မနေ့(၁၁.၆.၂၀၁၄)ရက်နေ့တွင် တပ်မတော်လေမှ အမ်အိုင်ဂျီ-၂၉အမျိုးအစား လေယာဉ်တစ်စီး နနံက်၈နာရီ ၄၅မိနစ်ခန့်တွင် မကွေးမြို့သစ်အနီး အရှေတောင်ဘက် ၁၁မိုင်အကွာတွင် ပျက်ကျမူ ဖြစ်ပွားခဲ့သည်။ထို ပျက်ကျမူသည် လေယာဉ်၏ ထိန်းချုပ်ကရိယာထိန်း ဟိုက်ဒရောလစ်ဖိအား ရုတ်တရက် ကျဆင်းခြင်းကြောင့် ဖြစ်ပြီး လေသူရဲနှစ်ဦး အပါအဝင် ထိခိုက် ဒဏ်ရာရှိသူမရှိဟု သိရှိရသည်။ပျက်ကျသည့် လေယာဉ်မှာ ၈၀ရာခိုင်နှုန်းအထိပျက်စီးသွားကြောင်းသိရှိရပါတယ်။
လေယာဉ်ပျက်ကျမူ၏ ဖြစ်စဉ်အကျဉ်းချုပ်
ယနေ့ (၁၁.၆.၂၀၁၄)ရက်နေ့တွင် မကွေးလေတပ်စခန်းဌာနချုပ်မှ အမ်အိုင်ဂျီ-၂၉ယူဘီ အမျိုးအစား အမောင်းသင်လေ့ကျင့်ရေး တိုက်လေယာဉ်ကို ဒုတိယဗိုလ်မှုးကြီးအဆင့်ရှိ ဝါရင့်နည်းပြတိုက်လေသူရဲ (ဒုတိယအုပ်မှုး) ဒုတိယဗိုလ်မှုးကြီးလှိုင်မြင့်နှင့် ဗိုလ်ကြီးအဆင့်ရှိ အုပ်လေသူရဲ ဗိုလ်ကြီးကျော်ဇင်သန့်နှစ်ဦးတို့သည် သတ်မှတ်ထားသော ရန်သူရေဒါဖမ်းယူမူအား ရှောင်ကွင်းသော အနိမ့်ပျံသန်းမူ လေ့ကျင့်ခန်းကို ဆောင်ရွက်ရန် မိခင်လေတပ်စခန်းမှ သတ်မှတ် အနိမ့်ပျံသန်းလေ့ကျင့်ရေး ဧရိယာသို့ နံနက် ၈နာရီ ၁၅မိနစ်ခန့်က ပျံတက်ခဲ့ပါသည်။ပျံသန်းလေ့ကျင့်နေစဉ် နာရီဝက်ခန့်အကြာ နံနက် ၈နာရီ ၄၅မိနစ်ခန့် တွင် အမြင့်ပေ ၂၀၀၀ဖြင့် လေ့ကျင့်ပျံသန်းနေစဉ် လေယာဉ် ထိန်းချုပ်ကရိယာထိန်း ပင်မဟိုက်ဒရောလစ် ဖိအား ရုတ်တရက် ကျဆင်းမူကြောင့် လေယာဉ်အား ထိန်းချုပ်မရပဲ တိမ်းစောင်း၍ လည်ကျခဲ့သည်။လေသူရဲသည် ပင်မမျှော်စင်နှင့် အဆက်အသွယ်ပြုလုပ်ကာ လေယာဉ်၏ အရေးပေါ်အခြေအနေကို ထုတ်ဖော်ပြောကြားခဲ့သည်။လေတပ်စခန်း မျှော်စင်တာဝန်ခံနှင့် အုပ်မှုး လေတပ်စခန်းဌာနချုပ်မှုးတို့မှ ထိန်းချုပ်ပျံသန်း၍ မဖြစ်နိုင်လျှင် အရေးပေါ်ခုန်ထွက်ရန် အသိပေးခဲ့သည်။လေသူရဲသည် ပင်မ ဟိုက်ဒရောလစ် ဖိအားစနစ်မှ အရန်ဟိုက်ဒရောလစ် ဖိအားစနစ်သို့ ပြောင်းလဲသော်လည်း ထိန်းချုပ်ရန်ခက်ခဲနေခြင်းကြောင့် ခုန်ထွက်မည်ဟု မျှော်စင်သို့ အကြောင်ကြားကာ လေယာဉ်၏ တည်နေရာ ဦးတည်ရာ အရပ်နှင့် အမြင့်ပေ အစရှိသော အချက်အလက်များ စနစ်တကျပို့ကာ ဆောင်ရွက်ခဲ့သည်။ထို့အပြင် လူသူထူထပ်သော