စစ် မဖြစ်ဘူး ….ဖြစ်မယ် …
စစ်က ဟိုလို …
စစ်က ဒီလို ….
ငြင်းခုန်နေကြတာတွေ များလွန်းလို့  …
စစ်ပွဲတွေရဲ့ သဘောသဘာဝ အကြောင်း ကို …
အနည်းအကျဉ်း ဝေမျှလိုပါတယ် …
စစ်ဖြစ်နိုင်လားလို့  ....
ကျွန်တော့်ကို လာမေးရင် …
ဘယ်လို စစ် တုန်းလို့  …
အရင်ဆုံး ပြန်မေးရမှာပါပဲ …
အကြွင်းမဲ့စစ် ဆိုတာမျိုး ကတော့ …
နိုင်ငံတစ်ခု နဲ့  တစ်ခု စစ်ကြေငြာ …
ရှိသမျှ လူ လက်နက် …
ငွေ သယံဇာတ အရင်းအမြစ် …
အစွမ်းကုန် သုံးပြီး …
တစ်ဖက်နဲ့ တစ်ဖက် …
မီးကုန်ယမ်းကုန် ဆော်ကြတာပါ ….
ဒီနေ့ ခေတ်မှာ တော့ …
ဒါမျိုးဖြစ်လာဖို့ ဆိုတာ …
အတော် ခက်ခဲပါတယ် ….
မလွယ်လှပါ ဘူး ….
ဒါဆို ဒေသတွင်းမှာ ….
အကန့် အသတ် နဲ့  ဖြစ်တဲ့  ...
စစ်ပွဲမျိုး ကရော လို့  …
မေးစရာ ရှိလာပါတယ် …
ဒါကတော့ ...
မဖြစ်နိုင်ဘူးလို့ ပြောဖို့ ခက်ပါတယ် …
ယိုးဒယား နဲ့  ၂၀၀၃ ၀န်းကျင်လောက်က ဖြစ်တဲ့ …
နယ်စပ်တင်းမာမှု က စတဲ့ ပြသနာဟာ…
ဒေသတွင်း ကန့် သတ်စစ် အဆင့်ဖြစ်တော့မလို့ …
နည်းနည်းလေးပဲ လိုတော့တာပါ ….
တစ်ဖက်က နောက်ဆုတ်သွားလို့  …
ဒီ အဆင့်အထိ မရောက်လိုက်ပါဘူး ….
နယ်စပ် အရေးအခင်း ….
စစ်ပွဲငယ်လေးတွေ ကတော့ …
အချိန်မရွေး ဖြစ်နိုင်ပါတယ် …
လက်ရှိလဲ နိုင်ငံအတော်များများ …
ဒေသ အတော်များများမှာ …
ဖြစ်နေတာပါပဲ …
တစ်ခု သတိထားရမှာ က …
နယ်စပ်ဒေသ တိုက်ပွဲလေးတွေက နေ ….
ဒေသတွင်း ကန့် သတ်စစ် အဆင့်ကို …
ရုတ်တရက် ရောက်သွားတတ်ပါတယ် …
မြေပြင်ထိတွေ့ မှုတွေ ပြင်းထန်လာပြီး …
နှစ်ဖက်စလုံးက လေယာဉ်တွေ သုံးလာကြတာ…
ရေတပ် သင်္ဘောတွေချင်း ပစ်ခတ်ကုန်တာ …
ဒီလို အရှိန်မြင့်ကုန်တဲ့  သဘောမျိုးပါ…
ဒေသတွင်း ကန့် သတ် စစ်ပွဲတွေဟာ …
အငိုက်မိတဲ့သူ ခံရတတ်ပါတယ် …
လက်မြန်ခြေမြန် ဆော်ပလော်တီး …
ပြီးလဲပြီးရော နိုင်ငံကြီးတွေက ၀င်ညှိကြ …
ဝင်တားကြ နဲ့  …
နောက်ဆုံး ခံလိုက်ရတဲ့ ကောင်က …
မကျေမနပ် နဲ့ ပဲ …
ကျေအေးလိုက်ရတတ်တဲ့  ...
အနေအထားမျိုး ရှိ တတ်ပါတယ် …
ဒီလောက်ဆိုရင် …
တပ် က ဘာကြောင့် ….
Alert တွေ လုပ်တယ် …
တပ်တွေ ရွေ့ ပြောင်းရတယ် ဆိုတဲ့  သဘောကို ….
