Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အိန္ဒိယရောက်စဉ်က ဗုဒ္ဓဂါယာ မသွားပဲ နီပေါရောက်မှ လုမ္ဓနီသွားသည့် ဒေါ်စု ပြင်းပြင်းထန်ထန် ဝေဖန်ခံရ

$
0
0

နီပေါနိုင်ငံရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်မှ ဗုဒ္ဓဘုရားလောင်း သိဒ္ဒတ္တမင်းသား ဖွားမြင်ရာ လုမ္ဗနီဥယျာဉ် သို့ သွားရောက်ကြည်ညို ခဲ့ကြောင်း၊ ဗောဓိညောင်ပင် စိုက်ခဲ့ကြောင်းအပြင် ဗုဒ္ဓဘုရားဖွားမြင်ရာ လုမ္ဗနီမှ တစ်ကမ္ဘာလုံးသို့ဒီမိုကရေစီ ပျံ့နှံ့စေလိုသည်ဟု မိန့်ခွန်းပြောခဲ့ကြောင်း မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပြုမှုလုပ်ဆောင်မှုများသည် ဗုဒ္ဓဘာသာ မြန်မာပြည်သူတို့အတွက် အားရဖွယ်ဟု သက်မှတ်နိုင်သော်လည်း လုမ္ဗနီခရီးစဉ်ကြောင့် သံသယဖြစ်စရာ၊ မေးခွန်းထုတ်စရာ နှင့် စိတ်ပျက်ဒေါသထွက်စရာများရှိနေသည်။ 

နီပေါသို့ ရောက်စဉ် လုမ္ဗနီသို့ သွားရောက်ခြင်းသည် ဗုဒ္ဓဘာသာ တိုင်း မဖြစ်မနေလုပ်ဆောင်လေ့ရှိ သော ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်သည်။ အလားတူ အိန္ဒိယရောက်လျှင် ဗုဒ္ဓဂါယာသို့ သွားရောက်ကြည်ညိုခြင်း၊ ရန်ကုန်ရောက်လျှင် ရွှေတိဂုံ၊ မန္တလေးရောက်လျှင် မဟာမုနိ ဘုရားကြီးသို့ သွားရောက်ဖူးမြော်ခြင်းမှာ ဗုဒ္ဓဘာသာတိုင်းအတွက် အထူးအဆန်းမဟုတ်တော့ပေ။ သို့သော် ထူးဆန်းသည်မှာ ဗုဒ္ဓဘာသာဝင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အိန္ဒိယသို့ရောက်စဉ် ဂေါတမမြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂါယာသို့ လည်းကောင်း၊ မန္တလေးသို့ (၂) ကြိမ်ရောက်စဉ် မဟာမုနိဘုရားကြီးသို့ လည်းကောင်း တစ်ခါမှ မသွားရောက်ခဲ့ပေ။ ရန်ကုန်တွင်နေထိုင်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ရွှေတိဂုံစေတီသို့ပင် သားဖြစ်သူကို လိုက်ပို့သည့် တစ်ကြိမ်သာရောက်ခဲ့ဖူးပြီး လပြည့်၊ လကွယ်နေ့များတွင် ဘုရားကျောင်းကန်သို့ သွားရောက်ခြင်းမျိုးမှာ အသက် ၆၉ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဘဝတွင် မရှိသလောက်ဖြစ်သည်။  သို့ဖြစ်၍ ဘုရားပွင့်ပြီးနောက်ပိုင်း တရားတော်နှင့် ဗုဒ္ဓဝင်များ ပျံ့နှံ့ရာ ဗုဒ္ဓဂါယာသို့ မသွားပဲ ဘုရားမဖြစ်ခင် မင်းသားမွေးဖွားသည့် လုမ္ဗနီသို့ သွားခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။ 


ဒေါ်အောင်ဆန်းစုကြည်မှာ ယခင်ကတည်းက ဘာသာရေးလိုက်စားမှု အားနည်းသူဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာအပေါ် လေးလေးနက်နက် ယုံကြည်မှုမရှိသူဖြစ်ကြောင်းနှင့် ယခု လုမ္ဗနီသို့ သွားရောက်ခြင်းမှာ သူမအား ကုလားမဟု ပြောဆိုနေကြသဖြင့်သာ သွားတာ ဖြစ်နိုင်ကြောင်း ဝေဖန်မှုများရှိနေပြီး လုမ္ဗနီရောက် ဒေါ်အောင်ဆန်း စုကြည်မှ ဗုဒ္ဓဘုန်းတော်ကြီး၏ သံဃာစင်ပေါ်သို့တက်ကာ ဘုန်းကြီးဘေးတွင် ကြမ်းတပြေးတည်း တက်ထိုင်ခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာဝင် အများအပြားမှ ဒေါသ ထွက်စေခဲ့သည်။ 


“သိကြားမင်းကတောင် စည်တော်လက်ဆောင်ပေးရတဲ့ ဗိဿနိုး ဘုရင်မဖြစ်နေပါစေ သံဃာစင်ပေါ်တော့ မတက်ခိုင်းခဲ့ဘူး.. ဗုဒ္ဓဘာသာမှန်ရင် မိန်းမဆိုတာ ခွေးထီးကိုတောင် ကျော်ခွမသွားရဘူး ဆိုတာ… နားလည်သင့်တယ်..” ဟု ဆရာတော် တစ်ပါးမှ ဆိုသည်။ ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ဘွဲ့ပေါင်းများစွာ၊ ဆုပေါင်းများစွာ ရရှိထားသော်လည်း ဘာသာရေးအသိနည်းခြင်းမှာ ကြီးမားသော အားနည်းချက်ဖြစ်နေသည်။ မကြာသေးခင်ကလည်း ဆရာတော် အရှင်ဆန္ဒာဓိက နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ တပြေးတည်း အတူထိုင်ခဲ့ဖူးပြီး ဗုဒ္ဓဘာသာဝင် ပြည်သူများသာမက သံဃာထုကပါ ရှုံ့ချမှုများရှိခဲ့ဖူးသည်။
 
From:MEG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>