Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကျွန်တော် မားဆိုး ဖြစ်ချင်ခဲ့ဖူးသည် ….

$
0
0

မားဆိုး ဘ၀က လွတ်လပ်သည် …
ချုပ်နှောင်ထားသော စည်းမရှိ …
ကန့် သတ်ထားသော ဘောင်မရှိ …
ကိုယ့် ဘ၀ သေးသေးလေးထဲ …
ကိုယ် ကြိုက်သလို ...
လွင့်မျော ရှင်သန်နေခွင့်ရှိသည် …

မားဆိုး ဆိုတာက …
Albert Camus ရဲ့  …
The Outsider စာအုပ်ထဲက ဇာတ်ကောင်တစ်ယောက် ….
ဆရာထင်လင်း က …
စည်းအပြင်ကလူ အမည်နှင့် ဘာသာပြန်ထားသည် …
ကျွန်တော် ၈တန်း လောက်မှာ ဒီ စာအုပ်ကို စတွေ့ သည် …
ကျွန်တော် မားဆိုး အရမ်းဖြစ်ချင် သွားသည် …

မားဆိုး က ပြောပြသည် …
ကျွန်တော်တို့ ဟာ ကိုယ့်ဖာသာ ပြန်ဆွဲခဲ့ကြသော ….
လူ အဖွဲ့ အစည်းတွေ …
စည်းတွေ စနစ်တွေ ဘောင်တွေထဲ …
ကိုယ့်ဖာသာ တစ်သက်လုံး ပိတ်မိနေကြသည် တဲ့ …

တကယ်တော့ ဒါတွေက အပို …
လူဟာ ဘယ်လိုနည်းနဲ့  လူဖြစ်လာသည်ဖြစ်စေ …
ကိုယ့် ဘ၀ကို ကိုယ်ပိုင်သည် …
ကိုယ် ရယ်ချင်မှ ရယ်မည် …
ကိုယ် ငိုချင်မှ ငိုမည် …
ကိုယ် ၀မ်းသာချင်မှ သာမည် ..
ကိုယ် နူတ်ဆက်ချင်မှ ဆက်မည် …
ကိုယ့် ဘ၀ထဲ ကိုယ် ကြိုက်သလို နေထိုင်မည် …
ကိုယ့် ဘ၀ ကိုယ်သာ အရှင်သခင်ပေါ့ …

မားဆိုး ကို သဘောကျသည့်နေ့ ကစလို့  ..
ကျွန်တော် မားဆိုးစတိုင် စ ဖမ်းသည် …
စိတ်ရှုပ်နေရင် မျက်နှာပုတ်နှင့်နေသည် …
စကားပြောချင်စိတ် မရှိရင် ဘယ်သူနှင့်မှ မပြော …
ရယ်ချင်စိတ် ပေါ်လာရင် …
တစ်ယောက်တည်း အူလှိုက်သည်းလှိုက် ရယ်သည်…
စိတ်ထင်သလို လုပ်သည် …

အကျိုးဆက်က …
သူငယ်ချင်း ၅ယောက်လောက် နှင့် ခွာပြဲသွားသည် …
ဆရာမ က အတန်းရှေ့ ခေါ်ထုတ်ကာ ..
ကြိမ်လုံးကြီးကြီး နှင့် အသားကုန်ဆော်သည် …
အတန်းထဲ ကိုယ့်ဘေးနားခုံက …
ကျောင်းသားနှစ်ယောက် နေရာပြောင်းသွားသည် …
အဖေနှင့် အမေက မျက်ခြေမပြတ် စောင့်ကြည့်သည် …
ကျွန်တော် နည်းနည်းတော့ ဖြုံသွားသည် ….
အော် … မားဆိုး မားဆိုး …

မန်းလေး GTI ကျောင်း ( ယခု အမျိုးသမီးဆေးရုံ ) နောက်ကျော…
ပန်ဒါလေး တီးဟောက်စ် က …
ကျွန်တော် တို့ Chess ထိုးနေကျ နေရာ …
သူငယ်ချင်းတွေ နဲ့ ရော …
မျက်နှာ အစိမ်းအကျက် မရွေး ….
ကျွန်တော်တို့  နေကုန် ….
သဲကြီးမဲကြီး Chess ထိုးလေ့ရှိကြသည် …

