နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဦးဆောင်သူ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၏ ဇနီး၊ ဒေါ်ရွှေဇီးကွက်၏ ဓါတ်ပုံတစ်ပုံကို ဝေဖန်မှုများ မြင့်တက်နေကြောင်း သတင်းရရှိသည်။
ယင်းပုံတွင်ပါရှိသည့် ဦးကျော်သူ အပါအ၀င် အမျိုးသားများမှာ မရိုမသေ အနေအထား မရှိသော်လည်း ဒေါ်ရွှေဇီးကွက်မှာ ရဟန်းသံဃာတစ်ပါးနှင့် စကားစမြည် ပြောဆိုရာ၌ ခြေထောက်ချိတ်ကာ မရိုမသေသဘော သက်ရောက်နေကြောင်း၊ ထိုသို့ အမျိုးသမီးတစ်ဦးက သံဃာတော်အား မရိုမသေ ဆက်ဆံနေခြင်းသည် ဘာသာရေးအရလည်ကောင်း၊ မြန်မာ့ယဉ်ကျေးမှုအရလည်းကောင်း မဖြစ်သင့်ကြောင်း ဝေဖန် ပြစ်တင်နေကြခြင်း ဖြစ်သည်။
“ဦးကျော်သူကို လေးစားပေမယ့် ဇီးကွက်ကိုတော့ လုံးဝမလေးစားပါဘူး။ သံဃာနဲ့စကားပြောတာ ခြေထောက် ချိတ်ပြီး ပြောတာတော့ အတော် မိုက်ရိုင်းတာပဲ။ သံဃာ အချင်းချင်းတောင် အလိုအပြုမူမျိုးမတွေ့ဘူးပါဘူး” ဟု လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ပြောသည်။
“ဒေါ်ရွှေဇီးကွက်ဟာ သံဃာတွေ နိုင်ငံရေးနဲ့ ကင်းကင်းနေ ဆိုပြီး ပြောခဲ့တယ်။ အမျိုး ဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကိုလည်း စော်စော်ကားကားပြောခဲ့တယ်။ သံဃာတွေအပါအ၀င် အလေးပေးဆောင်ရွက်နေတဲ့ မျိုးစောင့်ဥပဒေကိုလည်း ကန့်ကွက်ခဲ့တယ်။ ဒီလိုမျိုး လုပ်ခဲ့တာတွေက ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ချင်လို့ ဆိုတာကို ကျွန်တော်တို့ နားလည်တယ်။ ဒါပေမယ့် သံဃာတော်တွေကို မိန်းမတစ်ယောက်က ဒီလိုမျိုး ခြေထောက်ချိတ်ပြီး စကားပြောတယ် ဆိုတာကတော့ အတော်ကြီးကို လွန်သွားပြီ” ဟု အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောင်ရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူနှင့် ဇနီးဒေါ်ရွှေဇီးကွက်တို့သည် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများ ဖြစ်ပြီး ပါတီစည်းရုံးရေး ပွဲလမ်းများတွင် ကူညီဆောင်ရွက်ပေးနေသူများ ဖြစ်ကြောင်း၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အဆိုတော်ထွန်းအိန္ဒြာဗိုလ်နှင့်အတူ ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့ကို ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းထားသည့် သတင်းများ ထွက်ပေါ်ခဲ့ဘူးကြောင်း သတင်းရရှိသည်။
PP™
From: ပြည်သူ့အာဏာယင်းပုံတွင်ပါရှိသည့် ဦးကျော်သူ အပါအ၀င် အမျိုးသားများမှာ မရိုမသေ အနေအထား မရှိသော်လည်း ဒေါ်ရွှေဇီးကွက်မှာ ရဟန်းသံဃာတစ်ပါးနှင့် စကားစမြည် ပြောဆိုရာ၌ ခြေထောက်ချိတ်ကာ မရိုမသေသဘော သက်ရောက်နေကြောင်း၊ ထိုသို့ အမျိုးသမီးတစ်ဦးက သံဃာတော်အား မရိုမသေ ဆက်ဆံနေခြင်းသည် ဘာသာရေးအရလည်ကောင်း၊ မြန်မာ့ယဉ်ကျေးမှုအရလည်းကောင်း မဖြစ်သင့်ကြောင်း ဝေဖန် ပြစ်တင်နေကြခြင်း ဖြစ်သည်။
“ဦးကျော်သူကို လေးစားပေမယ့် ဇီးကွက်ကိုတော့ လုံးဝမလေးစားပါဘူး။ သံဃာနဲ့စကားပြောတာ ခြေထောက် ချိတ်ပြီး ပြောတာတော့ အတော် မိုက်ရိုင်းတာပဲ။ သံဃာ အချင်းချင်းတောင် အလိုအပြုမူမျိုးမတွေ့ဘူးပါဘူး” ဟု လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ပြောသည်။
“ဒေါ်ရွှေဇီးကွက်ဟာ သံဃာတွေ နိုင်ငံရေးနဲ့ ကင်းကင်းနေ ဆိုပြီး ပြောခဲ့တယ်။ အမျိုး ဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကိုလည်း စော်စော်ကားကားပြောခဲ့တယ်။ သံဃာတွေအပါအ၀င် အလေးပေးဆောင်ရွက်နေတဲ့ မျိုးစောင့်ဥပဒေကိုလည်း ကန့်ကွက်ခဲ့တယ်။ ဒီလိုမျိုး လုပ်ခဲ့တာတွေက ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ချင်လို့ ဆိုတာကို ကျွန်တော်တို့ နားလည်တယ်။ ဒါပေမယ့် သံဃာတော်တွေကို မိန်းမတစ်ယောက်က ဒီလိုမျိုး ခြေထောက်ချိတ်ပြီး စကားပြောတယ် ဆိုတာကတော့ အတော်ကြီးကို လွန်သွားပြီ” ဟု အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောင်ရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူနှင့် ဇနီးဒေါ်ရွှေဇီးကွက်တို့သည် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများ ဖြစ်ပြီး ပါတီစည်းရုံးရေး ပွဲလမ်းများတွင် ကူညီဆောင်ရွက်ပေးနေသူများ ဖြစ်ကြောင်း၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အဆိုတော်ထွန်းအိန္ဒြာဗိုလ်နှင့်အတူ ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့ကို ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းထားသည့် သတင်းများ ထွက်ပေါ်ခဲ့ဘူးကြောင်း သတင်းရရှိသည်။
PP™
www.mmdailystar.com