Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကမ္ဘာ့ဖလားတွင် ပွဲမတိုင်မီ မေထုန်မှုပြု ခြင်းနှင့်ပတ်သက်၍ အသင်းအချို့၏ ရူးနှမ်းသော စည်ကမ်းများ

$
0
0


မေထုန်မှုဟာ အားကစားသမားတွေကို ထိခိုက်မှုမရှိစေဘဲ အကူအညီဖြစ်စေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြပေမယ့် စိုးရိမ်ကြီးတတ်တဲ့ ဘောလုံးနည်းပြတွေကတော့ သဘောမတူကြပါဘူး။ ကစားသမားတွေအနေနဲ့ ပရိသတ်စိတ်ဝင်စားမှုအရှိဆုံး ကမ္ဘာ့ဖလားလိုပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်မှာ ခန္ဓာကိုယ်ကို ဘယ်လိုပြောင်းလဲမှုမျိုးမှ မဖြစ်စေဖို့လို ပါတယ်။ ဒါကြောင့်ပဲ ကျွမ်းကျင်သူတွေက ပွဲမကစားခင်မေထုန်မှုပြုတဲ့အခါ ကစားသမားတွေရဲ့ ပွဲချိန်တွင်းစွမ်းဆောင် ရည်ကိုထိခိုက် စေတယ်လို့ ယူဆကြတာဖြစ်နိုင်ပြီး ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းအတော်များများက ကစားသမားတွေ ကို ပိတ်ပင်ထားပါတယ်။

"ဘရာဇီးမှာ မေထုန်မှုပြုဖို့ ခွင့်မပြုပါဘူး။ ကစားသမားတွေအနေနဲ့ တစ်ခြားနည်းလမ်းရှာရပါမယ်။ သူတို့ဆန္ဒရှိ ရင်တော့ တစ်ကိုယ်ရေအာသာဖြေဖျောက်တာမျိုး လုပ်နိုင်ပါတယ်။ တစ်ခြားနည်းပြတွေ ဘယ်လိုအမိန့်ထုတ်ထားလဲ ကျွန်တော်စိတ်မ၀င်စားပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်နေတာပါ။ အပျော်ခရီးထွက်လာတာ မဟုတ်ပါဘူး"လို့ ဘော့စနီးယား နည်းပြ ဆူဆစ်က သတင်းထောက်တွေကို ပြောပါတယ်။

ဒီကိစ္စကို ခွင့်ပြုထားတဲ့ အသင်းတွေကတော့ ဂျာမနီ၊ စပိန်၊ အမေရိကန်၊ သြစတြေးလျ၊ အီတလီ၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ဥရုဂွေးနဲ့ အင်္ဂလန်အသင်းတို့ ဖြစ်ကြပါတယ်။ အဲဒီအသင်းတွေဟာ ကစားသမားတွေ ကို လွတ်လပ်စွာနေထိုင်ခွင့်ပြုထားပါတယ်။ ပိတ်ပင်ထားတဲ့ အသင်းတွေကတော့ ရုရှ၊ ဘော့စနီးယား၊ချီလီနဲ့ မက္ကဆီကို အသင်းတွေပါ။ ခွင့်တော့ပြုတယ်၊ ဒါပေမဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ဆိုတဲ့ အသင်းတွေလည်းရှိပါသေးတယ်။ အဲဒီအသင်း တွေကတော့ ပြင်သစ်အသင်း (ညလုံးပေါက် ဆက်ဆံတာကို ပိတ်ပင်)၊ ဘရာဇီး (အားကုန်စေမယ့်ပြောင်းပြန်ဆက်ဆံနည်း ကို ပိတ်ပင်)၊ ကော်စတာရီကာ (ရှုံးထွက်အဆင့်ရောက်မှသာ ခွင့်ပြုမည်)၊ နိုင်ဂျီးရီးယား ( ဇနီးမဟုတ်ပါက ရည်းစားနှင့်ပင် ခွင့်မပြု) အသင်းတွေပဲဖြစ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် လုံးဝ ပိတ်ပင်ထားတာလောက်တော့ မဆိုးသေးဘူးလို့ အဲဒီ အသင်းတွေက ကစားသမားတွေ တွေးကောင်းတွေးနိုင်သလို၊ လွတ်လွတ်လပ်လပ် လွှတ်ပေးထားတဲ့ အသင်းတွေကို လည်း အားကျချင် အားကျနေပါလိမ့်မယ်။ ကျန်တဲ့အသင်းပြိုင်ပွဲဝင်အသင်းတွေကတော့ ဘယ်လိုစည်းကမ်းထုတ်ထား တယ် မသိပါဘူး။

