Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အောင်မင်း....မင်းလွန်တယ်

$
0
0
အောင်မင်း... မင်းလွန်တယ်... ဟုတ်တယ်... တစ်နည်းအားဖြင့် ၀န်ကြီး ဦးအောင်မင်း ခင်ဗျားလွန်တယ်.... ဘာလို့လွန်တာလဲ... တပ်မတော်သား တစ်ယောက်ဖြစ်ခဲ့ဖူးပြီး တပ်မတော်မှာ ရာထူးကြီးကြီးလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ယောက်အနေနဲ့ ကိုယ်ကျင်လည် ကျက်စားခဲ့ရတဲ့ အဖွဲ့အစည်းကို သစ္စာဖောက်တယ်၊ မပြောသင့်တဲ့ စကားကိုပြောတယ်... ဒါတွေအတွက် ခင်ဗျားလွန်တယ်။ အခုအချိန် အင်တာနက်ပေါ်ပြန့်နေ တာတွေ ကြည့် လိုက်ရင် သူရဘွဲ့တွေဘာတွေဆိုတာ ပေးစရာမလိုဘူး၊ တပ်မတော်သားတွေ ဦးထိပ်ပန်ဆင်ပြီး နေ့စဉ်ဆိုရတဲ့ သစ္စာလေးချက်ကို ပြင်သင့်တယ်ဆိုတဲ့ ၀န်ကြီးပြောခဲ့တဲ့စကားတွေပါပဲ။
ချစ်ခင်ရတဲ့မိသားစုတွေနဲ့ခွဲခွာပြီး နိုင်ငံတော်လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးဖို့အတွက် နယ်စပ်ဒေသအပါအ၀င် တောထဲတောင်ထဲမှာ ပင်ပန်းဆင်းရဲကြိးစွာနဲ့ နေထိုင်နေကြရတဲ့တပ်မတော်သားတွေ၊ ခရီးရှည်ချီတက်နေကြရတဲ့ တပ်မတော်သားတွေသာ ကြားရင်တော့ ၀န်ကြီးကိုနေရာမှာတင် ပစ်သတ်လေမလားမပြောတတ်ပါ။ တခြားအရပ်ဘက်ကလူတစ်ယောက်က ပြောရင်ထားပါတော့။ အခုတော့ တပ်မတော်မှာ နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့တဲ့လူတစ်ယောက်က ပြောတဲ့စကားဖြစ်တဲ့အတွက် ပိုပြိးခံပြင်းတယ်၊ ကျဆုံးသွားတဲ့ တပ်မတော်သားတွေကိုယ်စား ဒေါသထွက်တယ်၊ နာကျင်ရက်တယ်၊ ပြောရက်လိုက်လေခြင်းလို့လည်း စိတ်မကောင်းဖြစ်မိတယ်။

ဝန်ကြီးအနေနဲ့ ငြိမ်းချမ်းရေးစင်တာမှာပါဝင်ပြီး ငြိမ်းချမ်းရေးရရှိအောင် အပစ်အခတ်ရပ်စဲနိုင်အောင်ကြိုးစားတယ် လုပ်ဆောင်နေတယ်ဆိုတာမှန်ပေမယ့် ၀န်ကြီး အခုလိုအောင်မြင်အောင် အကောင်အထည်ဖော်ပေးနေတာကလည်း တပ်မတော်သားတွေပါပဲ။
ရည်မှန်းချက်စခန်းကုန်းတစ်ခုကိုရဖို့ အသက်သွေးချွေးများစွာ စတေးပြီး ရခါနီးကျမှ ငြိမ်းချမ်းရေးအတွက်ဆိုပြီး ၀န်ကြီးတို့ မျက်နှာပန်းလှဖို့အတွက်  အံတကြိတ်ကြိတ်၊ တောက်တခေါက်ခေါက်နဲ့ ပြန်ဆုတ်လိုက်ရတဲ့ အဖြစ်တွေကို ၀န်ကြီးနားလည်မှာမဟုတ်ပါဘူး။ နေ့မအိပ်ညမအိပ်တိုက်ပြီးမှရခဲ့ရတဲ့ စခန်းကုန်းတွေ၊ ပင်ပန်းဆင်းရဲခံပြီး အရယူခဲ့တဲ့ အချက်အခြာမြေတွေကို ၀န်ကြီးတို့ရဲ့ စားပွဲဝိုင်းပေါ်က
ရှန်ပိန်ခွက်တိုက်သံတွေအောက်မှာ အသာတကြည် ပြန်ပေးလိုက်ရတာတွေကို တပ်မတော်သားတွေနဲ့ ကျဆုံးသွားခဲ့တဲ့ တပ်မတော်သားတွေရဲ့ ဇနီးတွေ၊ မိသားစုတွေက အခဲကျေမယ်ထင်သလား ဦးအောင်မင်းခင်ဗျား။ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး တွင်တွင်အော်နေတုန်းမှာပဲ တစ်ပါတ်စဉ်ထဲသူငယ်ချင်းတွေ၊ စီနီယာတွေ၊ ရဲဘော်ရဲဘက်တွေ တဖြုတ်ဖြုတ်နဲ့ သေပေးနေကြရတာကိုမှမထောက် ခင်ဗျားမို့လို့ ပြောရက်တယ်။

