Quantcast
Viewing all articles
Browse latest Browse all 4837

လက်ရွေးစဉ် ဘောလုံးသမား ကြည်လင်း မိန်းမကိစ္စ ပြန်လည်ရှင်းလင်း


ဒီနေ့ မွန်းတည့် ၁၂း၀၀ နာရီလောက်မှာ စကြားရတာက မောင်ကြည်ကိစ္စ။ ဆက်သွယ် သတင်းပေးလာသူက အားကစားမီဒီယာက ညီငယ်လေး တစ်ဦးဖြစ်တဲ့ ကျော်သူစိုး။ ခေါင်းနပန်းတွေ ကြီးသွားသလို တော်တော်ကို စိုးရိမ်ပူပန်မိပါတယ်။ ချက်ခြင်း ဒီသတင်းနဲ့ ပတ်သက်ပြီး အတည်ပြုပေးနိုင်တဲ့လူတွေ သိနိုင်တဲ့ လူတွေဆီ ဖုန်းတဂွမ်ဂွမ်ဆက်ပြီး မေးမြန်းပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီသတင်းက Virus လိုပဲ တော်တော်ကို မြန်တဲ့နှုန်းနဲ့ ပြန့်နှံသွားတယ်။ ကျနော်ဆီလည်း ဖုန်းတွေ၊ Message box တွေကနေ ဒီသတင်းနဲ့ ပတ်သက်ပြီး ဟုတ်လား မဟုတ်လား မေးကြမြန်းကြပါတယ်။ ညနေ (၄း၀၀) လောက်မှာတော့ ကျနော် ဖြစ်ရပ်ကို အကြမ်းဖျင်း သိလိုက်ပါပြီ။ ဒီချိန်မှာ အသင်းက မီဒီယာ တာဝန်ခံ မင်းဝေကိုနဲ့ကော မောင်ကြည်နဲ့ကော ကျနော် ဖုန်းပြောခဲ့ရပါတယ်။


အမှန်တော့ ဒီဖြစ်ရပ်က အဲ့ဒီလောက် ဖြစ်သွားစရာ မရှိတဲ့ ပြဿနာပါ။ အုပ်ထိန်းသူတွေ အနေနဲ့ စိုးရိမ်ပူပန်မှုကို အရင်းခံပြီး နားလည်မှု လွဲခဲ့တယ်လို့ပဲ သုံးသပ်မိပါတယ်။ ဖုန်းဆက်သွယ်လို့ မရတာကြောင့် ရဲစခန်းမှာ အသိပေးခဲ့တာက နှစ်ဖက်စလုံးကို အရှက်ရ နစ်နာစေခဲ့ပါတယ်။ နှစ်ယောက်စလုံးဟာ လွပ်လပ်သူတွေပါ။ မောင်ကြည်က ချက်ခြင်းပဲ ကောင်မလေး မိဘတွေနဲ့ တွေ့ဆုံခဲ့ပြီး မနက်ဖြန်ပဲ လက်ထပ်ကြလိမ့်မယ်လို့လည်း မင်းဝေကိုဆီက သိရပါတယ်။ ဘာပဲ ပြောပြော မောင်ကြည်ကော၊ ကာယကံရှင် ကောင်မလေးကော အုပ်ထိန်းသူတွေရဲ့နားလည်မှု လွဲမှားခဲ့မှုအတွက် တော်တော်ကို အရှက်ရခဲ့ပါပြီ။ နှမသားချင်း မစာနာ ဆဲရေးနေကြတဲ့ သူတွေကြောင့်လည်း ဒီချိန်မှာ သူတို့ အရမ်းကို စိတ်ညစ်နေကြမှာပါ။ ဘာပဲပြောပြော လက်ထပ်တော့မယ် မောင်ကြည်တို့ စုံတွဲ စိတ်ချမ်းသာ ပျော်ရွှင်စွာ ရှေ့ခရီးဆက်နိုင်ပါစေကြောင်း ဆုတောင်းပါတယ်။

From: ဦးဘိုထွန်း

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>