တစ်ချို့စည်းကမ်းတွေက အပိုတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသေးတယ်။ ပွဲမကစားခင် မေထုန်မှုပြုတာနဲ့ ပတ်သက်ပြီး အဓိက စိုးရိမ်တာ နှစ်ချက်ရှိပါတယ်။ ကစားသမားအနေနဲ့ ပင်ပန်းနွမ်းနယ်ပြီး အားကုန်တာ သို့မဟုတ် သူ့ရဲ့ ကာယစိုက်ထုတ်မှုပိုင်းကို ထိခိုက်စေတာ ဆိုတဲ့ အချက်တွေပါ။ လေ့လာတွေ့ရှိချက်တွေကတော့ အဲဒါတွေဟာ ရှေးတုန်းက ယုံတမ်းစကားတွေသာ ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။ နည်းပြများစွာနဲ့ အားကစားသမားတွေကတော့ လိင်ကိစ္စကိုရှောင်ကျဉ်ရင် စိတ်ဓါတ်တက်ကြွတယ်လို့ ယုံကြည်ကြပါတယ်။

ဒီယုံကြည်မှုဟာ ရှေးဟောင်း ဂရိလူမျိုး တွေကနေ ဆင်းသက်လာခဲ့တာပါ။ သူတို့အနေနဲ့ လိင်ကိစ္စရှောင်ကျဉ်ရင် အားအင်ကုန်ခမ်းမှု မရှိဘူးလို့ ယူဆခဲ့ကြတာပါ။ ဒီသီအိုရီကို မိုဟာမက်အလီလို လက်ဝှေ့သမားမျိုးတောင် ကိုင်စွဲခဲ့ပါတယ်။ သူဟာ ထိုးသတ်မယ့် လက်ဝှေ့ပွဲမတိုင်မီ ရက်သတ္တ ခြောက်ပတ်ကတည်းက မေထုန်မှုကို ရှောင်ကျဉ်ခဲ့ပါတယ်။ လက်ဝှေ့တစ်ပွဲစာအတွက်လုံလောက်တဲ့ ခွန်အား တွေ ဆုံးရှုံးသွား၊ တစ်နည်း တက်စ်တိုစတီရုန်းတွေ ဆုံးရှုံးသွားမှာကို စိုးရိမ်လို့ပါ။

ဒါပေမဲ့ ဒီသီအိုရီနဲ့ ဆန့်ကျင်ဘက် အယူအဆကသာ မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ လေ့လာတွေ့ရှိ ချက်တွေအရ တက်စ်တိုစတီရုန်းပမာဏဟာ မေထုန်မှုပြုပြီးနောက် ပိုတိုးပွားလာတတ်ကြောင်း ပြသနိုင်ခဲ့ပါတယ်။ "သုံးလလောက် မေထုန်မှုမပြုဘဲနေတာက အားကစားသမားအားလုံးနဲ့ သင့်တော်တယ်လို့ ဘုံယူဆလို့မရပါဘူး။ တက်စ်တိုစတီရုန်းဟာ ကလေးအဆင့်လောက်နီးပါးထိကို ကျဆင်းသွားလို့ပါပဲ"လို့ အီတလီ အယ်လ်အကွီလာ တက္ကသိုလ်က 'မေထုန်ကိစ္စက အားကစားသမားတွေအပေါ် ဘယ်လိုသက်ရောက်နိုင်လဲ'ဆိုတာကို လေ့လာနေတဲ့ အီမန်နျူရယ်လီက National Geographic သို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါဆိုရင် ဒီတွေ့ရှိချက်က လက်ဝှေ့သမားတွေ အတွက် အသုံးဝင်နိုင်ပါမလားတော့ မပြောတတ်ပါဘူး။ လေ့လာတွေ့ရှိချက်တွေကတော့ မေထုန်မှုပြုတာက ခန္ဓာကိုယ်ထဲကို တက်စ်တိုစတီရုန်းပိုမိုထုတ်လွှတ်နိုင်တာကြောင့် စွမ်းဆောင်ရည်ကို တိုးပွားစေတယ်လို့ ဖော်ပြနေပါတယ်။

ပြီးတော့ မေထုန်ပြုလို့ အားကစားသမားတွေကို မောပန်းမှု ခံစားစေမှာမဟုတ်ပါဘူး။ တစ်ကြိမ်အတွက် ကယ်လို ရီ လောင်ကျွမ်းမှုက ၂၅ မှ ၅၀ ကယ်လိုရီပဲ ရှိလို့ပါ။ ဒါက လေယာဉ်ပေါ်တက်တဲ့လှေကားကို နှစ်ကြိမ်တက်စာလောက်နဲ့ပဲ ညီမျှတဲ့ ပမာဏလည်းဖြစ်ပါတယ်။ သန်စွမ်းတဲ့ အားကစားသမားတစ်ယောက်အတွက် ဘာမှ ထိခိုက်မှုမရှိနိုင်ပါဘူး။ ပြိုင်ပွဲ မတိုင်မီညမှာ မေထုန်မှုပြုတာက ခွန်အားနဲ့သက်လုံပိုင်းကို လျော့ကျစေမှာ မဟုတ်ဘူးလို့လည်း လေ့လာတွေ့ရှိခဲ့ပါတယ်။ မေထုန်မှီဝဲခြင်းက ဘောလုံးသမားတွေရဲ့ ကာယစွမ်းဆောင်ရည်ပိုင်းကိုကျဆင်းစေသလားဆိုတာ စမ်းသပ်ရခက်ပေမယ့် ကျွမ်းကျင်သူတွေကတော့ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးဖြစ်စေတယ်လို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

