်က ပြေပြေလည်လည်ဖြစ်ဖို့ ၀င်ညှိနှိုင်းတယ်။ ဒီမှာပဲ ဦးဆန်းဆင့်က ဒီကိစ္စဟာ သမ္မတနဲ့ မဆိုင်ဘူး ဆိုပြီး ပြောတယ်။ သူ့သား ဥက္ကာဆန်းဆင့် ပိုင်တယ် ပြောတဲ့ သံတော်ဆင့်ဂျာနယ်ကနေ ဒီသတင်း ဖြန့်တယ်။ နာယကဆရာတော်ကြီးတွေကိုလည်း ဦးဆန်းဆင့်က ဘယ်လိုဘယ်လိုလုပ်ဆိုပြီး ပြောတယ်။ ဦးအံ့မောင်က ဦးဆန်းဆင့် ခိုင်းတာ လုပ်ရတဲ့သူပါပဲ။ တစ်ခုတော့ ရှိတာပေါ့လေ။ ဦးအံ့မောင်က သာသနာရေးမှာ ရှေ့မီ နောက်မီဆိုတော့ ၀ိနည်းတွေ၊ လုပ်နည်းတွေမှာ ပိုပြီး နှံ့နှံ့စပ်စပ် သိတယ်။ ဦးအံ့မောင် တက်တဲ့သတင်းစာရှင်းလင်းပွဲက ဦးဆန်းဆင့် လုပ်ခိုင်းတာ။ သံဃာ့မဟာနာယကအဖွဲ့က ဒီလို ရှင်းလင်းပွဲတွေ လုပ်ရိုးထုံးစံ မရှိဘူး။ ဦးဆန်းဆင့်က သူလုပ်လိုက်မယ် ဆိုပြီးတော့ ပြောပြီး လုပ်တာ။ နောက်ပြီးတော့ မဟာသန္တိသုခကျောင်းတိုက် ကိစ္စမှာ သမ္မတနဲ့ အစိုးရအဖွဲ့က သံဃာ့မဟာနာယကဘက်ကမရှိဘူး။ သံဃာ့မဟာနာယက ဘက်မှာ သာသနာရေးဝန်ကြီး တစ်ဦးပဲ ရှိတယ် ဆိုပြီး မြန်မာသံတော်ဆင့်ဂျာနယ်မှာ ထည့်တယ်။ ဒါကို ဖြန့်ဖို့လုပ်တော့ ရန်ကုန်တိုင်းအစိုးရက သိမ်းတယ်။ ဘုန်းကြီး သိရသလောက်ကတော့ မဟာသန္တိသုခကျောင်းတိုက် ကိစ္စကြောင့် နာယက ဆရာတော်ကြီးတွေနဲ့ သီတဂူဆရာတော်ကြီးတို့လို ဆရာတော်တွေအကြား စိတ်ဝမ်းကွဲမှု အတော်လေးကို ကြီးခဲ့ရတယ်။ ကျန်တဲ့ သံဃာတွေကလည်း နာယကဆရာတော်ကြီးတွေအပေါ်မှာ အထင်အမြင်တွေ လွဲခဲ့ကြရတယ်။ ဦးဆန်းဆင့်က နာယကအဖွဲ့က ဆရာတော်ကြီးတချို့ကို စည်းရုံးသိမ်းသွင်းပြီး သူလုပ်ချင်တာ ဖြစ်လာအောင် လုပ်တာ” ဟု ဆရာတော်တစ်ပါးက မိန့်သည်။

