Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဟီလာရီကလင်တန် ရေးသားသည့် ဒေါ်နှင့် ယက်တောအကြောင်းဖွင့်ချမှု...

$
0
0
အပိုင်း(၃)
အမေရိကန်နိုင်ငံခြားရေးဝန် ကြီး တစ်ဦးအနေဖြင့် ကျွန်မ၏ ပထမဆုံးအာရှခရီးစဉ်က ၂၀၀၉ ခုနှစ်    ဖေဖော်ဝါရီလမှာဖြစ်ပါ သည်။ ဒေသတွင်းက ခေါင်းဆောင်များနှင့် သူတို့၏ မြန်မာနိုင်ငံအပေါ် အမြင်များကို ကျွန်မက တိုင်ပင် ဆွေးနွေးခဲ့ပါသည်။
ကျွန်မတို့ကို   လှိုက်လှိုက် လှဲလှဲထောက်ခံအားပေးသူက အင်ဒိုနီးရှားသမ္မတစူစီလိုဘမ် ဘန်ယူရိုယူနိုဖြစ်သည်။   သူက မြန်မာစစ်ဗိုလ်ချုပ်များနှင့်လည်း စကားပြောဆိုထားပြီး   အခြေ အနေကိုကြည့်ရသည်မှာ တိုး တက်မှုများ   ဖြစ်လာနိုင်စရာရှိ သည်ဟုဆိုသည်။   ယူရိုယူနို ကိုယ်တိုင်က စစ်ယူနီဖောင်းချွတ် ပြီး သမ္မတတာဝန်ယူထားသူဖြစ် ရာ ကျွန်မအတွက် ထိုအချက်က အတော်အလေးသာသွားရပါ သည်။ ထို့အပြင် မြန်မာစစ်အစိုး ရကလည်း အမေရိကန်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် စိတ်ဝင်စား နေကြောင်း သူက ကျွန်မတို့ကို ပြောပြပါသည်။    ကျွန်မတို့က မြန်မာနိုင်ငံတွင်    အမေရိကန် သံအမတ်  မထားရှိသည်မှာ နှစ် ပေါင်းများစွာ   ရှိနေပြီဖြစ်သော် လည်း တစ်ခါတစ်ရံဆက်သွယ် သည့်လမ်းကြောင်းများတော့ရှိပါ သည်။ ဆွေးနွေးညှိနှိုင်းမှုအလား အလာများကတော့ စိတ်ကျေနပ် စရာပင်။
မတ်လတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီး တန်းသံတမန်အရှေ့တောင်အာရှ ဆိုင်ရာညွှန်ကြားရေးမှူး စတီဖင် ဘလိတ်ကို ကျွန်မက မြန်မာနိုင်ငံ သို့ စေလွှတ်လိုက်ပါသည်။ ကံကောင်းသည်လားတော့ မပြောတတ်။     မြန်မာစစ်အစိုးရက ဘလိတ်ကို နိုင်ငံခြားရေးဝန်ကြီး နှင့် တွေ့ခွင့်ပေးရန်ရှားရှားပါးပါး ကမ်းလှမ်းလာခဲ့သည်။ ဘလိတ် ကလည်း သဘောတူပြီး ၂၀၀၅ ခုနှစ်က  အစိုးရတည်ထားသော တောကြီးမျက်မည်းအလယ်က မြို့တော်သစ်နေပြည်တော်သို့ ရောက်ရှိသွားသည့် ပထမဆုံး အမေရိကန်အရာရှိကြီးဖြစ်သွား ရပါသည်။ လူပြောများနေသည့် ကောလာဟလများအရ ထိုနေ ပြည်တော်တည်ရာအရပ်သည် ဗေဒင်ဆရာများ၏ အခါတော် ပေးချက်အရ ရွေးချယ်ထားခြင်း ဟု ဆိုပါသည်။
