Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပီအာ ( PR ) ဟာ ရယ်စရာ မဟုတ် ….

$
0
0

ပီအာ ( Proportional Representation ) ….
အချိုးကျ ရွေးကောက်တင်မြှောက်သော စနစ် ဆိုတဲ့  အဓိပ္ပာယ်ကို ….
အများနားလည်အောင် ရှင်းပြရမယ် ဆိုရင် …
လက်ရှိ ကျွန်တော်တို့ ကျင့်သုံးနေတဲ့  ….
‘မဲအများဆုံးရသူက အနိုင်ရသည့်စနစ်’ …
(First Past the Post - FPTP ) စနစ် က ပဲ ….
စပြောရမှာ ဖြစ်ပါတယ် ….

လက်ရှိ FPTP စနစ်ဟာ ….
Winner Takes All ( အနိုင်ရသူ အားလုံးယူ ) ဆိုတဲ့  …
အယူအဆကို အခြေခံပါတယ် …

ဥပမာ …..မဲဆန္ဒနယ် တစ်ခုမှာ ….
ပါတီ သုံးခု ၀င်ပြိုင်တယ် ဆိုကြပါစို့  …
A ပါတီ က မဲ ၆၀ ရာခိုင်နူန်း …
B ပါတီ က မဲ ၃၀ ရာခိုင်နူန်း …
C ပါတီ က မဲ ၁၀ ရာခိုင်နူန်း ရရှိခဲ့ပြီ ဆိုပါစို့  ….

A ပါတီ က အမတ်က အနိုင်ရပြီး …
လွှတ်တော်ထဲကို ရောက်ရှိသွားတဲ့  စနစ်ပါ …
ကျန်တဲ့  B ပါတီ နဲ့  C ပါတီ က ရတဲ့  မဲအားလုံးကို …
ထည့်မစဉ်းစားတော့ဘူး ဆိုတဲ့  စနစ်ဖြစ်ပါတယ် …..

ဒီစနစ်ဟာ ….
၁၈ ရာစုနှစ်က ….
ဗြိတိသျှနိုင်ငံရေး ဘောဂဗေဒပညာရှင် ...
ဂျွန်စတုရပ် မီး(လ) အဖို့ တော့ …
သိပ် ဘ၀င်ကျဖွယ်ကောင်းတဲ့  ကိစ္စ မဟုတ်ပါဘူး …

လူ ၁၀၀ မှာ အများစု ၆၀ ရဲ့  မဲ ကိုပဲ ထည့်သွင်းစဉ်းစားပြီး ….
ကျန်တဲ့  လူနည်းစု ၄၀ ရဲ့  မဲ က ….
ပယ်မဲ သဘောမျိုး ဖြစ်သွားတဲ့ အတွက် …
တရားမျှတမှု မရှိဘူးလို့  ....
သူက ယူဆပါတယ် ...

ဒါကြောင့် ဂျွန်စတုရပ် မီး(လ) ဟာ ….
လက်ရှိ ပီအာ စနစ် ရဲ့  အယူအဆကို ....
စတင် တည်ထွင်ခဲ့ ပါတယ် …

သူ့ ရဲ့ စနစ် ကတော့ …
A ပါတီ က တစ်ပြည်လုံးမှာ ရတဲ့  မဲ ရာခိုင်နူန်း …
B ပါတီ က တစ်ပြည်လုံးမှာ ရတဲ့  မဲ ရာခိုင်နူန်း …
C ပါတီ က တစ်ပြည်လုံးမှာ ရတဲ့  မဲ ရာခိုင်နူန်း စသဖြင့် ….
ရွေးကောက်ပွဲ မှာ ပါတီ အသီးသီးက ရတဲ့  ….
မဲ ရာခိုင်နူန်းတွေကို တွက်ချက်ပါတယ် …

