Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သီရိလင်္ကာ ဘာသာရေးပဋိပက္ခ မွတ်စလင် သုံးဦး သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရ

$
0
0

သီရီလင်္ကာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်ဘာသာဝင်တွေကြား ပဋိပက္ခအတွင်း မွတ်စလင် သုံးဦး သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရသွားပါတယ်။

ပဋိပက္ခပေါ်ပေါက်တဲ့ နိုင်ငံတောင်ပိုင်းက ပင်လယ်ဆိပ်ကမ်း မြို့တွေဟာ နိုင်ငံခြားသား ခရီးသွားတွေကို ဆွဲဆောင်တဲ့ ဒေသဖြစ်ပါတယ်။အဲဒီဒေသမှာ အနည်းဆုံး မွတ်စလင် အိမ် ၇ လုံး မီးရှို့ခံရတယ်လို့ အရာရှိတွေနဲ့ နယ်ခံတွေက ပြောပါ တယ်။ သီရီလင်္ကာမှာ ၂၀၁၂ ခုနှစ်ကစလို့ ပဋိပက္ခတွေ ပေါ်ပေါက်နေ တာ ပါ။ဇွန် ၁၅ ရက်နေ့ ပဋိပက္ခမှာ ဆင်ဟာလီလူဦးရေများတဲ့ အလုဂါမာမြို့နဲ့ ဘီရုဝီလာ မြို့တွေမှာ သဘောထားတင်းမာတဲ့ ဗုဒ္ဓဘာသာအဖွဲ့ (ဘီဘီအက်) အဖွဲ့က ခေါင်းဆောင်ပြီး ဆန္ဒပြပွဲအတွင်း ပဋိပက္ခစတင်ခဲ့တာဖြစ်ပါတယ်။ပဋိပက္ခဖြစ်ပြီးနောက် ရဲတွေ အလုံးအရင်း
 ချထားပြီး မွတ်စလင်တွေက ကျီးလန့်စာစား အခြေအနေ ရှိနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

လုံခြုံရေးအတွက်  ညမထွက်ည အမိန့်ကို ထုတ်ပြန်ထားပြီး အိမ်ထဲမှာပဲ နေကြဖို့ အမိန့်ထုတ်ထားပါတယ်။
ညမထွက်ရအမိန့် ထုတ်ထားပေမယ့် ဒီနေ့ မနက်ပိုင်း ဗလီတလုံးနားမှာ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့လို့ ရဲက စုံစမ်းနေပါတယ်။

လွတ်လပ်တဲ့ လေ့လာသုံးသပ်သူတွေကတော့ ဒီလို တိုက်ခိုက်နေတာကို အစိုးရက နောက်ကွယ်က ပါတယ်လို့ သုံးသပ်ကြပါတယ်။ အရင်က တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပေမယ့် ဘယ်သူမှ အပြစ်ပေးမခံရတာကို ထောက်ပြ ကြပါတယ်။ အစိုးရကတော့ စွပ်စွဲချက်ကို ငြင်းဆန်ပါတယ်။
၁၉၈၃ ကနေ ၂၀၀၉ ခုနှစ် ပြည်တွင်း စစ်ကာလအတွင်းကလည်း တမီးလ်ကျား သူပုန်တွေဟာ နိုင်ငံ အရှေ့မြောက်ပိုင်းက မွတ်စလင်ရွာတွေကို တိုက်ခိုက်ခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ မွတ်စလင် ၁၄၀ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခဲ့ပြီး တမီးလ်သူပုန်တွေ လက်ချက်လို့ စွပ်စွဲကြပေမယ့် အဖွဲ့က ငြင်းဆန်ပါတယ်။
From:DVB

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>