နားလည်လောက်ပါပြီ …
သတိ ဆိုတာ ပိုတယ်လို့ မရှိပါဘူး…
တစ်လက်စတည်း …
ဘင်္ဂလားဒေ့ရှ်က အရန်စစ်အင်အား ဘယ်လောက် …
အရန် အမျိုးသမီး စစ်သည် သုံးသိန်းခွဲ ဘာညာ ..
ပြောဆိုနေတာလေးတွေကို လဲ …
တစ်ချက် ရှင်းပြချင်ပါတယ် ….
ဒါတွေဟာ ..အကြွင်းမဲ့ စစ် ဖြစ်ပြီဆိုမှ …
ထုတ်သုံးတဲ့  အင်အားတွေပါ …
နိုင်ငံတစ်ခု နဲ့ တစ်ခု …
အကြွင်းမဲ့ စစ်ဖြစ်ပြီဆို …
တိုင်းပြည်ရဲ့ စစ်အင်အား စုစည်းခြင်းကို …
ကဏ္ဍ ငါးခု နဲ့ ဆောင်ရွက်ပါတယ် …
၁။ ချက်ချင်း ရနိုင်သည့် ပစ္စည်း ( လူ ၊ လက်နက် )
Available Immediately
၂။ စတင်(ထုတ်လုပ်) ရရှိနိုင်သောပစ္စည်း
After Activation
၃။ ပြောင်းလဲပြစ်မှ ရနိုင်သော ပစ္စည်း
After Conversion
၎။ ဖွံဖြိုးတိုးတက် ထုတ်လုပ်မှ ရနိုင်သော ပစ္စည်း
After Development
၅။ စာတွေ့ သဘော ရနိုင်သည်ဆိုသော ပစ္စည်း
Available Hypothetically တို့ ဖြစ်ပါတယ် …
နံပါတ် ၁ ….
ချက်ချင်းရနိုင်တဲ့ ပစ္စည်း ဆိုတာ ….
သိုလှောင်ထားတဲ့  လက်နက်ခဲယမ်း ..
အစိုးရ ရဲ့ အရန်ငွေကြေး …
အသင့်ဖွဲ့ စည်းထားတဲ့  တပ်မျိုးတွေ ဖြစ်ပါတယ် ….
ဒါတွေ ကို ချက်ချင်း အသုံးချပြီး …
စစ်ကို စတိုက်ပါလိမ့်မယ် ….
နံပါတ် ၂ …
စတင်(ထုတ်လုပ်) ရရှိနိုင်သောပစ္စည်း ဆိုတာ….
အရန်တပ် အင်အားတွေ ဖြစ်ပါတယ် …
တပ်မတော်နေ့ စစ်ရေးပြမှာ …
မီးသတ် တပ်ဖွဲ့ တွေ ၀င်လျှောက်တာ …
ရဲတပ်ဖွဲ့ ဝင်တွေ ပါလာတာ…
စစ်သင်တန်းတွေ တက်ရတာ…
ဖောင်ကြီးမှာ ၀န်ထမ်းတွေ ….
အခြေခံစစ်ပညာ သင်ရတာ စတာတွေသည် …
ဒီ သဘောတရားတွေ ဖြစ်ပါတယ် …
တစ်ပြည်လုံးမှာ ရှိတဲ့  ထရပ်ကားတွေ အားလုံး …
ထောက်ပို့ တပ်ကို လာရောက် အပ်နှံခိုင်းတာမျိုး …
အရပ်ဖက် လေယာဉ်တွေ …
လေတပ်ကို လာသတင်းပို့ ခိုင်းတာမျိုး တွေလဲ …
အကျုံးဝင် ပါတယ် ….
နံပါတ် ၃ ….
ပြောင်းလဲပြစ်မှ ရနိုင်သော ပစ္စည်း ဆိုတာကတော့ …
မလေ့ကျင့်ရသေးတဲ့ သူတွေကို …
အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ စနစ်နဲ့  ..
