Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပုဒ်မ ၅၉(စ) ပြင်ဆင်ခြင်း မပြုရန် ဆုံးဖြတ်ချိန်တွင် The Street View ဂျာနယ်က ဦးတင်ဦးကို သမ္မတ တင်ရန် တိုက်တွန်း

$
0
0
ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေပြင်ဆင်ရေးကော်မတီက ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ခြင်း မပြုရန် ဆုံးဖြတ်လိုက်ချိန်တွင် The Street View ဂျာနယ်က NLD ပါတီမှ ဦးတင်ဦးကို သမ္မတတင်ရန် တိုက်တွန်းထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

The Street View သည် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၏ သား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဇေကမ္ဘာကုမ္ပဏီများအစုအဖွဲ့ ဥက္ကဌ ဦးခင်ရွှေ၏ သားမက် ဖြစ်သူ ထုတ်ဝေလျက် ရှိသော စာစောင်ဖြစ်သည်။ ထို့ကြောင့် လွှတ်တော်တွင် ဆောင်ရွက်မည့် ကိစ္စများကို ကြိုတင်သိရှိထား၍ ဖော်ပြခြင်း ဖြစ်နိုင်ကြောင်း သိရှိရသည်။

ယင်းစာစောင်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ သမ္မတ မဖြစ်နိုင်တော့ကြောင်း၊ ထို့ကြောင့် NLD ပါတီအနေဖြင့် ပါတီမှ အတွေ့အကြုံရင့်သူလည်းဖြစ်၊ စစ်တပ်တွင် ကာချုပ်ရာထူးထမ်းဆောင်ခဲ့ဘူးသူလည်းဖြစ်သော ဦးတင်ဦးကို သမ္မတ အဖြစ် သင့်မြှောက်သင့်ကြောင်း၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေါ်နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးကို ဒုတိယသမ္မတ တင်သင့်ကြောင်း တိုက်တွန်းရေးသားထားသည်။

“ဒီဂျာနယ်က လွှတ်တော်ထဲက ကိစ္စတွေ အကုန်လုံး သိထားတဲ့ဂျာနယ်လေ။ ဒီတော့ အမျိုးသားလွှတ်တော်မှာ ပီအာစနစ်ကို အတည်ပြုလိုက်တယ်။ ပုဒ်မ ၅၉(စ)ကို မပြင်ဘူး ဆိုပြီး လွှတ်တော်ကော်မတီက ဆုံးဖြတ်တယ်။ တစ်ချိန်တည်းမှာပဲ ဒီဂျာနယ်မှာ ဦးတင်ဦးကို သမ္မတ တင်၊ ကိုကိုကြီးကို ဒုသမ္မတ တင် ဆိုပြီး ထုတ်ဖော်ရေးသားလာတယ်။ စဉ်းစားကြည့်ရင်တော့ အရှင်ကြီးပါ။ ဆိုရိုး ရှိတယ်လေ။ ဒေါ်စု သမ္မတ မဖြစ်တော့ဘူး ဆိုတာ သိထားတာ ဖြစ်နိုင်တယ်။ ဒေါ်စု သမ္မတ မဖြစ်စေချင်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် နိုင်ငံရေးမှာ ဘယ်တော့မှ တိုက်ဆိုင်တယ် ဆိုတာ မရှိဘူး ဆိုတဲ့စကား ကို သတိရဖို့ လိုတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောဆိုသည်။

ထို့အပြင် ၈၈ မျိုးဆက်ထဲတွင် ကိုကိုကြီးသာမက မင်းကိုနိုင်အပါအ၀င် အခြား ပုဂ္ဂိုလ်များ အများအပြား ရှိနေသည် ဖြစ်ရာ ကိုကိုကြီးတစ်ဦးတည်းကို ရွေး၍ ဒုသမ္မတ ဟု အဆိုပြုထားခြင်းမှာလည်း စဉ်းစားစရာ ဖြစ်ကြောင်း ယင်းက ဆိုသည်။

“ကိုကိုကြီးက လွှတ်တော်စောင့်ကြည့်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတယ်လေ။ ဒါတွေက ဦးရွှေမန်းနဲ့ ကြိုတင်ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက် တစ်ခုခု ရှိလို့ လုပ်တာ လို့ ကျွန်တော်တို့က ထင်တယ်။ ဒါကတော့ တစ်ပိုင်းပေါ့။ NLD ပါတီထဲကို ကြည့်ရင် ဒေါ်စု မဖြစ်တော့ဘူး ဆိုရင် သမ္မတတို့၊ ဒုသမ္မတတို့ လုပ်နိုင်မယ့် လူ ဘယ်သူမှ မရှိတော့ဘူး။ မင်းကိုနိုင်ကို တင်ရင်တင်၊ ကိုကိုကြီးကို တင်ရင်တင်၊ ဒါမှမဟုတ် နောက်ထပ် ဂျင်မီ၊ ပြုံးချို၊ မင်းဇေယျ စတဲ့ မျိုးဆက်သစ်တွေ တင်ရင်တင်၊ ဒါပဲ ရွေးရတော့မှာပဲလေ” ဟု ၈၈ မျိုးဆက်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒေါ်စုအနေဖြင့် NLD ပါတီအတွင်း ခေါင်းဆောင် ရှားပါးနေခြင်းကြောင့် ၈၈ အုပ်စုကို အကူအညီတောင်းခံရခြင်း ဖြစ်နိုင်ကြောင်း၊ NLD ပါတီတွင် လောက်လောက်လားလား ဆက်ခံနိုင်သူ မရှိသလောက် ရှားနေကြောင်း၊ ဦးတင်ဦးမှာလည်း အသက်အရွယ်အားဖြင့် ကြီးရင့်နေပြီ ဖြစ်ကြောင်း၊ မဖြစ်မနေ ရွေးချယ်ရမည် ဆိုရင် ၈၈ အုပ်စုထဲမှသာ ရွေးချယ် တင်မြှောက်ရမည့် အနေအထား ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။

NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် မင်းကိုနိုင်တို့ အကြား သဘောတူညီချက်တစ်ရပ်ရပ် ရှိထားပြီး ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နေရာကို အစားထိုး ယူမည့်သူမှာ မင်းကိုနိုင်ဖြစ်နိုင်ကြောင်း ခန့်မှန်းချက်များလည်း ရှိနေကြောင်း သတင်း ရရှိသည်။

PP™

From: ပြည်သူ့အာဏာ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ရခိုင်လူမျိုးတို့၏ ရာဇဝင်၊ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ စာအုပ် ၁၂၀


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တိတ်တိတ်ပုန်း မုန့်ဖိုးပေးတဲ့အကျင့်လေး စပြင်လိုက်ကြရအောင်


မနောမယအိမ်ခြံမြေရောင်းနည်း


TTA Oreo Gapp Installer


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ်...


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>