ဘလိတ်သည် ဒေါ်အောင် ဆန်းစုကြည်နှင့်ရော   အသက် အရွယ်   အိုမင်းနေပြီဖြစ်သည့် တိုင်းပြည် ကိုအုပ်ချုပ်နေသည့် ဗိုလ် ချုပ်မှူးကြီးသန်းရွှေနှင့်ပါ တွေ့ခွင့်မရခဲ့ပေ။ ဘလိတ်က မြန်မာစစ်အစိုးရသည် တွေ့ဆုံဆွေးနွေးရန် စိတ်အားထက်သန်နေပြီး စစ်ခေါင်းဆောင်ပိုင်းအချို့က တိုင်းပြည်၏ အထီးကျန်ဆန်လွန်းမှုကို အတော် စိတ်ပျက်နေကြပြီဟု ကျွန်မတို့ကို ပြန်ပြောပြပါသည်။   သို့ရာတွင် သူတို့တွေ     တကယ်အကောင် အထည်ဖော်ပါ့မလားဆိုသည်ကို  ဘလိတ်ကိုယ်တိုင်က မယုံရဲပေ။
ထို့နောက် မေလတွင်တော့ ဘယ်လိုမှမျှော်လင့်မထားသော အဖြစ်အပျက်တစ်ခု ပေါ်ပေါက် ခဲ့ပါသည်။ ဒေါ်အောင်ဆန်းစု ကြည်ကို အလွန်အမင်းလေးစား ယုံကြည်သူ အမေရိကန်နိုင်ငံမစ်ဇူ ရီပြည်နယ်ရှိ အသက် (၅၃)နှစ် အရွယ် ဗီယက်နမ်စစ်ပြန် ဂျွန် ယက်တောဆိုသူပုဂ္ဂိုလ်ကြောင့် ဖြစ်၏။ ၂၀၀၈ ခုနှစ် နိုဝင်ဘာတွင် သူက ရန်ကုန်မြို့သို့ သွားရောက် ခဲ့ကာ  ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ထိန်းသိမ်းခံထားရ သည့်နေအိမ်ဆီ  အင်းလျားကန် ကနေ    ရေကူးပြီးသွားရောက်ခဲ့ သည်။
ရဲစက်လှေများ၊ လုံခြုံရေး အစောင့်များကို ကျော်လွှားပြီး ဒေါ်စုအိမ်ခြံစည်းရိုးကို    ကျော် တက်ကာ အိမ်အတွင်းသို့ ဘယ် သူမှမသိဘဲ ရောက်ရှိသွားသည်။
ဒေါ်စုအိမ်မှ   အမျိုးသမီး အဖော်များမှာ သူ့ကိုတွေ့သော အခါ ထိတ်လန့်တကြားဖြစ်ကုန် ကြ၏။ ထိုအိမ်ကား ဘယ်ဧည့် သည်မှ လာခွင့်ရသည်မဟုတ်။ ယက်တောလာသည်ကို အာဏာ ပိုင်တွေသိသွားလျှင် အကုန်လုံး ဒုက္ခရောက်ကုန်မည်ဖြစ်သည်။ နောက်ဆုံးမှာတော့ ယက်တော သည် ဒေါ်စုကို မတွေ့ရဘဲ ပြန်သွားရန်စိတ်မပါ့တပါဖြင့် သဘောတူပြီး ပြန်လှည့်သွားသည်။
သို့ရာတွင် နောက်နှစ်နွေရာ သီ၌ ယက်တောကနောက်တစ် ခေါက်   ထပ်ရောက်ချလာပြန် သည်။ သူသည် ကိုယ်အလေး ချိန်ပေါင်ချိန် ၇၀ လောက်ကျ ဆင်းသွားခဲ့ပြီး စိတ်ရောဂါခံစား နေရသည်ဟု သူ၏ဇနီးဟောင်း ဖြစ်သူဆီက နောက်ပိုင်းတွင် သိရ ပါသည်။ ၂၀၀၉ ခုနှစ် မေလဆန်း တွင် သူက အင်းလျားကန်ကို ရေ ကူးပြီး ဒေါ်စုအိမ်သို့ နောက်တစ် ခေါက်ရောက်လာခဲ့သည်။ ထို တစ်ကြိမ်တွင် နေမကောင်းသည် ကို အကြောင်းပြကာ သူကပြန် သွားဖို့ ငြင်းဆန်ခဲ့သည်။ ဒေါ်စုက သူ့ကို    ကြမ်းပြင်ပေါ်မှာ တစ်ည