မြို့ရွာများ အပေါ်မကျရောက်စေရေးအတွက် ရသမျှထိန်းကြောင်းကာ မြေပြင်နှင့် ထိခိုက်မိလျှင် မီးလောင်ကျွမ်းပေါက်ကွဲမူ မဖြစ်စေရေး လူသူနှင့် အခြားအရာများ မထိခိုက်စေရေးအတွက် လေယာဉ် ဆီကျွေး စနစ် မီးပေးစနစ် လျှက်စစ်ဓါတ်အားပေးစနစ်များကို စနစ်တကျ ဖြတ်တောက်ပြီးခါမှ မြေပြင်နှင့် ထိခိုက်မိရန် ပေ၁၀၀၀ခန့်အလိုတွင် အသက်ရှင်ရန် နောက်ဆုံးအခွင့်အရေးဖြစ်သော အရေးပေါ် ခုန်ထွက်မူကို ဆောင်ရွက်ခဲ့သည်။ထိုသို့ဆောင်ရွက်မူကြောင့် လေသူရဲနှစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူ
မရှိပဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
လေယာဉ်ပျက်ကျမူအား Myanmar Airpowerမှ ထင်မြင် သုံးသပ်ချက်
အမ်အိုင်ဂျီ-၂၉တိုက်လေယာဉ်များသည် ကမ္ဘာ့အကောင်းဆုံး တိုက်လေယာဉ်တစ်မျိုးဖြစ်သည်။ကမ္ဘာပေါ်ရှိ မည်သည့်လေသူရဲမဆို အမ်အိုင်ဂျီ-၂၉လေယာဉ်အား မောင်းနှင်ရန် ဆန္နရှိကျသည်။
အဘယ့်ကြောင့်ဆိုသော် အမ်အိုင်ဂျီ-၂၉တိုက်လေယာဉ်၏ စိတ်လှုပ်ရှာစဖွယ်ကောင်းသော လှုပ်ရှားစစ်ကးနိုင်မူ လေယာဉ်၏ တည်ဆောက်ပုံအဆင့်အတန်း မြင့်မားမူ ဘေးအန္တာရယ်ကျရောက်မူ နည်းပါးခြင်း တို့ကြောင့်ပင်ဖြစ်သည်။ထို အမ်အိုင်ဂျီ-၂၉လေယာဉ်များကို တပ်မတော်လေသည် စစ်ဆင်မူ အစွမ်းပိုမို ထက်မြတ်လာစေရေးအတွက် ၂၀၀၁ခုနှစ်တွင် ပထမအသုတ် ၂၀၀၉ခုနှစ်တွင် ဒုတိယအသုတ်တို့ဖြင့် အားဖြည့်ဝယ်ယူခဲ့ပါသည်။
ယခု ဖြစ်ပွားသော လေယာဉ်အမျိုးအစားမှာ ယူဘီမျိုးကွဲ နှစ်ယောက်မောင်း အမောင်းသင်တိုက်လေယာဉ်ဖြစ်သည်။ထိုလေယာဉ်အား ဝါရင့်နည်းပြတိုက်လေသူရဲမှ ဦးဆောင်ကာ ရန်သူရေဒါဖမ်းယူမူ ရှောင်ကွင်းနိုင်ရေး အနိမ့်ပျံသန်းမူ လေ့ကျင့်ခန်းကို အုပ်လေသူရဲတစ်ဦးအာစ လေ့ကျင့်ပေးရန် သတ်မှတ်ထားသော အနိမ့်ပျံသန်းမူ လေ့ကျင့်ရေး ဧရိယာသို့ နံနက် ၈နာရီ ၁၅ခန့်တွင် ထွက်ခွာခဲ့သည်။အနိမ့်ပျံသန်းမူ လေ့ကျင့်ရေး ဧရိယာ၏ မြေပြင်အနေအထားမှာ ညီညာပြန့်ပြူပြီး လျှက်စစ်မဟာဓါတ်အားပေးတိုင်များ တာဝါတိုင်များ မရှိသော နေရာဖြစ်သည်။ထိုနေရာတွင် သတ်မှတ်ထားသော လေ့ကျင့်ခန်းအား ဆောင်ရွက်ခဲ့သည်။မိခင်လေတပ်စခန်းမှ ပျံတက်လာပြီး