သွားပြန်ပဟ မားဆိုးရ …
သူငယ်ချင်း တစ်ဦးက ဘေးမှ ထောမနာပြုသည် …
ကျွန်တော် ပြာနေပြီ …
သုံးပွဲဆက်တိုက် ရှုံးနေပါပြီ …

ပြိုင်ဘက်က မျက်နှာစိမ်း ….
ထိုင်နေကျ မဟုတ် …
အသက် ၃၅ လောက် ...
အသားညိုသည် …
မျက်နှာသွယ်သည် …
အရပ်ရှည်သည် …
ဆံပင်က တိုတိုကပ်ကပ် ….
တစ်ချက်တစ်ချက် နှစ်လိုစွာ….
ခပ်ချိုချို ပြုံးတတ်သည် …

မားဆိုး ဆိုတာ …
ကမူးရေးတဲ့ ထဲက မားဆိုးလား ညီလေး …
ဟုတ်ကဲ့  …
ကျွန်တော့် ဖေးဘရိတ်မို့  ပြောင်နေကြတာ …….
………………
အော် … ဟု သူက ခပ်ဖွဖွ အသံပြုသည် …
အဲနေ့ က …
ကျွန်တော် စုစုပေါင်း ၇ ပွဲ ရှုံး ခဲ့ပါသည် ….

မားဆိုးရဲ့ ပြသနာက တကယ်တော့ …
စည်း စနစ် ဘောင်တွေကို မကြိုက်တာ မဟုတ် …
လူ့ အဖွဲ့ အစည်းကို မကြိုက်တာ ညီလေးရ …

လူတွေက အုပ်စုဖွဲ့ နေလာကြတဲ့ အခါ ….
အုပ်စု တည်မြဲဖို့ အတွက် …
ခေါင်းဆောင် ဆိုတာ ပေါ်လာတယ် …
အလုပ်တာဝန် ခွဲဝေမှု စနစ် ပေါ်လာတယ် ..
လူ့ အဖွဲ့ အစည်းတစ်ခု ဖြစ်လာတယ် ဆိုကြပါစို့ …

အဲဒီ အဖွဲ့ အစည်း တည်မြဲဖို့ …
ဥပဒေတွေ စည်းကမ်းတွေ ထုတ်လာရတယ် …
မလိုက်နာတဲ့ သူကို ….
Punishment လုပ်ရတာတွေ ဖြစ်လာတယ် ….

ဘယ်သူမှားသလဲ …
ဘယ်သူ့ မှန်သလဲ ဆိုတော့ …
ဘယ်သူ မှ မမှားဘူး ……
တစ်ဦးချင်း နေရာက စဉ်းစားတာနဲ့  ..
အဖွဲ့ အစည်းနေရာက စဉ်းစားတာ …
ရူထောင့် မတူကြတဲ့  ပြသနာ ပဲ ညီလေးရ ….

အဲဒါဆို အဲဒီ လူ့ အဖွဲ့ အစည်းထဲ မနေပဲ …
ကိုယ့်ဖာသာ တစ်ယောက်တည်း နေရင်ရော ….
အဲဒီ စည်းကမ်းတွေ မလိုက်နာ လို့ ရလား …
ကျွန်တော်က ညစ်ကျယ်ကျယ် စောဒက တက်လိုက်သည် …

ဟာ … ရတာပေါ့ …
သူ က ခပ်ဖွဖွ ပြုးသည် …
နောက် ... မျက်နှာ ပြန်တည်သွားသည် …

လူဆိုတာ အုပ်စု နဲ့  နေတဲ့  သတ္တ၀ါ ပါ ညီလေးရယ် …
မင်း ဘယ် Survive လုပ်နိုင် ပါ့မလဲ ….
တစ်နေ့ မှာ မင်း ကိုယ်တိုင် …
အဖွဲ့ အစည်း နဲ့  လူ တစ်ဦးချင်း ကြား ….
ဗျာများရတာမျိုး …
မကြုံဘူးလို့  မင်း ဘယ်ပြောနိုင်ပါ့မလဲကွာ ….

