Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တင်းမာမှု မြင့်တက်၊ ပြည်သူများ သတိရှိကြရန် လို

$
0
0
နယ်စပ်တွင် မြန်မာတပ်ဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေသော ဘင်္ဂလာ နယ်ခြားစောင့် အရာရှိတစ်ဦးနှင့် ပတ်သတ်ပြီး ဒက္ကားရှိ မြန်မာသံအမတ်ကြီးကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ယမန်နေ့က ဆင့်ခေါ်ခဲ့ကြောင်း သတင်း ရရှိသည်။

ယင်းသို့ ဆင့်ခေါ်ပြီးနောက် မြန်မာတပ်ဖွဲ့၏ တိုက်ခိုက်မူကြောင့် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ ၀င်တစ်ဦး နယ်စပ်တွင် ပျောက်ဆုံးနေမူနှင့် ပတ်သက်ပြီး ဖြေရှင်းချက်ပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ကန့်ကွက်စာ တစ်စောင်ကိုလည်း မြန်မာဘက်သို့ ပေးအပ်ခဲ့သည်ဟုသတင်း များတွင် ဖေါ်ပြသည်။

မေလ ၂၈ ရက် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ နံနက်က မြန်မာ-ဘင်္ဂလာဒေခ်ျ့နယ်စပ် မိုင်တိုင် (၅၂) အနီးတွင် မြန်မာလုံခြုံရေး တပ်ဖွဲ့တစ်ခုနှင့် BGB ( Border Guard Bangladesh) ဟု ခေါ်သော ဘင်္ဂလာဒေခ်ျ့ နယ်စပ်လုံခြုံရေး တပ်ဖွဲ့နှင့် ထိတွေ့ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး BGB အရာရှိ တစ်ဦးဖြစ်သူ မီဇာနူရ် ရာဟာမန် ပျောက်ဆုံးနေခဲ့သည်ဟု ဆိုသည်။

၎င်းအရာရှိအား မြန်မာဘက်မှ ဖမ်းဆီထားသည်ဟု ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ယူဆထားပြီး အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးအပ်ရန် ဘင်္ဂလာဒေခ်ျ့ နိုင်ငံက မြန်မာသို့ တောင်းဆိုကြောင်း မြန်မာ သံအမတ်ကြီးအား ပြောဆိုသည်ဟု သိရသည်။

မြန်မာသံအမတ်ကြီးကမူ ယင်းကိစ္စအား သက်ဆိုင်ရာ မြန်မာအာဏာပိုင် တာဝန်ရှိသူများထံတင်ပြပြီး အမြန်ဆုံး ပြန်လည် အကြောင်းပြန်ကြားပေးမည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။

အလားတူ ရန်ကုန်ရှိ ဘင်္ဂလာဒေခ်ျ့ သံရုံးကလည်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနအား ကန့်ကွက် စာတစ်စောင် ယမန်နေ့က ရေးသားပေးပို့ခဲ့ပြီး ယင်းဖြစ်စဉ်အား အမြန်ဆုံး စစ်ဆေးပေးရန် တောင်းဆိုခဲ့ သည်ဟု သိရသည်။

လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း ဘင်္ဂလားမြန်မာနယ်စပ် နယ်စပ်မှတ်တိုင် ၅၂ အနီးတွင် ပုံမှန် လုံခြုံရေးတာ ၀န် ထမ်းဆောင်နေသည့် ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို မြန်မာနယ်ခြားစောင့်တပ်မှ ပစ်ခတ်ခဲ့သည့် အတွက် ဘင်္ဂလာနယ်ခြားစောင့် အရာရှိဖြစ်သူ မီဇာနူရ် ရာဟာမန် ပျောက်ဆုံးနေကြောင်း ဘင်္ဂလာတာ ၀န်ရှိသူ များမှ ပြောဆိုသည်။

ပျောက်ဆုံးနေသည့် ဘင်္ဂလာနယ်ခြားစောင့်တပ် အရာရှိဖြစ်သူ မီဇာနူရ် ရာဟာမန်နှင့်အတူ အမ်း ၂၂ ရိုင်ဖယ် တစ်လက်နှင့်အတူ ကျဉ်ဆန် ၁၂၀ ပျောက်ဆုံးနေကြောင်းဆိုသည်။