ဆင့်ခေါ် စစ်မှုထမ်းစေတာ…
တပ်သားသစ် ၃ လ သင်တန်းတက် …
တာဝန်ကျရာတပ်ကို …
ချက်ချင်း သတင်းပို့ စေတာမျိုးတွေ ပါပါတယ် …
ကားထုတ်တဲ့ စက်ရုံတွေကို …
သံချပ်ကာကားတွေ ပြောင်းလဲထုတ်တာ…
သဘောင်္ကျင်းအားလုံး …
စစ်အတွက်လိုအပ်တဲ့ ယာဉ်တွေ ပြောင်းထုတ်တာ …
အစားအသောက် စက်ရုံတွေ အားလုံး …
စစ်သုံးရာရှင်တွေ ပြောင်းလဲထုတ်တာ …
အထည်ချုပ်စက်ရုံတွေ အားလုံး …
လိုအပ်တဲ့  စစ်သုံးချပ်ဝတ်တန်ဆာတွေ …
ပြောင်းလဲ ထုတ်လုပ်တာ …
တိုင်းပြည်ရဲ့  ကုန်ထုတ်စွမ်းအား တစ်ခုလုံးကို …
စစ်ပွဲ အတွက် ပြောင်းလဲ အသုံးချပြစ်တာ…
ဒါမျိုးတွေ ဖြစ်ပါတယ် ….
နံပါတ် ၄ …
ဖွံဖြိုးတိုးတက် ထုတ်လုပ်မှ ရနိုင်သော ပစ္စည်း ကတော့ …
မထုတ်လုပ်ရသေးတဲ့  …
အရန်ရေနံကြောတွေ …
သဘာဝ ဓာတ်ငွေ့ သိုက်တွေ …
သံရိုင်းတွေ အဖြိုက်နက်တွေ …
ဓာတ်သတ္တုသိုက်မျိုး တွေကို …
စတင် ထုတ်လုပ်ပြီး …
စစ်ပွဲ အတွက် သုံးစွဲတာမျိုး ဖြစ်ပါတယ် …
နံပါတ် ၅ …
စာတွေ့ သဘော ရနိုင်သည်ဆိုသော ပစ္စည်း ဆိုတာကတော့ …
ရုတ်တရက် ကြည့်လိုက်ရင် …
အဓိပ္ပာယ် မရှိဘူးလို့  ထင်ရပါတယ် …
ဒါပေမယ့် …
ဒုတိယ ကမ္ဘာစစ်မှာ …
အမေရိကန်က အနူမြူဗုံးကို ရအောင်ထုတ်လုပ်ပြီး …
စစ်ကို အနိုင်တိုက်သွားတာ …
ဒီ သဘောတရား မျိုး ဖြစ်ပါတယ် ….
ဒီလောက်ဆိုရင် …
အရန် အင်အား ဆိုတဲ့  စကားကို …
ရှင်းလောက်ပါပြီ လို့ ထင်ပါတယ် ခင်ဗျား …။
စစ်က ဟိုလို …
စစ်က ဒီလို ….
ငြင်းခုန်နေကြတာတွေ များလွန်းလို့  …
စစ်ပွဲတွေရဲ့ သဘောသဘာဝ အကြောင်း ကို …
အနည်းအကျဉ်း ဝေမျှလိုပါတယ် …
စစ်ဖြစ်နိုင်လားလို့  ....
ကျွန်တော့်ကို လာမေးရင် …
ဘယ်လို စစ် တုန်းလို့  …
အရင်ဆုံး ပြန်မေးရမှာပါပဲ …
အကြွင်းမဲ့စစ် ဆိုတာမျိုး ကတော့ …
နိုင်ငံတစ်ခု နဲ့  တစ်ခု စစ်ကြေငြာ …
ရှိသမျှ လူ လက်နက် …
ငွေ သယံဇာတ အရင်းအမြစ် …
အစွမ်းကုန် သုံးပြီး …
တစ်ဖက်နဲ့ တစ်ဖက် …
မီးကုန်ယမ်းကုန် ဆော်ကြတာပါ ….
ဒီနေ့ ခေတ်မှာ တော့ …
ဒါမျိုးဖြစ်လာဖို့ ဆိုတာ …
အတော် ခက်ခဲပါတယ် ….
မလွယ်လှပါ ဘူး ….
ဒါဆို ဒေသတွင်းမှာ ….
အကန့် အသတ် နဲ့  ဖြစ်တဲ့  ...
စစ်ပွဲမျိုး ကရော လို့  …
မေးစရာ ရှိလာပါတယ် …
ဒါကတော့ ...
မဖြစ်နိုင်ဘူးလို့ ပြောဖို့ ခက်ပါတယ် …
ယိုးဒယား နဲ့  ၂၀၀၃ ၀န်းကျင်လောက်က ဖြစ်တဲ့ …
နယ်စပ်တင်းမာမှု က စတဲ့ ပြသနာဟာ…
ဒေသတွင်း ကန့် သတ်စစ် အဆင့်ဖြစ်တော့မလို့ …
နည်းနည်းလေးပဲ လိုတော့တာပါ ….
တစ်ဖက်က နောက်ဆုတ်သွားလို့  …
ဒီ အဆင့်အထိ မရောက်လိုက်ပါဘူး ….