အိပ်ခွင့်ပေးပြီး အာဏာပိုင်တွေကို အကြောင်းကြားလိုက်ပါသည်။ မေလ ၆ ရက်နံနက် ၅ နာရီခွဲတွင် ယက်တောကလာရာလမ်းအတိုင်း ရေကူးပြန်ဖို့ ကြိုးပမ်းစဉ် အဖမ်းခံ လိုက်ရသည်။ တစ်ပတ်အကြာ တွင် ဒေါ်စုရော သူနှင့်အတူနေသူ အမျိုးသမီးအဖော်များပါ နေအိမ် အကျယ်ချုပ်ကို စည်းကမ်းချိုး ဖောက်မှုဖြင့် အင်းစိန်ထောင်သို့ ဖမ်းဆီးအပို့ခံလိုက်ရပါလေတော့ သည်။
ယက်တောက သူ့အပြစ်ကို ဝန်ခံခဲ့ပြီး အလုပ်ကြမ်းနှင့် ထောင် ဒဏ်ခုနစ်နှစ်   စီရင်ချက်ချမှတ်ခံ လိုက်ရသည်။ ဒေါ်စုနှင့် သူ၏လူ များမှာလည်း နောက်ထပ်နေအိမ် အကျယ်ချုပ်သက်တမ်းသုံးနှစ် ထပ်တိုးခံလိုက်ရပါသည်။ ထို အချက်က ဒေါ်စုနေအိမ်အကျယ် ချုပ်သက်တမ်းကုန်ဆုံးနေသည် ကို ချက်ချင်းပင် နောက်ထပ် ၁၈ လခန့် ထပ်တိုးဆွဲထားနိုင်လိုက် သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အကွက်ကောင်းတစ်ခုဖြစ်သွားခဲ့ ရသည်။ ထိုအချက်ကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင်    ဒေါ်စုက အထဲမှာပဲရှိနေသည်မှာသေချာ သွားပါပြီ။
‘‘လူတိုင်းက အဲဒီဂြိုဟ်မွှေ တဲ့ အမေရိကန်ကောင်ကို သိပ် ဒေါသထွက်နေကြတယ်။ သူက ပြဿနာတက်အောင် သက်သက် ဒုက္ခပေးတာ အရူးပဲ’’ဟု ဒေါ်စု၏ ရှေ့နေတစ်ဦးက   ဒေါသတကြီး ပြောဆိုခဲ့ပါသည်။
ထိုသတင်းကိုကြားလိုက်ရ သည့်အခါ ကျွန်မလည်း တော် တော်ဒေါသဖြစ်မိပါသည်။ ဒေါ်စု နှင့် ကျွန်မတို့က တိုးတက်မှုများ ကို အမျှော်လင့်ကြီး မျှော်လင့်နေ စဉ်မှာ သည်လိုရူးကြောင်ကြောင် အမေရိကန်တစ်ဦး၏ ပေါကြောင် ကြောင်လုပ်ရပ်ကြောင့် မြန်မာ ပြည်သူတွေ ပေးဆပ်ခံရဖို့မဖြစ် သင့်ချေ။ သို့သော်လည်း သူက အမေရိကန်နိုင်ငံသားတစ်ဦး ဖြစ်နေသည်မဟုတ်ပါလား။ သူ့ကို ကူညီရန် ကျွန်မမှာ တာဝန်ရှိနေပါ သည်။
ကျွန်မသည် လွှတ်တော် အမတ်ဂျင်မ်ဝက်ဘ်နှင့် မက်ကော် နယ်လ်တို့ကိုလိုအပ်တာတွေလုပ် ကြရန် ညွှန်ကြားခဲ့သည်။ ဂျင်မ်က ယက်တော   လွတ်မြောက်ရန် မြန်မာနိုင်ငံကိုသွားပြီး ညှိနှိုင်း မည်ဟုဆိုပါသည်။ကျွန်မလည်း သဘောတူခဲ့၏။ ဘာပဲဖြစ်ဖြစ် ကြိုးတော့ကြိုးစားကြည့်ရမည်။
