Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒေါ်အောင်ဆန်းစုကြည်သည် ခွပ်ဒေါင်းမဟုတ်၊ Angry Bird စိတ်တိုနေသည့် ငှက်မကြီးသာဖြစ် ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြော

$
0
0
နေပြည်တော်၊ တပ်ကုန်းမြို့မှ အသက် ၇၆ နှစ်အရွယ်ရှိ ဦးစန်းလွင်နှင့် ပြဿနာ ဖြစ်ပွားခဲ့နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်သည် ခွပ်ဒေါင်းမဟုတ်၊ Angry Bird စိတ်တိုနေသည့် ငှက်မကြီးသာ ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောကြားလိုက်သည်။

၎င်းလွှတ်တော်ကိုယ်စားလှယ်က “ ပြောရရင် နိုင်ငံရေးသမားဆို တာ ဝေဖန်တာကို အပြုံး မပျက်တည်တည်ငြိမ်ငြိမ် နားထောင်ရမှာ ပဲ။ ဥပမာ အမေရိကန်သမ္မတ ဂျော့ဒဗလျူဘွရှ် ကို Press တစ်ခုမှာ ဖိနပ်နဲ့ လှမ်းပေါက် လိုက်တယ်။ ဒါတောင်အမေရိကန်သမ္မတ နော်။ ထိတော့ မထိဘူး သူက ရှောင်လိုက်နိုင်တယ်။ ဒီမှာပဲ သူက ကျွန်တော့်ကိုပေါက်လိုက်တဲ့ဖိနပ် က နံပါတ် ၇ ဖြစ်မယ်ထင်တယ်ဆိုပြီး ဟာသလုပ်ပစ်လိုက် တယ်။ ဒေါ်အောင်ဆန်းစုကြည်ကအဲဒီလိုသဘော မထားနိုင်ဘူးဗျ။ ဒီအဘိုးကြီးဝေဖန်တာ ကို စိတ်တိုပြီး ဘာဖြစ်တယ်၊ ညာဖြစ် တယ်ဆိုပြီး ပြန်ပြောတယ်။ ရန်တုံ့တယ်။ သူကပြောရမယ်ဆိုရင် ခွပ်ဒေါင်းတဲ့။ တကယ်တော့ခွပ်ဒေါင်း မဟုတ်ဘူး။ Angry Bird ဗျ။ စိတ်တိုနေတဲ့ ငှက်မကြီးပေါ့ဗျာ။ ဆိုလိုချင်တာက စိတ်မတိုရဘူးလေ။ စိတ်တိုတယ်၊ စိတ်ဆိုးတယ် ဆိုမှတော့ ခွပ်ဒေါင်းမှမဟုတ်တော့ဘဲ” ဟု ဆိုသည်။