နယ်စပ် အရေးအခင်း ….
စစ်ပွဲငယ်လေးတွေ ကတော့ …
အချိန်မရွေး ဖြစ်နိုင်ပါတယ် …
လက်ရှိလဲ နိုင်ငံအတော်များများ …
ဒေသ အတော်များများမှာ …
ဖြစ်နေတာပါပဲ …
တစ်ခု သတိထားရမှာ က …
နယ်စပ်ဒေသ တိုက်ပွဲလေးတွေက နေ ….
ဒေသတွင်း ကန့် သတ်စစ် အဆင့်ကို …
ရုတ်တရက် ရောက်သွားတတ်ပါတယ် …
မြေပြင်ထိတွေ့ မှုတွေ ပြင်းထန်လာပြီး …
နှစ်ဖက်စလုံးက လေယာဉ်တွေ သုံးလာကြတာ…
ရေတပ် သင်္ဘောတွေချင်း ပစ်ခတ်ကုန်တာ …
ဒီလို အရှိန်မြင့်ကုန်တဲ့  သဘောမျိုးပါ…
ဒေသတွင်း ကန့် သတ် စစ်ပွဲတွေဟာ …
အငိုက်မိတဲ့သူ ခံရတတ်ပါတယ် …
လက်မြန်ခြေမြန် ဆော်ပလော်တီး …
ပြီးလဲပြီးရော နိုင်ငံကြီးတွေက ၀င်ညှိကြ …
ဝင်တားကြ နဲ့  …
နောက်ဆုံး ခံလိုက်ရတဲ့ ကောင်က …
မကျေမနပ် နဲ့ ပဲ …
ကျေအေးလိုက်ရတတ်တဲ့  ...
အနေအထားမျိုး ရှိ တတ်ပါတယ် …
ဒီလောက်ဆိုရင် …
တပ် က ဘာကြောင့် ….
Alert တွေ လုပ်တယ် …
တပ်တွေ ရွေ့ ပြောင်းရတယ် ဆိုတဲ့  သဘောကို ….
နားလည်လောက်ပါပြီ …
သတိ ဆိုတာ ပိုတယ်လို့ မရှိပါဘူး…
တစ်လက်စတည်း …
ဘင်္ဂလားဒေ့ရှ်က အရန်စစ်အင်အား ဘယ်လောက် …
အရန် အမျိုးသမီး စစ်သည် သုံးသိန်းခွဲ ဘာညာ ..
ပြောဆိုနေတာလေးတွေကို လဲ …
တစ်ချက် ရှင်းပြချင်ပါတယ် ….
ဒါတွေဟာ ..အကြွင်းမဲ့ စစ် ဖြစ်ပြီဆိုမှ …
ထုတ်သုံးတဲ့  အင်အားတွေပါ …
နိုင်ငံတစ်ခု နဲ့ တစ်ခု …
အကြွင်းမဲ့ စစ်ဖြစ်ပြီဆို …
တိုင်းပြည်ရဲ့ စစ်အင်အား စုစည်းခြင်းကို …
ကဏ္ဍ ငါးခု နဲ့ ဆောင်ရွက်ပါတယ် …
၁။ ချက်ချင်း ရနိုင်သည့် ပစ္စည်း ( လူ ၊ လက်နက် )
Available Immediately
၂။ စတင်(ထုတ်လုပ်) ရရှိနိုင်သောပစ္စည်း
After Activation
၃။ ပြောင်းလဲပြစ်မှ ရနိုင်သော ပစ္စည်း
After Conversion
၎။ ဖွံဖြိုးတိုးတက် ထုတ်လုပ်မှ ရနိုင်သော ပစ္စည်း
After Development
၅။ စာတွေ့ သဘော ရနိုင်သည်ဆိုသော ပစ္စည်း
Available Hypothetically တို့ ဖြစ်ပါတယ် …
နံပါတ် ၁ ….
ချက်ချင်းရနိုင်တဲ့ ပစ္စည်း ဆိုတာ ….
သိုလှောင်ထားတဲ့  လက်နက်ခဲယမ်း ..
အစိုးရ ရဲ့ အရန်ငွေကြေး …
အသင့်ဖွဲ့ စည်းထားတဲ့  တပ်မျိုးတွေ ဖြစ်ပါတယ် ….
ဒါတွေ ကို ချက်ချင်း အသုံးချပြီး …
စစ်ကို စတိုက်ပါလိမ့်မယ် ….