  ဇွန်လလယ်မှာလည်း နောက်ထပ်ကြီးကြီးကျယ်ကျယ် ပြဿနာတစ်ခုထပ်ပေါ်လာပြန် သည်။ တန်ချိန် ၂,၀၀၀ တင် မြောက်ကိုရီးယားကုန်တင်ရေ ယာဉ်တစ်စီးကို အမေရိကန်ရေ တပ်က    နောက်ယောင်ခံမိပါ သည်။ ထိုသင်္ဘောသည် ဒုံးကျည် များအပါအဝင် စစ်လက်နက်များ သယ်ဆောင်လာသည်ဟု အမေ ရိကန်နှင့် မဟာမိတ်ဖြစ်သော တောင်ကိုရီးယားတို့က သံသယ ဖြစ်နေပါသည်။ ထိုသင်္ဘော၏  လားရာက   မြန်မာနိုင်ငံဖြစ်ပါ သည်။ ကျွန်မတို့ သံသယမှန် ကန်ခဲ့မည်ဆိုပါက ထိုကိစ္စသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားကို ကန့်သတ် ထားသော လက်နက်ရောင်းဝယ် ခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်။ မြန်မာစစ်တပ်နှင့် မြောက်ကိုရီး ယားခေါင်းဆောင်များအကြား အဆက်အသွယ်လုပ်ပြီး မြောက် ကိုရီးယားနျူကလီးယားကျွမ်း ကျင်သူများ မြန်မာနိုင်ငံသို့ လျှို့ ဝှက်လာရောက်ကြသည့်သတင်း တွေကလည်း  ပေါ်ပေါက်လာ သည်။
ထိုသင်္ဘောသည် နိုင်ငံ တကာရေပိုင်နက်ကို ဖြတ်သန်း လာသည့်အခါ အမေရိကန်ကာ ကွယ်ရေးဌာနပင်တဂွန်စစ်ဌာန ချုပ်က   ဖျက်သင်္ဘောတစ်စီးကို နောက်ယောင်ခံစေလွှတ်ခဲ့သည်။ ကုလသမဂ္ဂက ကျွန်မတို့အား ထို သင်္ဘောကိုရှာဖွေခွင့်ပေးသော် လည်း မြောက်ကိုရီးယားက ထို သို့ရှာဖွေလျှင်   စစ်ကြေညာမည် ဟု ကြွေးကြော်ခဲ့သည်။
ကျွန်မတို့သင်္ဘောသည် အကူအညီကိုရှာဖွေရင်း တရုတ် နိုင်ငံအပါအဝင် အခြားနိုင်ငံရေ ပိုင်နက်အတွင်းသို့ပင် ရောက်ရှိ သွားသည်။
ထိုသင်္ဘောဆိုက်ကပ်ရာ ဆိပ်ကမ်းတိုင်းကလည်း ကုလ သမဂ္ဂဆုံးဖြတ်ချက်အတိုင်း အစစ်ဆေးခံရန် ဖိအားပေးခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးရန် ကလည်း ထိုအတိုင်းပင် မြောက်ကိုရီးယားကိုသတိပေးခဲ့သည်။ နောက်ဆုံးအချိန်ကျမှ ထိုသင်္ဘောသည် မြောက်ကိုရီးယားသို့ နောက်ကြောင်းပြန်လှည့်သွားခဲ့သည်။
ဩဂုတ်လတွင် လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ်က နေပြည် တော်သို့   သွားရောက်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတွေ့ ဆုံရန် သဘောတူသည်။ ဂျင်မ်၏  အစီအစဉ်ထဲတွင် တောင်းဆို ချက်သုံးခုပါရှိသည်။