ဆက်လက်၍ “အမေရိကန် လို ကမ္ဘာ့နိုင်ငံကြီးရဲ့သမ္မတJ.W. Bush တောင် ဒေါ်အောင်ဆန်း စုကြည် လို အပြောခံ၊ အဝေဖန်ခံရတာ မဟုတ်ဘူး။ ဖိနပ်နဲ့ကို ပစ်ပေါက်ခံရတာ။ ဒါတောင် သမ္မတBush က အပြုံးမပျက်ဘဲ ဟာသ လုပ်နိုင်သေးတယ်။ သတင်းစာရှင်းလင်း ပွဲကြီးမှာဗျာ။ ဖိနပ်နဲ့ပေါက်တဲ့ကောင်ကို သူကအပြုံးမပျက်ဘဲ ဟာသလုပ်ပစ် လိုက်တာ။ဒေါ်အောင်ဆန်းစုကြည်အနေ နဲ့လည်း ဟာသလုပ်ရမှာ။ ဒါပေမဲ့ သူ မလုပ်နိုင်ဘူး။ မလုပ်နိုင်ဘဲနဲ့ အဘိုးကြီး ကိုRecord ဖမ်းထား၊ ဘာလုပ်မယ်၊ညာ လုပ်မယ်နဲ့ပြောတာ။Bush က တကယ့် ဒီမိုကရေစီနိုင်ငံရဲ့ သမ္မတလေဗျာ။ ဒေါ်စု ကြည်က ခုမှဒီမိုကရေစီနိုင်ငံရဲ့ သမ်္မတ ဖြစ်ချင်ပါတယ်ဆိုတဲ့သူလေ၊ အလောင်း အလျာလေ။ ဒါကြောင့်ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်က ခွပ်ဒေါင်း မဟုတ်ဘူး။ Angry Bird ပဲ ဒေါင်းလည်း ငှက်ပဲ။ ဒါပေမဲ့ ဒေါ်စုကြည်က ဒေါင်း မဟုတ်ဘူး။ Angry Bird စိတ်တိုနေတဲ့ ငှက်မကြီးပေါ့ဗျာ” ဟု ယင်းက ပြောသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသားနှင့် အိမ်ထောင်ကျခဲ့ခြင်းနှင့် ပတ်သက်၍လည်း “သူဟာသူ နိုင်ငံခြားသားနဲ့ယူတာ ကျွန်တော်တို့ပေး စားတာမဟုတ်ဘူး။ ဘယ်သူကမှ မယူရင် သတ်မယ် ဆိုပြီး ပြောခဲ့လို့လား။ မြန်မာနိုင်ငံသားတွေကရော အဲဒီတုန်းက ဦးနေ၀င်း အစိုးရကရော မယူရင် သတ်မယ် ဘာညာ ပြောခဲ့လို့လား။ သူငယ်ငယ်ကတည်း က နိုင်ငံ့ခေါင်းဆောင် လုပ်မယ် ဆိုပြီး ရည်မှန်းချက် ထားခဲ့ရင် ဗိုင်း ကောင်းကျောက်ဖိနေခဲ့ရမှာပေါ့။ ငါ့အဖေ ကဗိုလ်ချုပ်အောင်ဆန်း။ ဗိုလ်ချုပ်အောင် ဆန်းကို တစ်တိုင်းပြည်လုံးက ချစ်တယ်။ အင်္ဂလိပ်ဆိုတာ ကျွန်တော်တို့ကို ကျွန်လုပ်ခဲ့တာလေ။ ငါ အင်္ဂလိပ်နဲ့ ယူလို့မရဘူးဆိုပြီး အဲလို စိတ်မျိုးသူမထားခဲ့ဘူးလေ။ ခုမှလာပြီး သမ်္မတဖြစ်ချင်တော့ ဘယ်ရမလဲဗျ။ အစ ကတည်းက ဗိုင်းကောင်းကျောက်ဖိနေခဲ့ ရမှာပေါ့။ အဲဒီတုန်းက သူ့ဟာသူယူခဲ့ ပြီးတော့။ ခုကျတော့ သူ့သားတွေက ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိတယ်။ မြန်မာနိုင်ငံသား ပြောင်းလို့ မဖြစ်ဘူး ဆိုပြီး ပြောတယ်။ ကိုယ့်သားလေး နှစ်ယောက်ကိုကျတော့ မပြောနိုင်ဘဲနဲ့ သန်းခြောက်ဆယ် ကို လာပြီး ပြောနေတာ တရားပါရဲ့လား။ ကဲ ကိုယ့်ညီတို့ပဲ စဉ်းစားကြည့်။ ကိုယ့်သွေးရင်း သားရင်း နှစ်ယောက်ထဲ ပြောရမှာ စည်းရုံးရမှာနဲ့ သန်းခြောက်ဆယ် ပြောရမှာ စည်းရုံးရမှာနဲ့ ဘယ်ဟာက ပိုပြီး လွယ်မလဲ။ ဒီတော့ ကျွန်တော်ကတော့ တမင်သက်သက် ကျွန်တော်တို့နိုင်ငံကို အနိုင်ကျင့်နေတယ် လို့ပဲ ခံစားရတယ်” ဟု ၄င်းက ပြောဆိုသည်။

အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆောင်ရွက်နေသည်များနှင့် ပတ်သက်၍လည်း “ဒီအကွက်တွေရိုးနေပြီဗျ။ ဘာဖြစ်လို့ ရိုးနေပြီးလည်းဆိုတော့ ၄၃၆ ဆိုတာ ခဏထားဦး။ အခြေခံဥပဒေပြင်ရင်ဥပဒေ ဘောင်တွင်း က ပြင်မယ်လို့ကာချုပ်က ပြောတယ်။ နောက်တစ်ခါ ဦးသိန်းစိန်ကလည်း အခြေခံဥပဒေပြင်မယ်မလောပါနဲ့လို့ပြောတယ်။ ဦးရွှေမန်းက ပြင်မယ်ပြော တယ်။ ခုလွှတ်တော်မှာကော်မရှင်တောင် ဖွဲ့ပြီးပြီ။ သုံးယောက်စလုံး က ပြင်မယ်ဆို တဲ့ စကားပါတယ်။ ပြင်မယ်ဆိုကတည်းက ပုဒ်မ ၄၃၆ ဆိုတာကြီးကို ဖွင့်ရမှာပဲလေ။ အဲဒီကစပြီးလုပ်ရမှာပဲ။ ဒါမှကျန်တာတွေ ကိုပြင်လို့ရမှာပေါ့ဗျာ။ တစ်ယောက်ကကျွန်တော် NLD မြို့နယ် အမှုဆောင်ပါတဲ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ပေးပါတဲ့။ ကျွန်တော် က မေးတယ်။ ဖွဲ့စည်းပုံမှာ ပုဒ်မဘယ်နှစ်ခု ရှိလဲသိလား။ အဲဒီထဲက ဘယ်ပုဒ်မကို ပြင်စေချင်ရတာလဲ လို့။ မေးတော့ ၄၃၆ ဆိုတာ ဘာမှန်း မသိဘူး။ အဲဒါခင်ဗျားက မသိဘဲ ဘာလို့ ပြင်ချင်တာလဲဆိုတော့ အထက်ကညွှန်ကြားလို့တဲ့။ နောက်တစ်နေရာ ထပ်ရောက် တော့ လူထုတွေ့ဆုံပွဲမှာ အခြေခံဥပဒေ ပြင်ပေးပါတဲ့။ သူလည်းNLD အမှုဆောင် ပါတဲ့။ အဲဒီတော့ ကျွန်တော်က ဟုတ်ပြီ။ ဘယ်ပုဒ်မပြင်စေချင်တာလဲ ဆိုတော့အဲဒီNLD အမှုဆောင်ဆိုတဲ့သူက ဘယ်ပုဒ်မ ပြင်ပေးရမလဲဆိုတာတော့ မသိဘူးတဲ့။ ပြီးတော့ကျွန်တော်ကအခြေခံဥပဒေပုဒ်မ ဘယ်နှခုပါလဲမေးတော့လဲ မသိဘူးတဲ့။ ဒါဆို ဘာလို့ပြင်ခိုင်းရတာလဲဆိုတော့ ဂျာနယ်ထဲမှာပါလို့ ပြင်ခိုင်းရ တာတဲ့။ NLD ဗျ။ အဲဒါကိုလည်း ညီလေးတို့ရေ အခြေခံဥပဒေပြန်ဖတ်လိုက်ဦး ဆိုပြီး တစ် အုပ်ပေးခဲ့လိုက်တယ်။ ခု ဒီပုဂိ္ဂုလ်တွေကပြင်မယ်လို့ပြောပြီးတာ တောင် ဒေါ်အောင်ဆန်းစုကြည်က ၈၈ နဲ့ပေါင်းပြီး ဇာတ်နာအောင်လုပ်နေ တယ်။ ဒါကုလားကွက်တွေဗျ။ ရိုးနေပြီ။ ကုလားကားထဲမှာ အမီတာဘဂျန်းတို့ ချတဲ့ ကုလားကွက်တွေကရိုးနေပြီဗျ။ ဂျက်ကီချန်းတို့ ချတဲ့သိုင်းကားကမှ ပို ကြည့်ကောင်းနေသေးတယ်။ အကွက်တွေမပြောင်းဘူး” ဟု ၄င်းလွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

NLD ပါတီနှင့် ၈၈ မျိုးဆက်ကျောင်းသားဟောင်းများ ပူးပေါင်း၍ တစ်နိုင်ငံလုံးအနှံ့ ဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံသည့် လက်မှတ်များ ကောက်ယူလျက် ရှိကြောင်း သိရှိရသည်။
From:ပြည်သူ့အာဏာ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


TTA Oreo Gapp Installer


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ကျေးဇူးပြု၍ နောင်လာနောင်သားတွေအတွက် ထားခဲ့ပေးပါ(Please keep reserve for next...


ပ​ထွေးဖြစ်သူမှ မယားပါသမီးကို အဓမ္မကျင့်​မှု ရပ်ကွက်လူကြီးများနဲ့ ပက်ပင်းမိ !!!


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>