“မဟာသန္တိသုခကျောင်းတိုက် ကိစ္စဆိုရင် ကြည့်။ ဘာဖြစ်လို့ အခုကျမှ သံဃာ့မဟာ နာယကအဖွဲ့က ပိုင်တယ် ဆိုပြီး ဇွတ်တောင်းလာတယ် ထင်လဲ။ စဉ်းစားကြည့်လေ။ ကျောင်းတိုက် ပြန်ယူတဲ့နောက်ကွယ်မှာ ဦးဆန်းဆင့်နဲ့ သံဃာ အချို့ကြားက အပေးအယူတွေ ရှိတယ်။ သံဃာတော်တွေကို ကျောင်းတိုက်က ဆွဲထုတ်ပြီးတဲ့နောက်မှာ ဘာဖြစ်လို့ ထောင်ဒဏ် ချဖို့ လုပ်တာလဲ၊ လူဝတ်လဲရတာလဲ။ နာယကအဖွဲ့ လိုချင်တာက ကျောင်းတိုက်ထဲမှာ အဲဒီသံဃာတွေ မရှိဖို့ပဲလေ။ ကျောင်းတိုက်ထဲမှာ မရှိတော့ဘူး ဆိုတဲ့နောက်မှာ ဘာဖြစ်လို့ ဒီလိုမျိုး အရေးယူတာတွေ လုပ်ရသလဲ။ ဒီအပိုင်းမှာ ဦးအံ့မောင် ပါလာပြီ။ စည်းမျဉ်းတွေအရ ဒီလို အရေးယူရမယ် ဆိုပြီး ပြောတာက သူ။ သူ့ကို ဒီကိစ္စတွေ ကိုင်တွယ်ဖို့ ခိုင်းတာက ဦးဆန်းဆင့်။ ဒီလောက်ဆို ရှင်းပြီ ထင်ပါတယ်” ဟု ယင်းဆရာတော်က မိန့်ကြားသည်။

“မဟာသန္တိသုခကျောင်းကိစ္စကတော့ သံဃာတွေအတွက် သိပ်ကို စိတ်မကောင်း ဖြစ်စရာပါ။ အပ်နဲ့ထွင့်ရမယ့် ကိစ္စကို ပေါက်ဆိန်နဲ့ပေါက်လိုက်တာ လို့ပဲ ပြောချင်ပါတယ်။ သံဃာ့မဟာနာယက ဆရာတော်ကြီးတွေကြားထဲမှာ ဒီလောက်အထိ ကျောင်းတိုက်ကိစ္စကို တင်းတင်းမာမာ မရှိလှပါဘူး။ အဓိက ကတော့ တိုင်းဥက္ကဌ ဆရာတော်နဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကြားက ကိစ္စပါပဲ။ ဦးအံ့မောင်ကို လူတွေ ၀ိုင်းပြောနေကြတာ။ ဦးအံ့မောင်က ဘယ်သူ ခိုင်းလို့ လုပ်ရတာလဲ။ သူက သံဃာ့မဟာနာယကအဖွဲ့အပေါ်မှာ သြဇာပေးလို့ ဘယ်ရမလဲ။ သာသနာရေးဝန်ကြီးနဲ့ သမ္မတ ဦးသိန်းစိန်အကြားမှာ ကွဲလွဲနေတာကြောင့် နာယကဆရာတော်ကြီးတွေကြားထဲအထိ ကွဲလွဲတာမျိုးတွေ ဖြစ်လာတယ်။ ဆရာတော်ကြီးတွေက ဒါတွေ အမှန်တော့ ဘယ်စိတ်ဝင်စားမလဲ။ သူတို့ဘာသာသူတို့ သာသနာကိစ္စ လုပ်နေကြတာ။ မဟာသန္တိသုခကျောင်းကိစ္စနဲ့ ပတ်သက်လို့ သမ္မတဦးသိန်းစိန်က သံဃာ့ မဟာနာယက ဥက္ကဌဆရာတော်ကြီးဆီ စာနဲ့ လျှောက်တာ ရှိတယ်။ သံဃာ့ မဟာနာယကလည်းမကောင်း၊ ဗုဒ္ဓဘာသာအတွက်လည်း မကောင်း ဖြစ်လာနိုင်တာမို့ နိုင်ငံတော်အစိုးရက ကြားဝင်ပြီး ဆောင်ရွက်ပေးပါစေ ဆိုပြီး လျှောက်တယ်။ ဥက္ကဌ ဆရာတော်ကြီးက လက်ခံတယ်။ သဘောတူတယ်။ ဒါပေမယ့် ဦးဆန်းဆင့်က ဒုဥက္ကဌ ဆရာတော်ကြီး၊ အတွင်းရေးမှူးဆရာတော်ကြီးတွေဆီ လျှောက်ပြီး ဒါက သမ္မတနဲ့ မဆိုင်ဘူး။ ကျောင်းတိုက်ကို မြန်မြန် သိမ်းမှရမယ်။ ကျောင်းတိုက်က ဆင်းမပေးတဲ့ သံဃာတွေ ဖမ်းပြီး အရေးယူလို့ ရတယ် ဆိုပြီး အကြံပေးတယ်။ ဦးဆန်းဆင့် အကြံပေးခဲ့တာကို နာယကဆရာတော်တချို့က နားယောင်ပြီး လုပ်ခဲ့တော့ ဒီလိုမျိုး သာသနာအတွက်လည်း မကောင်း၊ သံဃာထုအတွက်လည်း မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်လာရတယ်” ဟု သံဃာ့မဟာနာယကအဖွဲ့နှင့် နီးစပ်သော သံဃာတော်တစ်ပါးက မိန့်သည်။

