Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

PR ကြောင့် မျက်နှာဖုံး ကွာကျလာသူများ…….

$
0
0
သူတို့လောက် NLD ကို ချစ်တဲ့သူမရှိသလောက် ဆက်စလူး ခါပြနေသူတွေ၊ ခါတိုင်း အွန်လိုင်းပေါ်မှာ NLD ကို ထိတာနဲ့ ဆက်ဆက်ခါနာပြီး ကက်ကက်လန် ဟုတ်တာရော မဟုတ်တာပါ ရောထွေးပြီး ဝါဒဖြန့်သူတွေ PR ကိစ္စ ငြိမ်နေတဲ့အပေါ် လာမေးကြတယ်……. အသိတစ်ယောက်ကို ဖြေလိုက်ရင်း ကျန်တဲ့သူတွေ သိအောင် ဒီကနေပါ ရှယ်လိုက်တယ်……. သူတို့ စပွန်ဆာကိုယ်တိုင် PR ကို ထောက်ခံနေတော့ အရမ်းကာရောကြီး ဆန့်ကျင် မပြောရဲတော့ဘူး…….

သူတို့ရဲ့ ဒီမိုကရေစီအပေါ် ထားရှိတဲ့ စိတ်ဓါတ်က မခိုင်မာလို့ ပိုလီယိုဒီမိုကရေစီ သမားတွေလို့ပဲ ပြောရမယ်….. ခါတိုင်း KNU ကို စိတ်တိုင်းမကျရင် KNU ကလော်ဆဲ၊ ချင်းအမတ်ကို စိတ်တိုင်းမကျရင် ချင်းအမတ်ကလော်တုတ်၊ KIA ကို ဘဝင်မကျရင် ဗိုလ်ချုပ် ဂွမ်မော်တောင်မချန် ဘောပဲ ပြောတဲ့ ပိုလီယိုဒီမိုတွေ PR အပေါ် ငြိမ်နေတာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်မှာ ကြောက်လို့လား၊ စပွန်ဆာ မျက်နှာကြောင့်လားလို့ပဲ ပြန်မေးလိုက်တယ်……

သူတို့ စပွန်ဆာဆိုတာ ပြည်ပက မဟုတ်ဘူး၊ ပြည်တွင်းမှာ နေသူတွေလို့ပဲ ပြောလိုက်တယ်…… တစ်ခြားမကြည့်ပါနဲ့ NLD ရှေ့နေကြီး ဦးကိုနီတောင် PR အကြောင်းကို စာတစ်တန်၊ ပေတစ်ဖွဲ့ရေးပြီး ပုံနှိပ်တောင် ထုတ်ဝေခဲ့သေးတာပဲကိုး……. ဒါဆိုရင် အဖြေရှင်းပီလားလို့ပဲ ပြောလိုက်တယ်…….

ဒါဖြင့် ဒေါ်ခင်ဝိုင်းကြည် အဆိုတင်တဲ့အပေါ် ဒေါ်ခင်ဝိုင်းကြည်ကို ဝိုင်းပြီး ပုဂ္ဂိုလ်ရေး ပုတ်ခတ် စော်ကားနေကြတဲ့ ပိုလီယိုဒီမိုတွေကကော လို့ မေးလာတယ်…… သူမေးတဲ့လူတွေကို နာမည်တွေ သိလိုက်ရတော့ လိုက်ကြည့်လိုက်တော့ ဟိုတလောက အယူဝါဒ ကွဲပြားတဲ့အပေါ် ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ မဖြစ်သင့်ဘူး မထောက်ခံဘူး အားမပေးဘူးဆိုတဲ့ အာပုတ်စော်နံနေတဲ့ လူတန်းစားတွေ ဖြစ်နေတာကို တွေ့ရတယ်……

အဲ့ဒိလူတွေ ပြောခဲ့တဲ့ စခွင်ရှော့လေးတွေ ပေးလိုက်တော့ မိတ်ဆွေက အော် ဒီလို လူတန်းစားတွေလားတဲ့ လေးလေးကြီး ပြောရင်း ဗဟုသုတရလို့ဆိုပြီး သူ စာတွေ နှစ်နှစ်ကာကာ ဖတ်ခဲ့သူတွေပါလို့ သံဝေဂ ရသွားတယ်….. ဒါတင်မဟုတ်ပါဘူးဗျာ လောလေလတ်လတ် ဦးဆန်းလွင် သူ့ခံစားချက်ကို သူထုတ်ပြောတာတောင် အခု ဘယ်လိုဆက်ဆံနေလဲ လေ့လာကြည့်ပေါ့ဗျာလို့ပဲ ပြောလိုက်တယ်…….