မိနစ်၃၀ကျော်ခန့် ၈နာရီ ၄၀ခန့်တွင် အမြင့်ပေ၂၀၀၀တွင် လေ့ကျင့်ပျံသန်းနေရာမှ လေယာဉ်ထိန်းချုပ် ကရိယာထိန်း ပင်မဟိုက်ဒရောလစ်ဖိအား ရုတ်တရက် ကျဆင်းကာ လေယာဉ်အား ထိန်းချုပ်မရပဲ တိမ်းစောင်းကာ လည်ကျခဲ့သည်။ထိုသို့ဖြစ်ပွားသော အရေးပေါ်အခြေအနေကို လေသူရဲမှ မျှော်စင်သို့ သတင်းပို့ခဲ့ပြီး မျှော်စင်မှ တာဝန်ရှိသူများက ထိန်းချုပ်မရပါက ခုန်ထွက်ရန် အသိပေးခဲ့သည်။ထိုလေယာဉ်အား မောင်းနှင်ထိန်းချုပ်သော လေသူရဲသည် ဝါရင့်နည်းပြလေသူရဲပီသစွာဖြင့် လက်ရှိဖြစ်ပေါ်နေသော အရေးပေါ်အခြေအနေကို သွေးအေးစွာဖြင့်
ဖြေရှင်းခဲ့သည်။ပင်မဟိုက်ဒရောလစ်စနစ်မှ အရန် ဟိုက်ဒရောလစ်ဖိအားစနစ်သို့ ပြောင်းလဲခဲ့သော်လည်း ထိန်းချုပ်ရန် ခက်ခဲနေခြင်း အမြင့်ပေမှ အလွန်အမင်းနိမ့်နေခြင်းကြောင့် ခုန်ထွက်ရန် ဆုံးဖြတ်ခဲ့သည်။ထိုသို့ ခုန်ထွက်ရာတွင် လူသူထူထပ်သော မြို့ပြ ကျေးရွာများအပေါ်မကျရောက်စေရေးအတွက် ရသမျှ ထိန်းချုပ်ကာ ဆောင်ရွက်မူမှာလည်း လေသူရဲ၏ သူရဲကောင်းပီသမူ စိတ်ကို ဖော်ပြနေပေသည်
။လေယာဉ်သည် မြေကြီးနှင့် ထိခိုက်မိကာ ပေါက်ကွဲမူ ဖြစ်ပွားလျှင် ဘေးပါတ်ဝန်းကျင်မှ လူနှင့် အခြားအရာဝတ္ထုများ မထိခိုက်စေရေး အတွက် လေယာဉ်၏ ဆီကျွေးစနစ် မီးပေးစနစ် လျှက်စစ်ဓါတ်အားပေးစနစ်တို့အား စနစ်တကျ ဖြတ်တောက်ကာ လေယာဉ်၏ တည်နေရာ ဦးတည်ရာ အရပ် လေယာဉ်ရောက်ရှိနေသော အမြင့်ပေတို့ကို စနစ်တကျအကြောင်းကြားကာ အမြင့်ပေ၁၀၀၀ခန့်သာကျန်ရှိတော့သော အခြေအနေတွင် နောက်ဆုံးအခွင့်အရေးအဖြစ် ခုန်ထွက်ခဲ့ခြင်းမှာ လေသူရဲ၏ စနစ်တကျ အစီအစဉ်ဖြင့် ဆောင်ရွက်တက်မူနှင့် ရဲဝံမူတို့မှာလည်း ချီးကျုးဖွယ်ရာဖြစ်သည်။
ယခုလေယာဉ်ပျက်ကျမူအား သုံးသပ်မိသောအခါ စက်ချို့ယွင်းမူကြောင့်သာ ဖြစ်ပြီး လေသူရဲ၏ အမှားအယွင်းမပါဝင်ဟုထင်မြင်မိပါသည်။သို့သော်လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အတည်ပြုချက်မရရှိပဲ အတိအကျပြောရန်မှာခက်ခဲပေသည်။
လေကြောင်း မတော်တဆမူအားလုံးသည် အခြေခံအားဖြင့် သုံးခုပေါ်တွင်သာ ဖြစ်ပွားပါသည်။
လူကြောင့်ဖြစ်ပွားသော မတော်တဆမူ စက်ပစ္စည်းကြောင့်ဖြစ်ပွားသော မတော်တဆမူနှင့် ပြင်ပ
