Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒေါ်စု ဟက်တက်ကွဲတဲ့ ပွဲ

$
0
0
.

တပ်ကုန်းက အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ အဘကြီးနဲ့ ဒေါ်စု တွေ့ဆုံဆွေးနွေးတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ပြီး အတွေးထဲဝင်လာတာလေးတွေပါ....

၁...ဒေါ်စုဟာ ကိုယ့်ထက် အသက် ၇ နှစ်လောက်ကြီးတဲ့ လူကြီးကို လေးစားဟန် အလေးထားဟန် မပြခဲ့ဘူး....

(ကျုပ် အသက် ၇၆ နှစ်ရှိပြီ ခင်ဗျားက ကားပေါ်မှာ ဇိမ်နဲ့ထိုင်နေတယ် ကျုပ်က မတ်တပ်ရပ်ပြီး ပြောနေတယ်)

၂...ပြည်သူနဲ့ ပြောဆိုရာမှာ စကားနိုင်လုပြီး စကားအထအနကောက် record ယူထားကြနော် ပြောတာ ၃ ကြိမ်...ပြည်သူကို စကား အားရအောင် ပြောခွင့် ပေးဖို့ အလေးမထားဘူး....ဒီအဘကြီး စကားမှားအောင် ထောက်ပြီး အမှားရှာတယ်

၃...အခြေခံဥပဒေကို သေသေချာချာ ဖတ်မှတ်ထားဟန် မရှိဘူး...ပြင်ဆင်ရေး လုပ်နေတဲ့ ဒေါ်စုဟာ ပြင်ဆင်ရေး ပုဒ်မ နည်းနည်းလေးကို မသိဘူး....လမ်းဘေးက အဘကြီးက သူ့ထက်ပိုပြီး အခြေခံဥပဒေအကြောင်း သိနေတယ်

(ပုဒ်မ ၄၃၃ ဟာ အခြေခံဥပဒေပြင်ရင် ဒီလိုလုပ်ရမယ် ဆိုတာ ပြောထားတာ..ဒေါ်စုက မသိတော့ ၄၃၆ ပြင်ချင်တာ ၄၃၃ ပြင်ချင်တာ မဟုတ်ဘူး ဆိုပြီး ပြန်ငြင်းတယ်...အဘကြီးက ၄၃၃ (က)နဲ့ (ခ) ကို သေသေချာချာ ဖတ်.....အဲဒီအတိုင်း လုပ်ဆိုပြီး ပြောတာ...နောက် ရဲအရေးမပိုင်တဲ့အမှုတွေမှာ ဥပဒေအရာရှိက ပုဒ်မ သတ်မှတ်ပေးတယ် ဆိုတာ ဒေါ်စု မသိထားဘူး....ဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌက ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ပုံကို မသိထားတော့ အဘကြီးက ခင်ဗျား အရည်အချင်း သိပြီ ဆိုပြီး ကောက်ချက် ချသွားတယ်..)

၎...သခင်သန်းထွန်းဟာ ဒေါ်စု ဦးလေး...ကွန်မြူနစ်တွေ တိုင်းပြည် ဖျက်ခဲ့တယ် ဆိုတာကို ပြောတော့ ဒေါ်စုက သွေးသားမတော်စပ်ဘူး ဆိုပြီး ပြန်ရှင်းတယ်..ဗကပ ဘယ်လောက် ဆိုးတယ် ဘယ်လောက်ကြောက်ဖို့ကောင်းတယ် ဆိုတာ ဒီအဘကြီးတို့ ကိုယ်တွေ့...သူ ပြောချင်တာက ဒေါ်စုဟာ ကွန်မြူနစ်တွေလိုပဲ တိုင်းပြည်ဖျက်မယ့် လမ်းကို လျှောကက်တော့မယ်..ဒါ့ကြောင့် မလျှောက်ပါနဲ့ ဆိုပြီး ပြောတယ်....

(ဒေါ်စုရဲ့ အမေ ဒေါ်ခင်ကြည်နဲ့ သခင်သန်းထွန်းရဲ့ မိန်းမ ဒေါ်ခင်ကြီးတို့မှာ ညီအစ်မ အရင်းကြီးများ ဖြစ်တယ်...သခင်သန်းထွန်းဟာ ဒေါ်စုရဲ့ ဦးလေး ဖြစ်တယ်)

၅..ဥပဒေကြောင်းအရ ထောက်တဲ့အချိန်မှာ ဒေါ်စု မပြောနိုင်သလို ၅၉(စ)ပြင်ချင်တာ မရလို့ ၄၃၆ ပြင်တယ် ဆိုတာကိုလည်း မချေပနိုင်ဘူး.....

(မှန်နေတာကိုး....၅၉(စ) လုပ်တာ မရတော့ ၄၃၆ ကို ပြောင်းလိုက်ရတာ...ဒါကို အောက်ခြေက ပြည်သူတွေ သိနေကြတယ်)

ဒါတွေကို ကြည့်လိုက်ရင် ဒေါ်စုရဲ့ အနေအထားဟာ ဘယ်လိုဆိုတာ ပေါ်လွင်လာစေခဲ့တယ် ....သတိပြုဖို့က ဒီအဘကြီးက ဒေါ်စုနားကပ်ပြီး လာတာ မဟုတ်ဘဲ ဒေါ်စုက ကားရပ်ပြီး လှမ်းခေါ်လို့ ရောက်လာတာ....ဆိုတာကိုလည်း မမေ့ဖို့ လိုတယ်...

ဒေါ်စု ဟက်တက်ကွဲတဲ့ ပွဲ...ဆိုရင် မမှားဘူး...


From:ပလေတို ဒီမို

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


TTA Oreo Gapp Installer


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ကျမသာလျှင် ဗိုလ်ချုပ်နေ၀င်း၏မယားကြီးပါ(ပိတ်စေ အမိန့်မှ သတင်းအစများ)


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


သမာဝတီ၏ မေတ္တာအစွမ်း။


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>