ဒါဖြင့် တစ်ချို့ NLD ဘက်ကနေတဲ့ တိုင်းရင်းသားအရေးလည်း ထောက်ခံတဲ့ ဘက်တော်သားတွေ ဘာလို့ PR ကို တူးတူးခါးခါး ဖြစ်နေလဲ မေးတဲ့အပေါ်တော့ ဒီလိုပဲ ရှင်းပြလိုက်ပါတယ်…… ဒေါ်ခင်ဝိုင်းကြည် အဆိုတင်တဲ့ PR စနစ် ကျင့်သုံးဖို့ဆိုတာ အမျိုးသား လွှတ်တော် အတွက်ပဲ…… မြန်မာနိုင်ငံမှာ တိုင်းနဲ့ ပြည်နယ် လွှတ်တော်တွေကို ဖယ်လိုက်ရင် အဓိက လွှတ်တော် နှစ်ရပ် ရှိတဲ့အနက် ပြည်သူ့လွှတ်တော်မှာ လွှတ်တော်အမတ် ၄၄၀ ဦး ပါဝင်တယ်…… အမျိုးသား လွှတ်တော်မှာ လွှတ်တော်အမတ် ၂၂၄ ဦးသာ ပါဝင်တယ်……

ဒေါ်ခင်ဝိုင်းကြည် အဆိုတင်တာ အမျိုးသားလွှတ်တော် ဖြစ်တဲ့အတွက် PR စနစ်ကို ကျင့်သုံးရင် အမျိုးသားလွှတ်တော်မှာပဲ အသက်ဝင်လိမ့်မယ်…… ပြည်သူ့လွှတ်တော်က လွှတ်တော်အမတ်တွေကိုယ်တိုင် ပြည်သူ့လွှတ်တော်ကိုပါ PR စနစ် ကျင့်သုံးဖို့ အဆိုပြု အောင်မြင်ပါမှ ပြည်သူ့လွှတ်တော်ပါ ကျင့်သုံးမှာ……. အဆိုမပြုရင် ပြည်သူ့လွှတ်တော်ဟာ FPTP ဆိုတဲ့ တိုက်ရိုက်ရွေး အမတ်တွေ ဝင်သွားမှာပဲ……..

အမတ် အရည်အတွက်ခြင်း အချိုးချကြည့်ရင် ခေါက်ချိုးနီးနီး ကွာနေတဲ့အပေါ် NLD အနေနဲ့ စိုးရိမ်စရာ မရှိဘူး၊ ပြည်သူ့လွှတ်တော်မှာ သူ့အမတ်တွေနဲ့ စိတ်တိုင်းကျ ချယ်လှယ်နိုင်တာကို အတိုင်းသား မြင်နိုင်မယ်…… ဒါကိုတောင်မှ အမျိုးသား လွှတ်တော်အထိ လိုက် စားမန်ခုတ်နေတာကို ထောက်ရှုရင် သူတို့ဟာ တစ်ပါတီ အာဏာရှင်စနစ်ကို အသက်သွင်းချင်တဲ့ လူတန်းစားတွေမို့လို့ပဲလို့ ပြောလိုက်တယ်…..

ပြည်သူ့လွှတ်တော် အမတ်နေရာရဲ့ ထက်ဝက်သာသာပဲ ရှိတဲ့ အမျိုးသား လွှတ်တော်မှာ PR စနစ် ကျင့်သုံးဖို့ အဆိုတင်တဲ့အပေါ်ကနေ မျက်နှာဖုံး ကွာကျလာခြင်း အကြောင်းကတော့ လောလောဆယ် ဒီမျှလောက်ပါပဲလို့ ဆိုပါရစေတော့….

Photo credit to original creator

From:VOJM

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>