ပါတ်ဝန်းကျင်အခြေအနေများကြောင့် မတော်တဆဖြစ်ပွားမူဟူ၍ အခြေအနေ သုံးရပ်ရှိပါသည်။ယခုဖြစ်ပွားမူသည် စက်ပစ္စည်းကြောင့်ဟု အကြမ်းဖျင်း သုံးသပ်နိုင်ပါသည်။စက်ပစ္စည်းဟူသည် ချို့ယွင်းစမြဲမှာ ဓမ္မတာသာဖြစ်သည်။ထိုသို့ မဖြစ်ပွားအောင် လူ၏ အမှားမဖြစ်အောင် လေသူရဲများကလည်း အထပ်ထပ်အခါခါ လေ့ကျင့်ထားရသလို စက်အမှားကြောင့် မဖြစ်စေရန် ပြုပြင်ထိန်းသိမ်းမူကို စနစ်တကျဆောင်ရွက်ရပါသည်။ထို့အပြင် ပြင်ပ ပါတ်ဝန်းကျင် အခြေအနေကြောင့် မဖြစ်ပွားစေရန် ရာသီဥတု မိုးလေဝသ ခန့်မှန်းခြင်းများ မြေပြင်မှ အထောက်အကူပစ္စည်းများဖြင့်အလုံးစုံ ထောက်ပံရပါသည်။လေယာဉ်တစ်စီးသည် လေထဲသို့ ရောက်သွား
သောအခါ လေသူရဲ၏ အသက်သည် ၅၀-၅၀ရာနှုန်းသာ အသက်ရှင်သန်ရန် အခွင့်အလမ်းရှိပါသည်။ကံ/စက်ပစ္စည်း/ပြင်ပ ပါတ်ဝန်းကျင် အခြေအနေသည် ၅၀ရာနှုန်းနှင့် လေသူရဲ၏ စနစ်တကျ လေ့ကျင့်ထားမူသည် ၅၀ရာနှုန်းဖြစ်ပါသည်။
တပ်မတော်လေသည် ဗြိတိသျှတော်ဝင်လေတပ်မှ တိုက်ရိုက်ဆင်းသက်လာသော လေတပ်တစ်ခုဖြစ်
သောကြောင့် ပျံသန်းရေးဆိုင်ရာ စည်းကမ်းတင်းကျပ်ပြီး စနစ်တကျ ဆောင်ရွက်လေ့ရှိသော လေတပ်
တစ်ခုဖြစ်သည်။ကမ္ဘာလေကြောင်းလောကတွင်စနစ်သုံးမျိုးဖြင့်ဆောင်ရွက်လေ့ရှိပါသည်။ထိုစနစ်များမှာ အမေရိကန်စနစ် ဗြိတိသျှစနစ်နှင့် အရှေတိုင်းစနစ်(ဆိုဗီယက်)ဟူ၍သုံးမျိုးခွဲခြားနိုင်သည်။ထိုအထဲတွင် စနစ်တကျအရှိဆုံးစနစ်မှာ ဗြိတိသျှစနစ်ဖြစ်သည်။ထို့ကြောင့် တပ်မတော်လေ၏ လေ့ကျင့်ဆောင်
ရွက်မူများသည် စနစ်ကျနခြင်းကို အခြေခံတည်ဆောက်ထားပါသည်။ယခု
ဖြစ်ပွားမူတွင် လေသူရဲလုပ်ဆောင်ခဲ့သော အချက်အလက်အားလုံးသည် ထိုစည်းစနစ်ကျနမူကို
ဖော်ပြနေပါသည်။
အမ်အိုင်ဂျီ-၂၉လေယာဉ်သည် အဆင့်မြင့်အရည်အသွေးများဖြင့် စနစ်တကျ တည်ဆောက်ထားသော
လေယာဉ်ဖြစ်သည်။ထိုလေယာဉ်၏ အရည်အသွေးပိုင်းမှာ အထူးပင် ပြောဖွယ်ရာကောင်းလောက်အောင်
ကောင်းမွန်လှသည်။လေသူရဲတိုင်းသည် ထိုလေယာဉ်၏ စိတ်ချယုံကြည်ရမူကို အမြဲချီကျုးလေ့ရှိပါသည်။မြေကြီးကွင်း မြက်ခင်းကွင်းကဲ့သို့ ကွင်းကြမ်းများတွင်ပါတက်ဆင်းနိုင်ပြီး လေယာဉ်