ကျွန်တော် သိပ်တော့ နားမလည် …
သို့ သော် …. ရှိပါစေတော့ ….
ညကလဲ နက် .....
လက လဲ ထွက်နေပြီ မဟုတ်လား ….

============================

ဗိုလ်ကြီး …. ဟိုကောင် ၆ရက် ရှိနေပြီ …

နေရာ က ….ရှမ်းပြည်မြောက်ပိုင်း ….
အမှတ် ( ) အမြောက်တပ်ရင်း လောက်ကိုင် ….
သင်တန်းက ခြေလျင် အကူပစ် လက်နက်ကြီး သင်တန်း …
သင်တန်းသား အရာရှိ ၂ ယောက် …
တပ်ပေါင်းစုံက အခြားအဆင့် ၇၀ ယောက် …

သင်တန်းသားတစ်ယောက် ပြန်မလာတာ ၆ ရက်ရှိပြီ …
တပ်ကြပ် သိန်းဝင်း …
အိမ်ပြန်မည်ဟု ပြောသွားသည် …
သူ့ မိန်းမက တပ်ပြင်နေသူ …
ကလေးနှစ်ယောက် နဲ့  လားရှိုးမှာလို့ သိရသည် …
နေရာတော့ အတိအကျ မသိ …

ဘာကိစ္စလို့ ပြောသွားတာလဲ …ဆရာကြီး …
မိသားစု ကိစ္စလို့ ပဲ ပြောသွားတယ် …
တစ်ခြားဘာမှ မပြောသွားဘူး …
ခဏပဲ …အချိန်မီ ပြန်လာမှာလို့  ...
ဗိုလ်ကြီးကို ပြောပေးပါလို့  မှာသွားတယ်တဲ့  …
………………..
ပြသနာပဲ ဗျာ….
……………………….

======================

ညီလေး မင်းသိတဲ့ အတိုင်းပဲ …
တပ်က လဲ ဒကစ နဲ့ က ကပ်ရက် …
ကိုယ်တို့  သင်တန်းကိုလဲ ...
ဒကစမှူးက ခဏခဏ လာနေတော့ …
…………………….
ကျွန်တော် ခဏတော့ ....
စောင့်ကြည့်ချင်သေးတယ် ဗိုလ်မှူး ….
..........................
အေးအေး ….. ညီလေး သဘောပဲ လေ…
ဖြစ်လာရင်တော့ ညီလေးတာဝန်ယူရမှာပဲ …
…………………..
ဟုတ်ကဲ့ ခင်ဗျ …

=======================

မင်းတို့ ကွာ …

ရှေ့ မှာရပ်နေသူက သင်တန်းက ရဲဘော် နှစ်ဦး …
ညက တပ်ပြင်ခိုးထွက်သည် …
ထုံးစံအတိုင်း မူးသည် ..
အပြန် ဒကစ ဂိတ်က တပ်ထိန်း ....
နောက် ... လုံခြုံရေး စစ်သည်များနှင့် …
ဂိတ်မှာ စကားများသည် …
ဟိုက ဘာမှတော့ မလုပ်လိုက် …
မနက်မှ ဒကစ စစ်ဆင်ရေးကို သတင်းပို့ သည် …
ရဲမိုး တစ်ယောက် …
စစ်ဆင်ရေး G3 ၏ သြ၀ါဒကို ....
နှစ်နာရီလောက်…
သတိအနေအထား နှင့် နာယူလိုက်ရပြီး ဖြစ်ပါသည် …

မင်းတို့  အိမ်သာကျင်း တစ်ယောက် တစ်ကျင်းတူးရမယ် …
ညနေ သင်တန်း တန်းဖြုတ်ချိန် တူး …
ဒီနေ့ အပြီးတူးရမယ် …
ပြီးရင် ငါ့လာ သတင်းပို့  …

ဗိုလ်ကြီး ….
ဟေ ….
.............................
ကျွန်တော်တို့ တစ်ခု သတင်းပို့ လို့ ရလား ….
အေး…. ရတယ် … ပို့  …

ဗိုလ်ကြီး က မတရားဘူးဗျ ….
ဆရာသိန်းဝင်း လားရှိုး ပြန်သွားတာကျတော့ …
ဘာမှ မလုပ်ဘူး …
ကျွန်တော် တို့ ကျတော့ …
အပြင်ခဏလေးထွက်တာကို …
…………………………..
…………………………..

