လွန်ခဲ့သည့် ၁၄ ရက်နေ့က သူ၏ ၄ လပြည့်ဖြစ်သည်။ မွေးဖွားသည်တော့မဟုတ်။ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ တိတိကျကျ ဆိုရလျှင် ကျဆုံးသွားသည်ဟု ပြောရလျှင် ပိုမှန်ပါလိမ့်မည်။ ထိုထက် တိတိကျကျပြောရလျှင်တော့ ကချင်ပြည်နယ်နှင့် တရုတ်နယ်စပ်တနေရာတွင် ဇွန်လ ၁၄ ရက်နေ့က သူကျဆုံးသွားခဲ့သည်။
သူ့ကျဆုံးပုံကို သက်ဆိုင်ရာတပ်ဗိုလ်ကြီးက အကြောင်းပြန်ကြားရာတွင် ခေါင်းကို မိုင်းစမှန်ကာ ကျဆုံးသည်ဟု ပြောသည်။ သူကျဆုံးသည်ကို ကျဆုံးပြီး ၂ ရက်အကြာမှ မိသားစုက သိရသည်။
သူ့ကို တောတွင်းတွင် မြုပ်နှံလိုက်သည်။
သူကျဆုံးသွားသည်ကို သူ့အမေက မယုံချင်ပါ။
သူကျဆုံးသွားသည်ကို သူ့အမေက မယုံချင်ပါ။
ထို့အထွက် ယခုအချိန်အထိ အမျှမဝေဘဲ ထားလိုက်သည်ဟု ဆိုသည်။
သူ့ကို မိသားစုက အမျှမဝေရသေးပါ။
သူ့ချစ်သူကတော့ ဘုန်းကြီးကို လှူစရာရှိသည်များ လှူပြီး အမျှဝေထားလိုက်သည်။
ယခုဆိုလျှင် သူကျဆုံးသွားခဲ့သည်မှာ ၄ လကျော်သွားခဲ့ပြီဖြစ်သည်။
သို့သော်လည်း စစ်ပွဲကတော့ သူမကျဆုံးမီကအတိုင်းပင်
ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတုန်းပင်။ တစ်ခါတစ်ရံ တိုက်လိုက်မည်။
နားထားလိုက်မည်။
အခြေအနေမှာ မည်သို့မည်ပုံဖြစ်လာမည်ကို မသိသေး။
သို့နှင့် စတိုက်သည်မှ ၁ နှစ် ၅ လကြာချေပြီ။
သူမကျမီ ၁ ခန့်အလိုအထိ နယ်မြေ၏အခြေအနေကောင်းနေသေးသော်လည်း
နောက်ပိုင်းတွင် ဆွေးနွေးပွဲလည်း ပျက်ကာ တိုက်ကြ ခိုက်ကြဖို့ဖြစ်လာခြင်းဖြစ်သည်။
သူမကျမီလေးတင် သမ္မတကလည်း ရှေ့တန်းတွင် ခုခံကာကွယ်သည်မှ အပ
တိုက်ခိုက်ခြင်း မပြုရန် တားဆီးခဲ့သေးသည်။ သူမပစ်လိုက်ရပါ။
ဟိုဘက်က ပစ်သွားသည်ကို ခံလိုက်ရကာ ကျသွားရသည်။
သူကျသွားသဖြင့် တဖက်ကတော့ ပျော်ကောင်းပျော်နေပါလိမ့်မည်။
အဘယ်ကြောင့်ဆိုသော သူက မကြာသေးမီကမှ OTS ဆင်းလာပြီး
ဒုဗိုလ်မှ ဗိုလ်ဖြစ်လာရသူဖြစ်သည်။ နှစ်ပွင့်တစ်ယောက်ကျသွားသည်
အခြားတပ်သားနှစ်ယောက် ဒါဏ်ရာရသွားသည်ဟု နိုင်ငံတကာမီဒီယာများက မေးမြန်းလာလျှင် အားရ၀မ်းသာဖြင့် ပြောမည့် ဗိုလ်ချုပ်ဂွမ်မော်အတွက်လည်း ပျော်စရာပင်။
တကယ်တော့ ပျော်စရာကောင်းသည့်သူက နည်းနည်းရယ်ပါ။ မပျော်သည့်သူက အများအပြားဖြစ်ပါလိမ့်မည်။ သူ့တမိသားစုလုံးက ၀မ်းနည်းငိုကြွေးကြလိမ့်မည်။
