မနေ့ညက Sule Shangrila Hotel မှာပြုလုပ်တဲ့
Human Rights Human Dignity
International Film Festival ဆုပေးပွဲမှာ
ဒါရိုက်တာမင်းထင်ကိုကိုကြီးက ဒီကားကို
ဂျူရီလူကြီး ၃ ဦးလက်ထဲကို ပေးအပ်ပြီးဖြစ်လို့
အခြားနေရာတွေမှာပြသခွင့်ကိုတော့ ပိတ်ပင်လို့မရတော့ပါဘူး
လို့ဆိုပါတယ်။
ပြီးတော့မြန်မာနိုင်ငံတွင်းမှာလည်း နောင်တစ်ချိန်ပြသနိုင်အောင်
ကြိုးစားသွားမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ခုပြသခြင်းကိုရပ်နားတာဟာ ယာယီသာ ဖြစ်တယ်လို့ပြောလိုက်ပါသေးတယ်။
အဲဒီကားကို ဦးဆောင်ရိုက်ကူးခဲ့တဲ့
ဒါရိုက်တာ ကြယ်ရီလင်းစစ် ဟာ
ဖွင့်ပွဲနေ့မှာ အထီးကျန်မှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
သူ့နားကို သင်တန်း အတူတက်ခဲ့တဲ့
သင်တန်းသားတွေတောင် မလာကြတော့ပါဘူး
သူမရဲ့ မိတ္ထီလာက အစ္စလာမ်ဘာသာဝင်
အဒေါ်ဖြစ်သူဟာလည်း အခြားမြို့တစ်မြို့ကို ရှောင်တိမ်းသွားခဲ့ရပြီဖြစ်ပါတယ်။
ကြယ်ရီလင်းစစ် ရဲ့ မိဘတွေကလည်း
သူ့ကိုဒီသင်တန်းမျိုးတွေ ပေးမတက်တော့ပါဘူး။
မနေ့က သူမကို သူ့မိဘတွေက ဒီဆုပေးပွဲကိုတောင်ပေးမတက်ပါဘူး။
ဒါပေမယ့် သူမဟာ သူ့မိဘတွေမသိအောင် ဆုပေးပွဲကိုတော့ ခန ရာက်အောင်တော့လာခဲ့
ရှာပါတယ်။
သူ့ဇာတ်ကားလေးမပြဖြစ်လို့ ဆုမရမှန်းလည်းသိနေပေမယ့်
သူ့သင်တန်းနဲ့ သူငယ်ချင်းတွေကိုတော့ သူတွေ့ချင်လို့ပါတဲ့။
ကဲ တရားခံတော့သိလောက်ပါပြီနော်၊
ဒီကိစ္စရဲ့ တာဝန်ရှိသူဟာ ဒီကလေးမ
မဟုတ်ပါဘူး
ဒီကားကို မိတ္ထီလာထိသွားရောက်ရိုက်ကူးဖို့ လမ်းစရိတ်တွေပါ
ထုတ်ပေးခဲ့တာမင်းထင်ကိုကိုကြီးဖြစ်ပါတယ်။ သူဟာ ငွေရဖို့နဲ့
သူနာမည်ရဖို့အတွက် ရုပ်သံမှတ်တမ်း
ဖန်တီးဖို့ တကယ်ဝါသနာနဲ့အိပ်မက်တွေ
အရင်းခံခဲ့တဲ့ ကြယ်ရီလင်းစက် ရဲ့ ဘဝကို
ရက်စက်စွာ ချနင်းပစ်ခဲ့ပါတယ်။ ဒီကားမျိုးဟာ
ခုလို မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းအောင်၊
မတူတဲ့ယဉ်ကျေးမှုများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ဖို့ နိုင်ငံတော်အစိုးရနဲ့ ပြည်သူတွေပူးပေါင်းကြိုးစားနေရတဲ့အချိန်မျိုးမှာ
ဘယ်လိုမှပြသဖို့မသင့်တော်ဘူးဆိုတာတော့
မင်းထင်ကိုကိုကြီးအနေနဲ့သိသင့်ပါတယ်။ Crew တွေက ရိုက်ကူးဖို့တင်ပြလာရင်တောင်
သူက လက်မခံရမယ့်ကိစ္စကြီးပါ။
ကဲဒါလောက်ဆို မင်းထင်ကိုကိုကြီး ဘာလဲ၊ဘယ်လဲ သဘောပေါက်လောက်ပါပြီ။
ကြယ်ရီလင်းစစ် ကတော့ ကျွန်မ အဲဒီလိုမရည်ရွယ်ပါဘူး၊ အဲဒီလောက်ထိလည်းနက်နက်နဲနဲမတွေးမိခဲ့ပါဘူး၊
ကြိုတင် သိရှိခဲ့ရင်ဒီကားကိုရိုက်ဖြစ်မှာမဟုတ်ပါဘူး၊
ဆရာက ခွင့်ပြုခဲ့လို့ပါ လို့ ပြောပါတယ်။
ခုဆို့ကျွန်မ လူတွေမြင်မှာ၊မီဒီယာတွေမြင်မှာ အရမ်းကြောက်နေပါတယ်တဲ့။
ကျွန်မကို ပြည်သူတွေအထင်လွဲမှာကိုလည်းအရမ်းစိုးရိမ်မိပါတယ် လို့ ပြောပါတယ်။
ကြယ်ရီလင်းစစ်ပုံပါ။
From: Qing MinyaHuman Rights Human Dignity

www.mmdailystar.com