ရှေ့ တန်း စစ်မြေပြင်မှာ …
ဒါမှမဟုတ် အခြေအနေတစ်ခုမှာ …
ကိုယ့် အသက်ကို ပဓာန မထားဘဲ …
တိုင်းပြည် အတွက် …
တာဝန် နှင့် ဝတ္တရားအတွက် …
မိမိ ရဲဘော် ရဲဘက်များ အတွက် …
လူသာမန်တို့  လုပ်နိုင်ခဲတဲ့  ရဲဝံ့ စွန့် စားမှုမျိုးကို …
အံသြဘနန်း လုပ်ဆောင်သွားတဲ့ သူတွေကို …
ပေးအပ် ချီးမြှင့်တဲ့  ဘွဲ့ ထူးဂုဏ်ထူးတွေ ဖြစ်ပါတယ် …
ဒီထက်ရှင်းအောင် ပြောရမယ်ဆိုရင်တော့ …
စွမ်းရည်ဘွဲ့ တွေဟာ …
လူတစ်ဦးချင်းရဲ့  ရဲစွမ်းသတ္တိ နဲ့  ပြည့်စုံတဲ့  …
စွမ်းဆောင်မှု လုပ်ရပ်တွေအပေါ် မူတည်ပြီး …
ဘွဲ့ တံဆိပ် ချီးမြှင့်တာ ဖြစ်ပါတယ် …
ဘယ်မှာ မို့ လို့  …
ညာမှာ မို့ လို့ ဆိုတဲ့  ကိစ္စတွေ နဲ့  မဆိုင်ပါဘူး …
ဥပမာပြောရရင် …
ဒီနှစ် သီဟသူရဘွဲ့ ရရှိသွားတဲ့ ဆရာအောင်သိန်းဟာ …
ရန်သူ့ လက်ပစ်ဗုံး ပေါ်ကို …
သူ့ ရင်ဘတ် နဲ့  ၀မ်းလျှားဝင်မှောက်ပြစ်လိုက်ပြီး …
ကျန်တဲ့ အရာရှိ စစ်သည် ...
သူ့  ရဲဘော်ရဲဘက်တွေ မထိခိုက်စေဖို့ …
သူ့ အသက်ကို စွန့် သွားခဲ့ပါတယ် …
ကောင်းပါပြီ …..
ဒီလက်ပစ်ဗုံးဟာ ….
ကေအိုင်အေ ကပစ်တဲ့  လက်ပစ်ဗုံးမို့ လို့  …
ဆရာအောင်သိန်း ဒီလို လုပ်တာလား … ?
ကေအန်ယူ က ပစ်ရင်ရော ….
ဒီလို မလုပ်တော့ဘူးလား …?
ဘင်္ဂလားဒေ့ရှ် က ပစ်တဲ့  လက်ပစ်ဗုံး ဆိုရင်ရော ….?
တရုတ် က ပစ်တာ ဆိုရင် ရော …?
ဆရာအောင်သိန်း ရဲ့ စိတ်ထဲမှာ ….
ဘယ်အဖွဲ့ က ပစ်တဲ့  လက်ပစ်ဗုံးမှ ၀င်မှောက်မယ် ….
ကျန်တဲ့ သူ ပစ်တာဆို ….
သူ ဒီလိုမလုပ်ဘူးလို့  ဆုံးဖြတ်ထားပါ့မလား… ???
ဒါ ဦးနှောက်ရှိတဲ့ သူတိုင်း …
စဉ်းစားတတ်တဲ့  ကိစ္စပါ ….
ပြည်တွင်းစစ် ပဲ ဖြစ်ဖြစ် …
ပြည်ပ စစ်ပဲ ဖြစ်ဖြစ် …
စစ်သားတွေကတော့ ….
သူ့ တာဝန်ကို သူ ကျေအောင် ထမ်းဆောင်မှာပါပဲ ….
ဒီလို တာဝန်ထမ်းဆောင်တဲ့  နေရာမှာ …
အသက်ကို ပဓာန မထားပဲ ….
သူရသတ္တိအပြည့်  နဲ့ ရဲ ၀ံ့ စွန့် စားစွာ…
တာဝန် ထမ်းဆောင်တဲ့ သူတွေကို လဲ
စွမ်းရည်ဘွဲ့ တွေ ချီးမြှင့်ပေးရမှာ ဓမ္မတာပါပဲ …
ဒါကို ပြည်တွင်းစစ်မို့ လို့  ....
ပြည်ပစစ် မဟုတ်လို့  ....
စွမ်းရည်ဘွဲ့ မချီးမြှင့်သင့်ဘူးပြောတဲ့  သူဟာ ...
ခေါင်းထဲမှာ ဦးနှောက် မရှိပဲ .....
ဘာရှိနေသလဲ ဆိုတာကို ....