ပြီးတော့မှ …
ကိုယ့်ပါတီက ရတဲ့  မဲ ရာခိုင်နူန်း အလိုက် …
အမတ်တွေကို လွှတ်တော်ထဲမှာ ….
ဝင်ရောက်နေရာယူတဲ့  စနစ်မျိုး ဖြစ်ပါတယ် …

ပီအာ စနစ် ရဲ့  အားသာချက်ကတော့ ...
ပါတီကြီးကြီး ငယ်ငယ် ဘယ်လိုပဲ ဖြစ်ဖြစ် ...
ကိုယ် ရတဲ့ မဲ ရာခိုင်နူန်း အလိုက် ...
လွှတ်တော် ထဲမှာ နေရာယူခွင့် .....
ရလာတာ ဖြစ်ပြီး ....

အားနည်းချက် ကတော့ ...
အစွန်းရောက် ပါတီတွေ ...
လွှတ်တော်ထဲ ရောက်လာတာမျိုး ....
မဲဆန္ဒနယ် တစ်ခုချင်းအလိုက် ....
အမတ်တွေက တိုက်ရိုက် တာဝန်ခံမှု မရှိတော့မျိုးတွေ ...
ဖြစ်ပါတယ် ...

ပီအာစနစ်ကို …
၁၈၅၇ ခုနှစ် ဒိန်းမတ်နိုင်ငံ မှာ …
စတင် ကျင့်သုံးပါတယ် ….
အဲဒီနောက်မှာတော့ ….
ဆွစ်ဇာလန် (၁၈၉၁) ….
ဘယ်(လ)ဂျီယံ (၁၈၉၉) ….
ဖင်လန် (၁၉၀၆) စသဖြင့် ….
အသီးသီး လိုက်ပါ ကျင့်သုံးလာကြပါတယ် …

လက်ရှိ ကမ္ဘာပေါ်မှာ ....
ပီအာစနစ် ကို အခြေခံပြီး …
ကိုယ့်နိုင်ငံနဲ့  လိုက်အောင် မွမ်းမံ ကျင့်သုံးနေတဲ့  …
နိုင်ငံပေါင်း ၉၀ နီးပါး ရှိပြီး ….
ထင်ရှားတဲ့ နိုင်ငံတွေကတော့ ….
ၾသစေတးလ် ၊ အာဂ်င္တီးနား ၊ ဘရာဇီး ….
ဖင်လန် ၊ ဂျာမဏီ ၊ ဟောင်ကောင် ….
ဟန်ဂေရီ ၊ တူရကီ ၊ အင်ဒိုနီးရှား …
အစ္စရေး ၊ အီတလီ ၊ ဂျပန် …
မက္ကဆီကို ၊ နီပေါ ၊ နော်ဝေး …..
နယူးဆီလန် ၊ ရုရှား ၊ ဆွီဒင် …
ဟောင်ကောင် ၊ ထိုင်ဝမ် ၊တောင်ကိုးရီးယား ….
စတဲ့  နိုင်ငံတွေ အပြင် …
အမေရိကန် ပြည်ထောင်စု က …
ပြည်နယ်ရွေးကောက်ပွဲ တစ်ချို့  မှာလဲ ….
လက်ရှိ ကျင့်သုံးလျှက်ရှိပါတယ် …

မြန်မာနိုင်ငံမှာလဲ …
ပီအာ စနစ်ကို ကျင့်သုံးဖို့  …
အမျိုးသား လွှတ်တော် အမတ် ဒေါ်ခင်ဝိုင်းကြည် က …
အမျိုးသား လွှတ်တော် မှာ အဆိုတင်သွင်းချိန်မှာ …
တပ်မတော်သား အမတ်များ အပါအ၀င် ….
ထောက်ခံသူ အမတ် ၁၆၁ ဦး ရှိတဲ့ အတွက် ….
အဆိုကို လက်ခံဆွေးနွေးဖို့  ပြင်ဆင်နေပြီ ဖြစ်ကြောင်း …
အသိပေး တင်ပြအပ်ပါတယ် ခင်ဗျား …

From: Ye Moe

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...