Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မဟာသန္တိသုခကျောင်းကိစ္စ ဦးခင်ညွန့် ဘာပြောသလဲ

$
0
0



 မဟာသန္တိသုခကျောင်း တော်ကြီးမှ သံဃာတော်များအား ဇွန် ၁၁ ရက်တွင် သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် နိုင်ငံတော် သံဃမဟာနာယကတို့မှ ခေါ်ဆောင်သွား ခဲ့ပြီးနောက် သာသနာရေးဝန်ကြီးဌာနမှ သံ ဃာတော်ငါးပါးအား လူဝတ်လဲ၍ အင်းစိန် ထောင်သို့ပို့ဆောင်ကာ သာသနာတော် ညိုး နွမ်းစေမှု ပုဒ်မ-၂၉၅(က)ဖြင့် တရားစွဲဆိုခဲ့ သည့်အပေါ် ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့် က ထိုဖြစ်ရပ်များသည် ¤င်းတွင်တာဝန်မရှိ ကြောင်း လက်ရှိဆောင်ရွက်နေသူများတွင် သာ တာဝန်ရှိကြောင်း ပြောကြားသည်။

၁၉၉၉ ခုနှစ်တွင် နိုင်ငံတော်ငြိမ် ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခတ်တွင် အဆိုပါကျောင်းတော်ကြီးအား နိုင်ငံတကာ မှအလှူရှင်များနှင့်အတူ ပီနန်ဆရာတော် ကြီးထံ ရေစက်ချအမျှဝေခဲ့သည့် နိုင်ငံတော် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူ ဝန်ကြီး ချုပ်ဟောင်း ဦးခင်ညွန့်က ဇွန် ၁၂ ရက်တွင် ဖြစ်ပွားခဲ့သည့် မဟာသန္တိသုခကျောင်းတော် ကြီးအား ထိန်းသိမ်းခဲ့ခြင်းကိစ္စနှင့် ပတ်သက် ၍ ¤င်းမှဖြေရှင်းပေးနိုင်သည့် တာဝန်မရှိ ဟုပြောကြားခဲ့သည်။

''အဲဒါမမေးနဲ့ ကိုယ်လဲမသိဘူး။ လွန်မြောက်သွားပြီလေ။ တို့ခေတ်မဟုတ် တော့ဘူး။ အခုခေတ်က ခေတ်ပြောင်းသွား ပြီ၊ တို့ခေတ်မဟုတ်တော့တဲ့အတွက် ဒါကို ဘာမှမပြောချင်ဘူး။ အဲဒါကိုပြောဖို့လဲ တာ ဝန်မရှိဘူး။ ပြောရမယ့် အခြေအနေမျိုးလဲ မရှိဘူး။ ပြီးသွားပြီ ပြတ်သွားပြီ။ ဒါနဲ့ ပတ် သက်လို့လဲမပြောဘူး။ အခုဆိုရင် ကုသိုလ် ရေးကိစ္စပဲ လုပ်တယ်။ အကုသိုလ်ကိစ္စမလုပ် ဘူး။ အကုသိုလ်ဖြစ်မဲ့ကိစ္စ မစဉ်းစားဘူး။ နောက် ကိုယ့်မှာရန်သူမရှိစေရဘူး။ မိတ်ဆွေ တွေပဲရှိရမယ်။ အဲဒီခံယူချက်နဲ့ ကိုယ်အခု ဒီ အတိုင်းနေတာပါ''ဟု ဦးခင်ညွန့်ကပြောသည်။
ဇွန် ၁၁ ရက်တွင် တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်၌တည်ရှိသည့် မဟာ သန္တိသုခကျောင်းတော်ကြီးအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားချက် ဖြင့် သာသနာရေးဦးစီးဌာနမှ ကျောင်းတွင် သီတင်းသုံးနေကြသည့် သံဃာတော်များ အား ခေါ်ဆောင်ခဲ့ကြပြီး အဆိုပါနေ့တွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း တာမွေမြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲအရာ ရှိကပြောသည်။