စဉ်းစားလို့ မရနိုင်အောင်ပဲ ဖြစ်ရပါတယ် ...
တည့် ပြောရရင် ...
စစ်သား လုပ်ခဲ့ပြီး ...
အမေရိကန် ပြည်တွင်းစစ်ကာလမှာ ....
ရဲစွမ်းသတ္တိ ဆုတံဆိပ်ပေါင်း ...
၁၅၂၂ ခု ချီးမြင့်ခဲ့တယ် ဆိုတာတောင် မသိတဲ့  ....
စစ်သားဟောင်း ၀န်ကြီး အတွက် ....
စစ်သမိုင်းပြတိုက် နောက်ဖေးမှာ ...
နောင်လာနောက်သားတွေ သိအောင် ...
အမှားသရုပ်ပြ ကျောက်ရုပ်ထုပြီး ဂုဏ်ပြုသင့်ပါတယ် ...
တစ်လက်စတည်း ဆက်ပြောရရင် ....
တပ်မတော်သားတွေ နေ့ စဉ်ဆိုရတဲ့  ….
သစ္စာဓိဋ္ဌာန် လေးချက်ထဲက ဒုတိယအချက် ဟာ …
ငါတို့ သည် ….
ကျဆုံးလေပြီးသော တပ်မတော်သားတို့ ၏ သစ္စာကို …
စောင့်သိရိုသေပါမည် …
ဆိုတဲ့ အချက် ဖြစ်ပါတယ် …
ကောင်းပါပြီ ….
သစ္စာဆိုတာ ဘာလဲ ….
သစ္စာဆိုတာကို ...
အားလုံးနားလည်အောင် အဓိပ္ပာယ်ဖွင့်ရင် …
မှန်သော ၊ စောင့်ထိန်းအပ်သော တရား လို့  …
အဓိပ္ပာယ် ဖွင့်ရမယ် ထင်ပါတယ် ….
ငါတို့ သည် ….
ကျဆုံးလေပြီးသော တပ်မတော်သားတို့ ၏ သစ္စာကို ….
စောင့်သိရိုသေပါမည်ဆိုတဲ့  စကားဟာ…
တိုင်းပြည် နဲ့  တပ်မတော် အပေါ် ....
ထားရှိတဲ့ သစ္စာကို မဖောက်ဖျက်ဘဲ …
အသက်ကိုသာ အသေခံသွားကြတဲ့ ….
ခေတ်အဆက်ဆက်က ....
တပ်မတော်သားတွေရဲ့  သစ္စာတရားကို ….
လေးစားပါမယ် …
ထောက်ထားပါမယ် …
ရိုသေပါမယ် …
သူတို့ နည်းတူ …
တိုင်းပြည် နဲ့  တပ်မတော် အပေါ် ….
သစ္စာရှိပါမယ်လို့  ဆိုလိုတာ ဖြစ်ပါတယ် …
ဒီစကားဟာ ဘာ မှားပါသလဲ ….
စစ်သားဟာ ….
တာဝန် နဲ့  ၀တ္တရားကို အမြဲ ဦးစားပေးရပါတယ် …
ပြည်တွင်းစစ်ပဲ ဖြစ်ဖြစ် …
ပြည်ပစစ်ပဲ ဖြစ်ဖြစ် …
ကေအိုင်အေ ပဲ ဖြစ်ဖြစ် ….
ဘင်္ဂလားဒေ့ရှ် ပဲ ဖြစ်ဖြစ် ….
အမိန့် ပေးရင်တော့ သွားတိုက်ရမှာပါပဲ …
စစ်သားတွေဟာ …
တိုင်းပြည် အပေါ် ….
တပ်မတော် အပေါ် သစ္စာမရှိရဘူးလား…
အမိန့် နဲ့  တာဝန်ကို ဦးထိပ်ပန်ဆင်ပြီး ....
အသက်ပေးသွားကြတဲ့  …..
ခေတ်အဆက်ဆက်က ....
တပ်မတော်သားတွေရဲ့ သစ္စာတရားကို ….
မလေးစားရဘူးလား …
မရိုသေရဘူးလား….
ဒါ ကချင်စစ်နဲ့  ဘာဆိုင်လဲ …
ဒါ ပြည်တွင်းစစ် နဲ့  ဘာဆိုင်သလဲ ….
မဆိုင်တဲ့ အပေါက်ကို ဂလိုင်နဲ့  ခေါက်ရင်တော့ ….
ခင်ဗျား ဇာတ်ထဲမှာသာ …
ဝန်ကြီး သွားလုပ်ပါတော့ လို့  …
တပ်မတော်သား အားလုံးကိုယ်စား ပဲ …
ပြောလိုက်ပါ တော့တယ် …
From:Ye Moeဒါမှမဟုတ် အခြေအနေတစ်ခုမှာ …

www.mmdailystar.com