"အကယ်၍ ကစားသမားတစ်ယောက်ဟာ ပြိုင်ပွဲအတွက် စိတ်ပူနေမယ်၊ တစ်ညလုံး မအိပ်နိုင်ဖြစ်နေမယ်ဆိုရင် မေထုန်မှီဝဲလိုက်ခြင်းဖြင့် သောကတွေကို လျော့ကျကောင်း လျော့ကျသွားစေနိုင်မှာပါ"လို့ အားကစားဆေးပညာဆိုင်ရာ အထူးကျွမ်းကျင်သူ အီရန်ရှရီယာက ရေးသားခဲ့ပါတယ်။ 'လိင်နှင့်အားကစားအပေါ် လေ့လာချက် ၃၁ မျိုးကို ပြန်လည်သုံး သပ်မှု ၂၀၀၀'ဆိုတဲ့အကြောင်းအရာမှာ 'ပြိုင်ပွဲမတိုင်မီညမှာ မေထုန်မှီဝဲခြင်းက ပြိုင်ပွဲတွင်း စွမ်းဆောင်ရည်ကို လျော့ကျစေသလား'ခေါင်းစဉ်နဲ့ရေးသားထားတာဖြစ်ပြီး အားကစားဆေးပညာဆိုင်ရာ ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

ကျွမ်းကျင်သူတစ်ချို့ကဆိုရင် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အောင်မြင်ခဲ့တဲ့အသင်းတွေဟာ မေထုန်ကိစ္စက ကောင်းကျိုး ဖြစ်စေတယ်ဆိုတာကို သက်သေပြခဲ့ကြတယ်လို့တောင် ပြောဆိုကြပါသေးတယ်။ "၁၉၇၈ အာဂျင်တီးနား ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် နယ်သာလန်အသင်းက ဥပမာပြနေပါတယ်။ ကစားသမားအချို့ဟာ ဇနီးသည်နဲ့အတူ အိပ်ခွင့် ရတယ်။ ပြီးတော့ သူတို့ ပြိုင်ပွဲမှာ ဒုတိယရတယ်။ လိင်ကိစ္စက အဆုံးအဖြတ်ပေးသွားတာလို့ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ အကူအညီဖြစ်စေတယ်လို့ ပြောချင်တာပါ။ ပီလီကတောင် ပွဲမတိုင်မီဘယ်တုန်းကမှသူဇနီးနှဲ့ မေထုန်မှုကို ရှောင်ရှားတာမျိုး မရှိဘူးလို့ ပြောခဲ့ပါသေးတယ်။ ကျွန်တော်ပြောချင်တဲ့ ဆိုလိုရင်းကတော့ မေထုန်မှုပြုခြင်းက ဖိအားလျော့စေတာ တကယ့် အမှန်တရားဖြစ်တယ်ဆိုတာကိုပါ"လို့ မက္ကဆီကိုနိုင်ငံ၊ မွန်တာရေးနည်းပညာတက္ကသိုလ် အားကစားဌာန အထွေထွေညှိနှိုင်းရေးမှူး ဟွမ်ကားလို့စ် မက်ဒီနာက CNN သို့ ပြောကြားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ပြိုင်ပွဲမတိုင်မီ မေထုန်မှုပြုခြင်းက အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုရှိစေသလား ဆိုတာဟာ တစ်ဦးချင်းအပေါ်မှာသာ မူတည်နေပါတော့တယ်။ တစ်ချို့က ဒါကို စိတ်ပင်ပန်းမှုလျှော့ချဖို့ ရှာဖွေကြသလို တစ်ချို့ကတော့ စိတ်ပျံ့လွင့်အောင် ( အထူးသဖြင့် ညလုံးပေါက်ဆိုလျှင် ဖြစ်တတ်) ပြုမူတတ်ပါတယ်။ မြန်မာစကားပုံအရ ဆိုရင် တန်ဆေး၊ လွန်ဘေးလို့ ဆိုရမယ်ထင်ပါတယ်။ အားကစားဆေးပညာဆိုင်ရာ အထူးကျွမ်းကျင်သူ အီရန်ရှရီယာ က "ယေဘုယျအားဖြင့်တော့ အားကစားသမားတွေအနေနဲ့ လုံလောက်တဲ့ကြိုးစားမှုနဲ့ လက်တွေ့လေ့ကျင့်မှု တွေမလုပ်ရသေး ဘူးဆိုရင် အရေးကြီးတဲ့ပြိုင်ပွဲမတိုင်မီ ဘာမှမလုပ်တာ အကောင်းဆုံးပါပဲ"လို့ အဆုံးသတ်ပြောကြားခဲ့ကြောင်းပါ။

(တိုင်းမ်သတင်းစာမှ ဆောင်းပါးရှင် Eliana Dockterman ၏ World Cup: The Crazy Rules Some Teams Have About Pre-Game Sex ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)


From:Mizzima Sport News

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>