ဦးသိန်းစိန်အား နောက်သမ္မတ သက်တမ်းနောက်တစ်ခု ဆက်လက် ထမ်းဆောင်ရန် တိုက်တွန်းခဲ့သည့် သတင်းထွက်ပေါ်လာပြီးနောက် ကရင်တိုင်းရင်းသား ခေါင်းဆောင်များအား NLD ပါတီအတွင်းရှိ ဒေါ်စုအနီးကပ်လူယုံများက ၀ိုင်းဝန်းဆဲဆိုလျက် ရှိကြောင်း သိရသည်။
ယမန်နေ့က 7Day သတင်းစာမျက်နှာတွင် ဦးသိန်းစိန်နှင့် KNU ခေါင်းဆောင်များ တွေ့ဆုံခဲ့သည့် သတင်းတက်လာခဲ့ကြောင်း၊ ယင်းသတင်းတွင် KNU ခေါင်းဆောင်များက ငြိမ်းချမ်းရေး ခိုင်ခိုင်မာမာ ဖြစ်စေရန် ဦးသိန်းစိန်အား နောက်ထပ်(၅)နှစ် သမ္မတ ဆက်လက်လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း၊ ထိုသို့ တောင်းဆိုခဲ့ခြင်းကြောင့် သမ္မတ လုပ်ချင်သည် ဟု နိုင်ငံတကာသိ ထုတ်ပြန်ကြေညာထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို KNU က မထောက်ခံ ဟု အတိအလင်း ထုတ်ဖော်ပြသလိုက်ခြင်းလည်း ဖြစ်ကြောင်း၊ ထိုသတင်းကြောင့် ဒေါ်စုနှင့် အနီးကပ်လူယုံ NLD အမာခံများက KNU ခေါင်းဆောင်များကို ပြင်းထန်စွာ ပုတ်ခတ်ဆဲဆိုခဲ့ကြကြောင်း သိရှိရသည်။
NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က “အဲဒါက ကရင်ခေါင်းဆောင်တွေ ဘာသဘောနဲ့ ပြောသလဲ မသိပါဘူး။ ကျွန်တော်တို့ ဥက္ကဌက သမ္မတဖြစ်ချင်တယ် ဆိုတာ ကမ္ဘာသိ ပြောကြားထားတာပါ။ ကရင်တိုင်းရင်းသားတွေက ဦးသိန်းစိန်ကို ထောက်ခံတယ် ဆိုရင်လည်း ထောက်ခံကြပေါ့။ ကျွန်တော်တို့ ဂရုစိုက်စရာ အကြောင်းမရှိဘူး။ NLD အနေနဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ထောက်ခံမှု မရရှိလည်း ဂရုစိုက်စရာ မရှိပါဘူး။ ကရင်ပြည်နယ်မှာ NLD ပါတီ Landslide အနိုင်ရရှိမယ် ဆိုရင် ပြီးပြီပေါ့။ ကရင်ပြည်နယ်မှာ NLD ပါတီအနိုင်ရရင် ဒီခေါင်းဆောင်ဆိုတဲ့ လူတွေလည်း အသံထွက်နိုင်တော့မှာ မဟုတ်ပါဘူး” ဟု နေ့စဉ်ထုတ် သတင်းစာ တစ်စောင်ကို ယနေ့နံနက် လွှတ်တော်အစည်းအဝေး မစတင်မီ ပြောကြားသည်။
KNU မှ ဒေါ်အောင်ဆန်းစုကြည်ကို မထောက်ခံလျှင်လည်း အရေးမကြီးကြောင်း၊ ဦးသိန်းစိန်ကို ထောက်ခံသည့် သဘောထားမှာ ယင်းတို့ သဘောထားသာ ဖြစ်ကြောင်း၊ NLD ပါတီအနေဖြင့် ပါတီဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ရေးကို နည်းမျိုးစုံဖြင့် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ အမေရိကန်၊ အီးယူနှင့် အနောက်နိုင်ငံများမှာ မိမိတို့ဘက်တွင် ရှိကြောင်း၊ ငွေကြေး နှင့် နည်းပညာ ကူညီထောက်ပံ့ပေးရန်လည်း အိုအိုင်စီနိုင်ငံများက ကမ်းလှမ်းလျက် ရှိကြောင်း၊ NLD ပါတီအနေဖြင့် စိတ်ပူ စရာ မလိုကြောင်း ယင်းက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် အနီးကပ်လိုက်ပါနေထိုင်ခဲ့ပြီး မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူး၍ ဖြန့်ဝေပေးခဲ့သည့် ခွန်ခေါင် (ခေါ်) မောပြေ (ခေါ်) ခွန်ဒီးယမ်ကလည်း “မူတူးဟာ တစ်သက်လုံး စစ်သားလုပ်ခဲ့တဲ့ သူ။ သေခါနီး သင်းချိုင်းခြေတစ်ဖက်ချပြီးကာမှ နိုင်ငံရေးသမား ဂိုက်ဖမ်းပြီး သောက်တလွဲတွေလုပ်၊ သောက်တလွဲတွေ ပြော၊ မပေါင်းသင့်တဲ့ သူနဲ့ ပေါင်း၊ အာဏာဖျက်လို့ ပျက်စီးနေလိုက်တာ ရစရာကို မရှိတော့ဘူး။ စစ်ပဲ တိုက်တတ်ရင် စစ်ဗိုလ်အဖြစ်နဲ့ပဲ အေးအေး နေသင့်တယ်” ဟု လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
၎င်းအပြင် ကရင်ခေါင်းဆောင်များသည် ဦးနှောက်ရှိသူများ မဟုတ်ကြကြောင်း၊ နိုင်ငံရေးကိုလည်း ဘာတစ်ခုမှ နားလည်ကြသူများ မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ချဉ်းကပ်လျှင် ဒေါ်စုက ဆရာစား မချန် သင်ပေးမည် ဖြစ်ကြောင်း ယင်းက ဆိုသည်။
“ဒါ..ကျွန်တော်တို့ ကရင်တွေကို သက်သက်မဲ့စော်ကားတာပါ။ NLD ပါတီကလူတွေ အကျင့်က သူတို့ကို မထောက်ခံလျှင် ရန်သူ ဟု မှတ်ယူထားကြောင်း၊ ယခုကဲ့သို့ ကရင်တိုင်းရင်းသားများကို ဆဲဆို အပုပ်ချသည်မှာ လူကြီးလူကောင်း အကျင့် မဟုတ်ကြောင်း၊ NLD ပါတီ၏ စရိုက် အမှန်ကို ဖော်ပြနေကြောင်း နိုင်ငံရေးပါတီကြီးတစ်ခုအနေဖြင့် သဘောထားကြီး ပေးရန် လိုကြောင်ါး၊ ငါးစိမ်းသည်ရန်တွေ့သလို ပြောဆိုနေသည်မှာ အဆင်အတန်းကို ဖော်ပြနေခြင်း ဖြစ်ကြောင်း” ရွှေဂွမ်းမြို့နယ်မှ ကရင်တိုင်းရင်းသားခေါင်းဆောင် တစ်ဦးက ဆိုသည်။
From:ပြည်သူ့အာဏာယမန်နေ့က 7Day သတင်းစာမျက်နှာတွင် ဦးသိန်းစိန်နှင့် KNU ခေါင်းဆောင်များ တွေ့ဆုံခဲ့သည့် သတင်းတက်လာခဲ့ကြောင်း၊ ယင်းသတင်းတွင် KNU ခေါင်းဆောင်များက ငြိမ်းချမ်းရေး ခိုင်ခိုင်မာမာ ဖြစ်စေရန် ဦးသိန်းစိန်အား နောက်ထပ်(၅)နှစ် သမ္မတ ဆက်လက်လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း၊ ထိုသို့ တောင်းဆိုခဲ့ခြင်းကြောင့် သမ္မတ လုပ်ချင်သည် ဟု နိုင်ငံတကာသိ ထုတ်ပြန်ကြေညာထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို KNU က မထောက်ခံ ဟု အတိအလင်း ထုတ်ဖော်ပြသလိုက်ခြင်းလည်း ဖြစ်ကြောင်း၊ ထိုသတင်းကြောင့် ဒေါ်စုနှင့် အနီးကပ်လူယုံ NLD အမာခံများက KNU ခေါင်းဆောင်များကို ပြင်းထန်စွာ ပုတ်ခတ်ဆဲဆိုခဲ့ကြကြောင်း သိရှိရသည်။
NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က “အဲဒါက ကရင်ခေါင်းဆောင်တွေ ဘာသဘောနဲ့ ပြောသလဲ မသိပါဘူး။ ကျွန်တော်တို့ ဥက္ကဌက သမ္မတဖြစ်ချင်တယ် ဆိုတာ ကမ္ဘာသိ ပြောကြားထားတာပါ။ ကရင်တိုင်းရင်းသားတွေက ဦးသိန်းစိန်ကို ထောက်ခံတယ် ဆိုရင်လည်း ထောက်ခံကြပေါ့။ ကျွန်တော်တို့ ဂရုစိုက်စရာ အကြောင်းမရှိဘူး။ NLD အနေနဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ထောက်ခံမှု မရရှိလည်း ဂရုစိုက်စရာ မရှိပါဘူး။ ကရင်ပြည်နယ်မှာ NLD ပါတီ Landslide အနိုင်ရရှိမယ် ဆိုရင် ပြီးပြီပေါ့။ ကရင်ပြည်နယ်မှာ NLD ပါတီအနိုင်ရရင် ဒီခေါင်းဆောင်ဆိုတဲ့ လူတွေလည်း အသံထွက်နိုင်တော့မှာ မဟုတ်ပါဘူး” ဟု နေ့စဉ်ထုတ် သတင်းစာ တစ်စောင်ကို ယနေ့နံနက် လွှတ်တော်အစည်းအဝေး မစတင်မီ ပြောကြားသည်။
KNU မှ ဒေါ်အောင်ဆန်းစုကြည်ကို မထောက်ခံလျှင်လည်း အရေးမကြီးကြောင်း၊ ဦးသိန်းစိန်ကို ထောက်ခံသည့် သဘောထားမှာ ယင်းတို့ သဘောထားသာ ဖြစ်ကြောင်း၊ NLD ပါတီအနေဖြင့် ပါတီဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ရေးကို နည်းမျိုးစုံဖြင့် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ အမေရိကန်၊ အီးယူနှင့် အနောက်နိုင်ငံများမှာ မိမိတို့ဘက်တွင် ရှိကြောင်း၊ ငွေကြေး နှင့် နည်းပညာ ကူညီထောက်ပံ့ပေးရန်လည်း အိုအိုင်စီနိုင်ငံများက ကမ်းလှမ်းလျက် ရှိကြောင်း၊ NLD ပါတီအနေဖြင့် စိတ်ပူ စရာ မလိုကြောင်း ယင်းက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် အနီးကပ်လိုက်ပါနေထိုင်ခဲ့ပြီး မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူး၍ ဖြန့်ဝေပေးခဲ့သည့် ခွန်ခေါင် (ခေါ်) မောပြေ (ခေါ်) ခွန်ဒီးယမ်ကလည်း “မူတူးဟာ တစ်သက်လုံး စစ်သားလုပ်ခဲ့တဲ့ သူ။ သေခါနီး သင်းချိုင်းခြေတစ်ဖက်ချပြီးကာမှ နိုင်ငံရေးသမား ဂိုက်ဖမ်းပြီး သောက်တလွဲတွေလုပ်၊ သောက်တလွဲတွေ ပြော၊ မပေါင်းသင့်တဲ့ သူနဲ့ ပေါင်း၊ အာဏာဖျက်လို့ ပျက်စီးနေလိုက်တာ ရစရာကို မရှိတော့ဘူး။ စစ်ပဲ တိုက်တတ်ရင် စစ်ဗိုလ်အဖြစ်နဲ့ပဲ အေးအေး နေသင့်တယ်” ဟု လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
၎င်းအပြင် ကရင်ခေါင်းဆောင်များသည် ဦးနှောက်ရှိသူများ မဟုတ်ကြကြောင်း၊ နိုင်ငံရေးကိုလည်း ဘာတစ်ခုမှ နားလည်ကြသူများ မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ချဉ်းကပ်လျှင် ဒေါ်စုက ဆရာစား မချန် သင်ပေးမည် ဖြစ်ကြောင်း ယင်းက ဆိုသည်။
“ဒါ..ကျွန်တော်တို့ ကရင်တွေကို သက်သက်မဲ့စော်ကားတာပါ။ NLD ပါတီကလူတွေ အကျင့်က သူတို့ကို မထောက်ခံလျှင် ရန်သူ ဟု မှတ်ယူထားကြောင်း၊ ယခုကဲ့သို့ ကရင်တိုင်းရင်းသားများကို ဆဲဆို အပုပ်ချသည်မှာ လူကြီးလူကောင်း အကျင့် မဟုတ်ကြောင်း၊ NLD ပါတီ၏ စရိုက် အမှန်ကို ဖော်ပြနေကြောင်း နိုင်ငံရေးပါတီကြီးတစ်ခုအနေဖြင့် သဘောထားကြီး ပေးရန် လိုကြောင်ါး၊ ငါးစိမ်းသည်ရန်တွေ့သလို ပြောဆိုနေသည်မှာ အဆင်အတန်းကို ဖော်ပြနေခြင်း ဖြစ်ကြောင်း” ရွှေဂွမ်းမြို့နယ်မှ ကရင်တိုင်းရင်းသားခေါင်းဆောင် တစ်ဦးက ဆိုသည်။
www.mmdailystar.com