“အမှန် အတိုင်း ပြောရရင် ဒီကိစ္စတွေကြောင့် သံဃာ့မဟာနာယကနဲ့ သံဃာထုအကြားမှာ စိတ်ဝမ်းကွဲပြားစေတာ အမှန်ပဲ။ ဒီလိုပါပဲ သံဃာ့မဟာနယကနဲ့ ပြည်သူလူထုအကြားမှာလည်း ကျောင်းတိုက်ကိစ္စ အကြောင်းပြုပြီး အထင်အမြင်လွဲမှားတာတွေ ဖြစ်လာနေတာလည်း အားလုံး သိပြီးသားပါပဲ။ နောက် သမ္မတနဲ့ နာယကဆရာတော်ကြီးတွေကြားထဲမှာ သဘောထားတွေ ကွဲကုန်တယ်။ ဦးဆန်းဆင့် ပြောတာ မှန်တယ် ဆိုပြီး ပြောတဲ့သူတွေ ရှိပေမယ့် အများစုကတော့ သမ္မတဦးသိန်းစိန် ပြောတဲ့ အေးအေးချမ်းချမ်း ဖြေရှင်းတာကို လက်ခံတယ်။ နာယကအဖွဲ့က အဓိကကျတဲ့ ဆရာတော်(၂)ပါးပေါ့။ သူတို့က ဦးဆန်းဆင့်နဲ့ ဦးအံ့မောင်ပြောတာ သဘောကျပြီး ကျောင်းတိုက်ကိစ္စ မြန်မြန် ကိစ္စဖြတ်မယ် ဆိုပြီး ထလုပ်တာ။ ပြီးတော့ ဦးဆန်းဆင့်က မီဒီယာတွေကနေပြီး သံဃာ့မဟာ နာယကဘက်မှ သူတစ်ယောက်တည်း ရှိတယ် ဆိုပြီး ထွက်ပြောတယ်။ အင်း.... လောဘတွေ၊ မောဟတွေ၊ ဒေါသတွေကြောင့် သာသနာတော် ဂုဏ်သရေ ထိခိုက်မှာပဲ စိုးပါတယ်။ ဦးဆန်းဆင့်ကို အရေးယူတာနဲ့ ပတ်သက်ပြီး ကောင်းသည်၊ ဆိုးသည် မပြောလိုပါဘူး။ စေတနာအကျိုးပေး ကံအကျိုးပေး လို့ပဲ သဘောထားပါတယ်။ ပျက်ချိန်တန်ရင် ပျက်ရတာပါပဲ။ ဦးဆန်းဆင့်ကို ဒီလိုအရေးယူလိုက်ပြီ ဆိုတော့ ရှေ့ဆက်ပြီး မဟာသန္တိသုခကျောင်းတိုက်ကိစ္စကို သမ္မတ ဦးသိန်းစိန်နဲ့ နာယကဆရာတော်ကြီးတွေ အေးအေးချမ်းချမ်း ဖြေရှင်းနိုင်မယ် လို့ ထင်ပါတယ်။ အဖမ်းခံထားရတဲ့ သံဃာ ၅ ပါးလည်း အမြန်ဆုံး ပြန်လွှတ်ပေးမယ် လို့ အခု ကြားနေရပါတယ်” ဟု အဆိုပါ ဆရာတော်က မိန့်ကြားသည်။