နံပါတ် ၂ …
စတင်(ထုတ်လုပ်) ရရှိနိုင်သောပစ္စည်း ဆိုတာ….
အရန်တပ် အင်အားတွေ ဖြစ်ပါတယ် …
တပ်မတော်နေ့ စစ်ရေးပြမှာ …
မီးသတ် တပ်ဖွဲ့ တွေ ၀င်လျှောက်တာ …
ရဲတပ်ဖွဲ့ ဝင်တွေ ပါလာတာ…
စစ်သင်တန်းတွေ တက်ရတာ…
ဖောင်ကြီးမှာ ၀န်ထမ်းတွေ ….
အခြေခံစစ်ပညာ သင်ရတာ စတာတွေသည် …
ဒီ သဘောတရားတွေ ဖြစ်ပါတယ် …
တစ်ပြည်လုံးမှာ ရှိတဲ့  ထရပ်ကားတွေ အားလုံး …
ထောက်ပို့ တပ်ကို လာရောက် အပ်နှံခိုင်းတာမျိုး …
အရပ်ဖက် လေယာဉ်တွေ …
လေတပ်ကို လာသတင်းပို့ ခိုင်းတာမျိုး တွေလဲ …
အကျုံးဝင် ပါတယ် ….
နံပါတ် ၃ ….
ပြောင်းလဲပြစ်မှ ရနိုင်သော ပစ္စည်း ဆိုတာကတော့ …
မလေ့ကျင့်ရသေးတဲ့ သူတွေကို …
အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ စနစ်နဲ့  ..
ဆင့်ခေါ် စစ်မှုထမ်းစေတာ…
တပ်သားသစ် ၃ လ သင်တန်းတက် …
တာဝန်ကျရာတပ်ကို …
ချက်ချင်း သတင်းပို့ စေတာမျိုးတွေ ပါပါတယ် …
ကားထုတ်တဲ့ စက်ရုံတွေကို …
သံချပ်ကာကားတွေ ပြောင်းလဲထုတ်တာ…
သဘောင်္ကျင်းအားလုံး …
စစ်အတွက်လိုအပ်တဲ့ ယာဉ်တွေ ပြောင်းထုတ်တာ …
အစားအသောက် စက်ရုံတွေ အားလုံး …
စစ်သုံးရာရှင်တွေ ပြောင်းလဲထုတ်တာ …
အထည်ချုပ်စက်ရုံတွေ အားလုံး …
လိုအပ်တဲ့  စစ်သုံးချပ်ဝတ်တန်ဆာတွေ …
ပြောင်းလဲ ထုတ်လုပ်တာ …
တိုင်းပြည်ရဲ့  ကုန်ထုတ်စွမ်းအား တစ်ခုလုံးကို …
စစ်ပွဲ အတွက် ပြောင်းလဲ အသုံးချပြစ်တာ…
ဒါမျိုးတွေ ဖြစ်ပါတယ် ….
နံပါတ် ၄ …
ဖွံဖြိုးတိုးတက် ထုတ်လုပ်မှ ရနိုင်သော ပစ္စည်း ကတော့ …
မထုတ်လုပ်ရသေးတဲ့  …
အရန်ရေနံကြောတွေ …
သဘာဝ ဓာတ်ငွေ့ သိုက်တွေ …
သံရိုင်းတွေ အဖြိုက်နက်တွေ …
ဓာတ်သတ္တုသိုက်မျိုး တွေကို …
စတင် ထုတ်လုပ်ပြီး …
စစ်ပွဲ အတွက် သုံးစွဲတာမျိုး ဖြစ်ပါတယ် …
နံပါတ် ၅ …
စာတွေ့ သဘော ရနိုင်သည်ဆိုသော ပစ္စည်း ဆိုတာကတော့ …
ရုတ်တရက် ကြည့်လိုက်ရင် …
အဓိပ္ပာယ် မရှိဘူးလို့  ထင်ရပါတယ် …
ဒါပေမယ့် …
ဒုတိယ ကမ္ဘာစစ်မှာ …
အမေရိကန်က အနူမြူဗုံးကို ရအောင်ထုတ်လုပ်ပြီး …
စစ်ကို အနိုင်တိုက်သွားတာ …
ဒီ သဘောတရား မျိုး ဖြစ်ပါတယ် ….
ဒီလောက်ဆိုရင် …
အရန် အင်အား ဆိုတဲ့  စကားကို …
ရှင်းလောက်ပါပြီ လို့ ထင်ပါတယ် ခင်ဗျား …။
www.mmdailystar.com