"ဖွဲ့စည်းပုံအခြေခံဥပဒေ အစတုန်း ကပေါ့ ဖြစ်ပေါ်လာမဲ့ နိုင်ငံရဲ့အခြေအနေ ကို မျှော်မှန်းပြီးတော့ အဲ့တုန်းကပေါ့ အားလုံး တွက်ဆပြီးတော့မှ အကောင်းဆုံးဟာကို ရေးဆွဲ ပြီးတော့မှ လူထုရဲ့ထောက်ခံချက်နဲ့ လုပ်ခဲ့တာ အခုဆို ၃ နှစ်ရှိသွားပြီ အဲ့တုန်းကအမြင်နဲ့ ယှဉ်ကြည့်ရင် တချို့ကလေ လွဲနေမှာပေါ့၊ လွဲနေတဲ့ အခါ ကျတော့လည်း ပြင်ရမှာပေါ့ ပြင်သင့်လား၊ မပြင်သင့်ဘူးလားဆိုတာကတော့ ပြည်သူတွေက ဆုံးဖြတ်ပေါ့၊ ပြင်တာလွယ်ပါတယ် ဒါပေမဲ့ ပြင်ပြီးရင်အဲ့ကောင်ကို ပြန်ဖျက်ဖို့က မလွယ်ဘူး ဒါကြောင့် မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆင်ဖို့က အင်မတန်အရေးကြီးတယ်၊ ပြင်သင့်မပြင်သင့်ဆိုတာ တဒင်္ဂ ခံစာမှုနဲ့ ပြောလို့မရဘူး၊ တစ်ဦးတစ်ယောက်ခံစာမှုနဲ့လည်း ပြောလို့မရဘူး မြန်မာပြည်မှာရှိတဲ့ သန်းပေါင်း ၆၀ သောမဲပေးနိုင်ခွင့်ရှိသောသူတွေရဲ့ ဆန္ဒသည် မူတည်ပါတယ်"
www.mmdailystar.com