မီးလောင်မူ ဖြစ်ပွားလျင်ပါ လေယာဉ်အားမီးငြိမ်းသတ်စနစ်ဖြင့် ငြိမ်းသတ်ပြီး ထိန်းချုပ်မောင်းနှင်ပျံသန်းနိုင်သည်အထိ စိတ်ချရသော လေယာဉ်ဖြစ်သည်။သို့သော် စက်ပစ္စည်းသည် စက်ပစ္စည်းသာဖြစ်သည်။ချို့ယွင်းမူဆိုတာကတော့ အမြဲတစေရှိပါမည်။ကမ္ဘာပေါ်တွင် ချို့ယွင်းပျက်စီးမူ မရှိဖူးပဲ အနားပေးရသော လေယာဉ်မှာ မရှိပေ။နောက်ဆုံးပေါ် F-22တိုက်လေယာဉ်ကအစ ပျက်ကျဖူးပါသည်။ထိုကဲ့သို့ ကိစ္စမှာ လေကြောင်းလောက အတွက် ထူးဆန်းမူ မဟုတ်ပေ။သို့သော် မည်မျှကြာအောင် ပျံသန်းမှ ဖြစ်ပွားခဲ့သနည်းဆိုသည့် အဖြေသာလျှင် ထို လေယာဉ်များ၏ စိတ်ချယုံကြည်ရမူကို တိုင်းတာမည်ဖြစ်သည်။
အမ်အိုင်ဂျီ-၂၉လေယာဉ်များကို ၂၀၀၁ခုနှစ်မှ စတင်ဝယ်ယူခဲ့ရာ ယခုအချိန်အထိ ၁၃နှစ်ကျော် ၁၄အတွင်းသို့ ချည်းနင်းဝင်ရောက်လာခဲ့သော်လည်း ယခုအကြိမ်မှာ ပထမဆုံးသော ပျက်စီးချို့ယွင်းမူဖြစ်သည်။ပျံသန်းမူ နာရီဖြစ်တွက်မည်ဆိုလျှင် တစ်လကို နာရီ၅၀ဖြင့် တစ်နှစ်ကို နာရီ ၆၀၀ ၁၃နှစ်အကြာ ၇၈၀၀နာရီမှ တစ်ကြိမ်သာဖြစ်သည်ဟု အကြမခးဖျင်းဟသတ်မှတ်လျှင် ထို ဘေးအန္တရယ်ကင်းရှင်းမူ စံချိန်မှာ အလွန်အမင်းကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။နောက်ဆုံးပေါ် F-22တိုက်လေယာဉ်ပင်လျှင် နာရီ ၉၀၀၀ကြာ တစ်ခါဟု သတ်မှတ်ထားသောကြောင့် ထိုစံချိန်မှာ တပ်မတော်လေရှိ အမ်အိုင်ဂျီ-၂၉လေယာဉ်၏ ပျံသန်းမူဘေးအန္တရယ်ကင်းရှင်းမူမှာ အဆင့်အတန်းမြင့်မားသည် ဟုဆိုရပေမည်။ထို့ကြောင့် ထိုတိုက်လေယာဉ်များ၏ စိတ်ချရမူ စွမ်းပကား ကောင်းမွန်သည်ဟုဆိုရသလို ပျံသန်းသော လေသူရဲများ၏ အရည်အသွေးပြည့်ဝမူ ကောင်းမွန်သည်ဟု ဆိုရမည် ဖြစ်ပေသည်။ယခုဖြစ်ပွားသော အမ်အိုင်ဂျီ-၂၉လေယာဉ်အမျိုးအစားမှာလည်း ရေဒါမပါဝင်သော ယူဘီမျိုးကွဲ နှစ်ယောက်မောင်း အမောင်းသင်တိုက်လေယာဉ်ဖြစ်သောကြောင့် ကာကွယ်ရေး စွမ်းပကားကို ထိခိုက်မူ သိပ်မရှိဟု သုံးသပ်ရပေမည်။အားလုံးကို ကျေးဇူးတင်ပါတယ်။
(ယခုဖော်ပြသော အချက်အလက်များအားလုံးကို ကျွန်တော်တာဝန်ယူပြီး အမှားအယွင်းများရှိပါက ကျွန်တော့်တာဝန်သာ ဖြစ်ပါသည်)
#Admin(MAP)
From: OEလေယာဉ်ပျက်ကျမူ၏ ဖြစ်စဉ်အကျဉ်းချုပ်

www.mmdailystar.com