The Voice သတင်းစာမှ ဖော်ပြချက်အရ မဟာသန္တိသုခကျောင်းတိုက်ကို ညအချိန် ၀င်ရောက်စီးနင်းခြင်းကို နိုင်ငံတော်သမ္မတရုံးအကြံပေး ဟု ဆိုသော ဦးအံ့မောင်က ကြိုးကိုင်ခဲ့သည့် အထောက်အထားများ တွေ့ရှိရကြောင်း သိရှိရသည်။ ယခု သံဃာတော်များ ရှင်းလင်း ပြောကြားချက်အရ ဦးအံ့မောင်တွင် သြဇာအာဏာ ကြီးကြီးမားမား မရှိဘဲ ဦးဆန်းဆင့် ခိုင်း၍သာ လုပ်ကိုင်ဆောင် ရွက်ရခြင်း ဖြစ်ပြီး မဟာသန္တိသုခကျောင်းကိစ္စ အဓိက ကြိုးကိုင်သူမှာ ဦးဆန်းဆင့်သာ ဖြစ်ကြောင်း သိရှိရသည်။

ငွေကျပ် သိန်းတစ်ရာအလွဲသုံးစားမှုဖြင့် တရားစွဲဆိုထားသည် ဆိုသည်မှာလည်း ဦးဆန်းဆင့်၏ အမှုများအနက်မှ တစ်မှုသာဖြစ်ကြောင်း၊ ဦးဆန်းဆင့်အား သာသနာရေးဝန်ထမ်းများသာမက သံဃာတော်အများအပြားကလည်း သမ္မတဦးသိန်းစိန်ထံ တိုင်ကြားထားသည် ဟု သိရှိရကြောင်း၊ ဦးဆန်းဆင့်သည် မည်သည့်ကိစ္စကိုမှ တာဝန်မခံဘဲ ဒုဝန်ကြီးများ၊ အရာရှိကြီးများကို လွှဲချတတ် ကြောင်း၊ သာသနာရေးတွင် မေးခွန်းပေါက်ကြားသည့်ကိစ္စ၊ ဘတ်ဂျက်ငွေများ အလွဲသုံးသည့်ကိစ္စ၊ သံဃာ့မဟာနာယမ ဆရာတော်များအကြား ၀ိနည်း၊ ဓမ္မသတ်များ ပျက်ပြားစေသည့်ကိစ္စ စသည်အားဖြင့် ပြဿနာ များစွာ ရှိနေကြောင်း၊ အဓိကအားဖြင့် သမ္မတနှင့် သံဃာ့မဟာနာယက ဆရာတော်များအကြား သဘောထား ကွဲလွဲစေရန် ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်နိုင်ကြောင်း နေပြည်တော် သာသနာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

ဦးဆန်းဆင့်၏ လက်ကိုင်ဒုတ်သဖွယ် အသုံးချ ဖြန့်ချိနေသော မြန်မာသံတော်ဆင့် ဂျာနယ်မှာ ဦးဆန်းဆင့်၏သား ဥက္ကာဆန်းဆင့်မှ နောက်ကွယ်မှ ငွေကြေးစိုက်ထုတ် ချုပ်ကိုင်ထားခြင်း ဖြစ်ကြောင်း 7Day သတင်းစာ ဖော်ပြချက်အရ သိရှိရသည်။ ဦးဆန်းဆင့်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တစ်ပြားမှမပါ ဟု ရှင်းလင်းခဲ့သော်လည်း မြန်မာသံတော်ဆင့်ဂျာနယ် ထုတ်ဝေသည့် ဦးကျော်စွာဝင်းမှာ ရုတ်တရက် ချက်ချင်း ဂျာနယ်ထုတ်ဝေနိုင်လောက်သည့် ငွေကြေး ပိုင်ဆိုင်လာခြင်းမှာ နောက်ကွယ်တွင် ငွေထောက်ပံ့ပေးသူ ရှိနေသည်ကို ဖော်ပြနေကြောင်း သတင်းရရှိသည်။

From:ပြည်သူ့အာဏာ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>