ဘာကွ ..ဟေ့ကောင် …
မင်း စစ်သားမဟုတ်ဘူးလား ….
ဘာ စကားပြောတာလဲ ….
ဘေးနားက ခမရ ( ) က တပ်ကြပ်ကြီး က …
ဒေါသထွက်စွာ ရှေ့ တစ်လှမ်း တိုးလာသည် …

နေနေ ..ဆရာကြီး …
ရဲမိုး တစ်ယောက် မချိပြုံး ပြုံးရင်း …
လက်ကိုသာ အသာအယာ ကာပြလိုက် မိပါတော့သည် ….

============================

ပြန်စဉ်းစားကြည့်တော့ ...
အဖြစ်အပျက်တို့ က မနေ့ တစ်နေ့ ကလိုပင် …
နောက်တစ်ရက်မှာ …
ရဲမိုး …. ဆရာသိန်းဝင်းကို ခွင့်မဲ့ ပျက်ကွက် ရေးတင်သည် …
တင်ပြီး နောက်၂ရက်လောက် အကြာ…
ပြန်ရောက်လာသည် …

လာ သတင်းပို့ ချိန် …
ခွင်မဲ့ ပျက်ကွက် တင်လိုက်ပြီ ဖြစ်ကြောင်း ရှင်းပြတော့ …
ဗိုလ်ကြီး … လုပ်ရက်တယ် ဟု ဆရာသိန်းဝင်း ဆိုသည်…
နောက် မျက်ရည်ဝဲသည် …
အံကို တင်းတင်း ကြိတ်သည် …
ရပါတယ်ဗျာ စစ်သားပဲ …
လုပ်ရဲ ရင် ခံရဲရမှာပေါ့ ဟု ထပ်ဆိုသည် …

ဆရာသိန်းဝင်း ပြန်ရောက်လာပြီ ဖြစ်ကြောင်း …
ဒကစ ကို သတင်းပို့ တော့ …
အမြောက်တပ် အချုပ်ထဲ ထည့်ထားရန် ညွှန်ကြားသည် …
ခုံရုံး လုပ်သည် ….
အရစ် ဖြုတ်ခံရသည် ….
တပ်တွင်း အချုပ်ကျသည် …

ဆရာသိန်းဝင်းကို အချုပ်ထဲ ထည့်ပြီး အပြန် …
ရဲမိုး မျက်ရည်ဝဲ ရတာကိုတော့ ….
မှောင်ရီ တရော မို့  …
ဘယ်သူမှ မမြင်နိုင်တော့ လေပြီ ……

========================

မနေ့ ည …
အတိတ် က အရိပ်တစ်ချို့ ကို …
ပြန်မက်ဖြစ်နေတဲ့  အိပ်မက်ဖြစ်ပါသည် …

ဖျတ်ကနဲ လန့် နိုးချိန် …
ဘေးနားမှာ ....
သံဃာအဖွဲ့ အစည်း ဥပဒေ စာအုပ်လေးက…
ဖိအိပ်မိလို့ တွန့် ကျေနေသည် …

အဖွဲ့ အစည်း နဲ့ တစ်ဦးတစ်ယောက် ..
တစ်ဦးတစ်ယောက်နဲ့ အဖွဲ့ အစည်း ပဋိပက္ခ …
ကမ္ဘာတည်သရွေ့  မပြီးဆုံးနိုင်တော့ ပြီလား ….
………………
................................

ကျွန်တော် ….
မားဆိုး မဖြစ်ချင်တော့ပါ …. ။ ။

( ရဲမိုး )
 
 
From: Ye Moe

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>