သူ့ချစ်သူက ငိုကြွေးမည်။ သူ့သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များကလည်း ငိုကြွေးကြဦးမည်။
၂၇ နှစ်အရွယ်တွင်မှ သေးဆုံးသွားရသည်ဟု အားမလိုအားမရဖြစ်ရဦးမည်။
ဘာပဲဖြစ်ဖြစ် သူကတော့ ကျသွားခဲ့ပြီဖြစ်သည်။ ပြန်လည်း အစားလိုမရတော့ပါ။
ဘာပဲဖြစ်ဖြစ် သူကတော့ ကျသွားခဲ့ပြီဖြစ်သည်။ ပြန်လည်း အစားလိုမရတော့ပါ။
စစ်တပ်တွင်သူ့နေရာကိုအစားထိုးလို့ ရမည်ဖြစ်သော်လည်း
သူ့မိသားစုအတွက်တော့ အစားထိုးလို့ မရတော့ပြီ။
စစ်သားဆိုမှတော့ စစ်တိုက်ရမည်သာ ဖြစ်သည်။
စစ်သားဆိုမှတော့ စစ်တိုက်ရမည်သာ ဖြစ်သည်။
စစ်ပွဲတွင် ကျဆုံးသည်ကတော့ ဂုဏ်ယူစရာကောင်းပါလိမ့်မည်။
သူကျဆုံးစေသည့် စစ် ဘာကြောင့် ဖြစ်တယ်။ ဘယ်လိုဖြစ်တယ်ဆိုတာကို ဖြေရှင်းနေခြင်းထက် ဒီစစ်ပြီးဆုံးရန်သာ အရေးကြီးပါသည်။
မည်သည့်နည်းဖြင့် ဖြစ်စေ ဒီစစ်ပြီးဆုံးရန်သာ အရေးကြီးသည်။
ငြိမ်းချမ်းရေးအရယူပြီး ဖြေရှင်းနည်းလား။ သို့မဟုတ် စခန်းသိမ်းပြီးဖြေရှင်းနည်းလား။ အလွယ်ကူဆုံးနည်းဖြင့် ဖြေရှင်းရမည်သာဖြစ်သည်။ ငြိမ်းချမ်းရေးက လွယ်သလား၊
စခန်းသိမ်းခြင်းက လွယ်မလားကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူများအသိဆုံးပင် ဖြစ်ပါလိမ့်မည်။
ယခုထပ်ပြီး ဆွေးနွေးနေကြပြန်ပြီဖြစ်သည်။ သို့ရာတွင် ဟိုဘက်ကတော့ ငြိမ်းချမ်းရေးကို လိုလားပုံမပြ။ အပစ်အခတ်ရပ်ဆဲရေးထက် နိုင်ငံရေးအရဆွေးနွေးရန်တောင်းဆိုသည်ဟု မီဒီယာများတွင် ပါသည်။ မည်ကဲ့သို့ ဆွေးနွေး မလဲဆိုတော့ မဖြေနိုင်ကြ။ ဘာလိုချင်တာလဲ။ ဘာလိုချင်လို့လဲ။ ဘာအတွက် ဒီစစ်ကို တိုက်နေကြတာလဲ။
တကယ်တော့ စစ်တိုက်တယ်ဆိုတာ ငြိမ်းချမ်းရေးအတွက် တိုက်တာမဟုတ်ဘူးလား။
လူမျိုးတစ်မျိုးလား၊ တိုင်းပြည်တစ်ပြည်လားတော့ ရွေးရမည်ဖြစ်သည်။ ကိုယ်လိုချင်တာ ရမည်
စစ်ကြီးမပြီးသရွှေ့ သူ့လို ကျသူကျဦးမည်။ ပြတ်သူပြတ်မည်။ ငတ်သူငတ်ဦးမည်။ ကျသူ၊ ပြတ်သူများ၏ မိသားစုများကလည်း ငိုကြွေးကြရဦးမည်သာဖြစ်သည်။ သူနာမည်ကိုတော့ မပြောပြတော့ပါ။
သူသည် ဗိုလ်တစ်ဦးသာ ဖြစ်သည်။စစ်ကြီးမပြီးသရွှေ့ သူ့လို ကျသူကျဦးမည်။ ပြတ်သူပြတ်မည်။ ငတ်သူငတ်ဦးမည်။ ကျသူ၊ ပြတ်သူများ၏ မိသားစုများကလည်း ငိုကြွေးကြရဦးမည်သာဖြစ်သည်။ သူနာမည်ကိုတော့ မပြောပြတော့ပါ။
www.mmdailystar.com