''ကျွန်တော်တို့ဆီမှာ ဖြစ်တဲ့ည က ကျောင်းတိုက်က ဆရာတော်တွေကို မေးမြန်းမှုတချို့ လုပ်ခဲ့ပါတယ်။ လူဝတ်လဲ တာကတော့ ရဲစခန်းမှာမရှိပါဘူး။ ပြီးတော့ တရားမမှုဖြစ်တဲ့အတွက် တရားရုံးကနေ ဖြေရှင်းမယ်ထင်ပါတယ်။ ကျွန်တော်တို့ဆီ မှာတော့ ဘယ်သံဃာတော်မှ မရှိပါဘူး''ဟု ယင်းတာဝန်ကျ ရဲအရာရှိက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးခင်ညွန့်သည် ယင်းဝန်ကြီးချုပ် တာဝန်ယူ စဉ်ကာလအတွင်း အဆိုပါကျောင်းဆောင် ကြီးအား ပီနန်ဆရာတော်ကြီးထံ ပြန်လည် လွှဲအပ်ရန် စီစဉ်ဆဲအချိန်၌ ယင်း၏တပ် မတော်ထောက်လှမ်းရေးတပ်အား ဖျက်သိမ်း ၍ ထောက်လှမ်းရေးအဖွဲ့ဝင်များအား ဖမ်း ဆီးထောင်ချကာ နေအိမ်အကျယ်ချုပ်ကျ ခံခဲ့ရခြင်း ဖြစ်သည်။

ဦးခင်ညွန့်က ''နိုင်ငံရေးဆိုတာ ကိုလဲမလုပ်ဘူး၊ ဘယ်တော့မှ မလုပ်ဘူး၊ သ တင်းတွေကထည့်နေတာ ရောင်းကောင်း အောင် ထည့်နေတာ၊ နိုင်ငံရေးမလုပ်ဘူး စိတ်ကူးထဲမှာ လုံးဝကိုမရှိဘူး''ဟု ယင်းက ပြောသည်။
 

အဆိုပါကျောင်းတိုက်တွင် နေထိုင် သည့် သံဃာတော်ငါးပါးအား လူဝတ်လဲ ၍ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်ဟု ဖမ်းဆီးခံရသည့် သံဃာများနှင့် နီးစပ်သူများ ထံမှသိရပြီး ထိုသို့ဖမ်းဆီးခံရသည့် သတင်း ထွက်ပေါ်ပြီး နှစ်ရက်ဆက် ပြည်သူများနှင့် သံဃာများ ဆန္ဒပြမှုများပြုလုပ်မည်ဟု သ တင်းများ ထွက်ပေါ်ခဲ့သည်။

ပီနန်ဆရာတော်ကြီး၏ ဒကာများ ဖြစ်သည့် သရုပ်ဆောင်များနှင့် သံဃာတော် များ ဆန္ဒပြမည်ဆိုသည့်သတင်းများ ထွက် ပေါ်ခဲ့သော်လည်း မဟုတ်မှန်ကြောင်းကို လည်း အဆိုပါသရုပ်ဆောင်များက ပြော သည်။
 

သာသနာရေးဝန်ကြီးဌာနမှ အ ဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်သံဃ မဟာနာယက၏ ညွှန်ကြားချက်အရ လုပ် ဆောင်လျက်ရှိသည်ဟု ဆိုသည်။

နိုင်ငံတော် သံဃမဟာနာယက၏ လုပ်ဆောင်ချက်များ အား နိုင်ငံရေးအဖွဲ့အစည်းများ ဘာသာရေး အဖွဲ့အစည်းများနှင့် ဗုဒ္ဓဘာသာဝင်များက ပါ စောင့်ကြည့်လျက်ရှိနေပြီး ပြည်ထောင်စု အစိုးရနှင့် တိုင်းအစိုးရတို့ကပါ သာသနာရေး ဝန်ကြီးဌာနနှင့် မဟန၏လုပ်ဆောင်ချက်များ ကို တားမြစ်ခြင်းတစ်စုံ တစ်ရာမရှိကြောင်း လည်းတွေ့ရသည်။
 
From: FNJ
MEG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>