တကယ်တော့ ခင်ဗျားကိုဒီနေရာ ဒီအခြေအနေရောက်လာအောင် အောက်ခြေက ကျွန်တော်တို့လို နွားတွေကပဲ အသေခံ အပြတ်ခံ အငတ်ခံပြီး လုပ်ကျွေးလာခဲ့ကြတာပါ။
ကိုယ်ဘယ်ဘ၀ကလာသလဲဆိုတာ မမေ့သင့်သလို ကိုယ့်ကို ဒီလိုအခြေအနေရောက်ရှိလာအောင် လုပ်ဆောင်ပေးခဲ့တဲ့ အဖွဲ့အစည်းအပေါ်ကိုလည်း ကျေးဇူးမကန်းသင့်ပါဘူး။
ဒေါင်းယောင်ဆောင်တဲ့ ကျီးလိုလုပ်နေရင်တော့  ဒေါင်းအဖွဲ့အစည်းကလည်း
ကျီးဖြစ်လို့ မယုံဘူး။ သုံးစားလို့ရရင် အသုံးချမယ်။ အသုံးချပြီးရင်ကန်ထုတ်မှာပဲ။
ကျန်တဲ့ အဖွဲ့အစည်းကလည်း ခင်ဗျားကို သစ္စာဖောက်အဖြစ် ရွံရှာစွာသတ်မှတ်မှာပါပဲ။

တပ်မတော်ကိုခုတုံးလုပ်ပြီး ဒီနေရာကို ရောက်လာခဲ့တဲ့ ဦးအောင်မင်းအနေနဲ့ တပ်မတော်အပေါ် ထပ်ပြီး ခုတုံးမလုပ်သင့်တော့ပါဘူး။ ကျွန်တော်တို့မှာတော့ ကိုယ့်တပ်မတော်ကထွက်သွားတဲ့ လူကြီးတွေအပေါ်မှာ တပ်မတော်မှာ တာဝန်မထမ်းဆောင်တော့တာတောင်မှ သစ္စာစောင့်သိပြီး အတိုက်အခံတွေဘက်က ပြောသမျှကို တစ်ခွန်းမကျန် ၀န်ကြီးတို့ဘက်ကနေ ပြောပေးနေခဲ့ကြတဲ့ သူတွေချည်းပါပဲ။ အခုတော့ အားလုံးကို ဘောပဲလို့ ပြောလိုက်တာနဲ့အတူတူပါပဲ။ အားလုံးရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်လိုက်တာပါပဲ။

တပ်မတော်အသိုင်းအ၀ိုင်းတစ်ခုလုံးကိုလည်း ဂရုမစိုက်ရာကျသလို၊ တပ်မတော်နဲ့ ယုံကြည်စွာတည်ဆောက်ထားနိုင်တဲ့ နွေးထွေးတဲ့ဆက်ဆံရေးကို အေးစက်သွားအောင် လုပ်ပစ်လိုက်သလိုပါပဲ။ တပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့လည်း မပြောရင်သာရှိမယ် ဦးအောင်မင်းအပေါ်ကိုတော့ နှစ်လိုဖွယ်ရှိမှာ မဟုတ်တော့တာတော့ အသေအချာပါပဲ။

တကယ်တော့ စစ်တပ်မကောင်းကြောင်းပြောမှ လူတွေလက်ခုပ်သံရမယ်ဆိုတဲ့ အတွေးဟာ စစ်ထွက်ဝန်မင်းအချို့ခေါင်းထဲထိပါ ရောက်နေတာတွေ့ရတာ...အံ့သြစရာပါ။
လက်ခုပ်သံကို လူတိုင်း မက်မောကြတာ သဘာဝပေမယ့် လက်ခုပ်သံကို ဘယ်တော့မှ မတောင်းပါနဲ့။ ခင်ဗျားလုပ်ရပ်တွေကောင်းတယ်ထင်ရင် သူတို့ အလိုလို ပေးပါလိမ့်မယ် ။  နောင်တဆိုတာ နောင်မှရတာမကောင်းပေမယ့် ကိုယ်ကျင်လည်ခဲ့ရတဲ့ အဖွဲ့အစည်းနဲ့ တပ်မတော်သားတွေအပေါ်
လုံးဝ ခွင့်လွှတ်နိုင်စရာမရှိအောင် စော်ကားခဲ့တဲ့ ခင်ဗျားရဲ့ လုပ်ရပ်နဲ့အပြုအမူအတွက် တူသောအကျိုးပေးလာပါလိမ့်မယ်လို့ ပြောလိုက်ချင်ပါတယ် ဦးအောင်မင်း။
 
 
From:MEG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>