ပထမတစ်ခုက ယက်တော ကို လူမှုရေးအရ ငဲ့ညှာပြီး ပြန် လွှတ်ပေးရန်တောင်းဆိုခြင်းဖြစ် သည်။ ယက်တောမှာ ထောင်ထဲ တွင် အစာမစားဘဲ ကျန်းမာရေး အခြေအနေ  ဆိုးရွားနေသည်။ ဒုတိယက ဘလိတ်လာရောက်စဉ် က တွေ့ခွင့်မရခဲ့သော ဒေါ်အောင် ဆန်းစုကြည်ကိုတွေ့ခွင့်ရရန်ဖြစ် ၏။ တတိယမှာ ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ်အကျယ်ချုပ် ကနေ ပြန်လွှတ်ပေးပြီး နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခွင့်ပေး ရေးဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တောင်းဆိုရန်ဖြစ်ပါသည်။ ဗိုလ် ချုပ်မှူးကြီးသန်းရွှေက ဂျင်မ်ပြော သမျှကိုသေချာနားထောင်ပြီး ဘာမှတော့ပြန်မပြောချေ။နောက် ဆုံးမှာတော့ ဂျင်မ်သည် သူ၏ တောင်းဆိုချက်သုံးခုထဲမှနှစ်ခုကို ရရှိခဲ့ပါသည်။ရန်ကုန်ကိုသွားပြီး ဒေါ်စုနှင့်တွေ့ခွင့်ရသည်။ ထို့ နောက် သူက အမေရိကန်လေ တပ်ဂျက်လေယာဉ်ဖြင့် ယက် တောကိုထိုင်းနိုင်ငံသို့ခေါ်ဆောင် လာခဲ့သည်။ ကျွန်မနှင့် ဂျင်မ်ဖုန်း ပြောသည့်အခါတွင် မြန်မာအစိုး ရ၏ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သူ ယက်တော၏အသံကို   ကျွန်မ ကြားရပါသည်။     သို့သော် ဒေါ်အောင်ဆန်းစုကြည်မှာတော့ အကျဉ်းကျမြဲကျခံနေရစမြဲသာ တည်း။
နောက်လမှာတော့ ကျွန်မ က နယူးယောက်မြို့က ကုလ သမဂ္ဂရုံးမှာ မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမေရိကန်၏ မူဝါဒ သုံးသပ်ချက်ကို ကြေညာလိုက်ပါ သည်။ ကျွန်မတို့၏ရည်ရွယ်ချက် များက မပြောင်းလဲပါ။ စစ်မှန် သော ဒီမိုကရေစီပြုပြင်ပြောင်းလဲ မှုများကို ကျွန်မတို့တွေ့ချင်သည်။ ဒေါ်အောင်ဆန်းစုကြည်အပါ အဝင် နိုင်ငံရေးအကျဉ်းသားများ ကို ခြွင်းချက်မရှိ ချက်ချင်းပြန် လွှတ်ပေးရန်နှင့် တိုင်းရင်းသား အုပ်စုများ၊   အတိုက်အခံများနှင့် ခိုင်မာသောဆွေးနွေးမှုများပြုလုပ် ရန်တို့ဖြစ်သည်။ သို့သော် ယခင်ကလို စေ့စပ်ညှိနှိုင်းမှုနှင့် ပိတ်ဆို့မှုထဲကတစ်ခုမဟုတ်တစ်ခုကို ရွေးချယ်မည်မဟုတ်ဟု ကျွန်မကနိဂုံးချုပ်ပြောကြားခဲ့သည်။ ကျွန်မတို့က ထိုအချက်နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း   စွဲကိုင်အသုံးပြုပြီး မြန်မာထိပ်တန်းခေါင်းဆောင် တွေဆီ ကျွန်မတို့ ရည်မှန်းချက်ကိုရောက်အောင်    ရှေ့ဆက်ချီတက်သွားမည်ဖြစ်ပါသည်။
(နောက်နေ့ ဆက်ပါဦးမည်)
From:7day

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>