ခမရ (၃၅၂)တပ်ရင်းမှ ဗိုလ်ကြီးထွန်းနောင်ဦးစိး အဖွဲ့သည် မိုင်တိုင်အမှတ် (၄၆၊ ၄၇၊ ၄၈) အကြား ကင်းပုန်းဝပ် လုံခြုံဆောင်ရွက်နေကြစဉ် ၂၉.၅.၂၀၁၄ ရက်နေ့ အာရုံတက်ချိန် ၃း၃၀ ခန့်တွင် အ၀ါရောင် ပြောက်ကျားဝတ်စုံဖြင့် ဘင်္ဂလီသောင်းကျန်းသူ အကြမ်းဖက် RSO အဖွဲ့မှ ၁၀ဦးတို့သည် မိမိတို့ခြံစည်းရိုးအား ကျူးကျော်ဝင်ရောက်လာကြသဖြင့် အပြန်အလှန်ပစ်ခတ်ရာ အကြမ်းဖက်သောင်းကျန်းသူ RSO အဖွဲ့မှ (၃)ဦး ကျဆုံး၊ အလောင်း (၃)လောင်း၊ အမ်-၂၂ မောင်းပြန်ရိုင်ဖယ် (၃)လက်၊ ကျည်ကတ် (၃)ကတ်နှင့် ၄င်းကျည် (၁၁၀၀)ကျော်တို့အား ရရှိခဲ့ကြောင်း၊ ကျဆုံး သွားသည့် RSO အဖွဲ့ဝင်တစ်ဦးမှ လက်နက်နှင့်ကျည်ဆန်များကို ဘင်္ဂ လားဒေရှ့်အစိုးရတာဝန်ရှိသူများထံ ပြသပြီး ဘင်္ဂလားဒေ့ရှ်ရှိ သောင်း ကျန်းသူများကို အမြန်ဆုံးချေမှုန်းပေး ရန်အတွက် တောင်းဆိုမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူဝန်ကြီး တစ်ဦးက ထုတ်ဖော်ပြောကြားသည်။

အဆိုပါဝန်ကြီးက ''သေဆုံး သောင်းကျန်းသူကျန်ခဲ့တဲ့လက်နက် တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန် ရှိသူတွေဆီကိုပြသပြီး သူတို့နိုင်ငံမှာ သောင်းကျန်းသူရှိကြောင်း ပြသမယ်။
ပြီးရင် နှိမ်နင်းဖို့ တောင်းဆိုမယ်။ ဟိုး တလောက ဘင်္ဂလားဒေ့ရှ်အစိုးရက သူတို့ဘက်မှာ သောင်းကျန်းသူမရှိ ဘူးဆိုတာ ငြင်းထားတယ်လေ။ ဒီ သေနတ်နဲ့ ကျည်ဆန်တွေကို သက် သေအဖြစ် ထုတ်ပြမှာပါ''ဟု ပြော သည်။

ထို့အပြင် RSO အဖွဲ့ဝင်တစ်ဦး ကျဆုံးသွားခြင်းနှင့်ပတ်သက်၍ အမြန် ဆုံးဖြေရှင်းချက်ပေးရန် ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာ အစိုးရ ထံတောင်းဆို ထားပြီး ပစ်ခတ်မှုများနှင့်ပတ်သက် ၍ အရေးပေါ်အစည်းအဝေးများနှစ် နိုင်ငံ ဆောင်ရွက်သွားရန် အစီအစဉ် များ ရှိကြောင်းလည်း နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ် (နိုင်ငံတော်လုံခြုံရေး ဌာန)မှ ဒုရဲမှူးကြီး မင်းအောင်က ထုတ်ဖော်ပြောကြားသည်။

ဒုရဲမှူးကြီးမင်းအောင်က ''သူ တို့ဘက်က လက်နက်ကိုင်တစ်ဦးကျ ဆုံးသွားတာနဲ့ပတ်သက်ပြီး ဖြေရှင်းချက် ပေးရလိမ့်မယ်။ ဒါတွေနဲ့ ပတ်သက် ပြီး နယ်ခြားစောင့် ဗဟိုကော်မတီက ဦးဆောင်ပြီး ဆောင်ရွက်ပါလိမ့်မယ်။ နှစ်ဘက်ဆွေးနွေးမှုတွေလဲ လုပ်သွား ဖို့ရှိတယ်''ဟု ပြောသည်။

မေ ၂၈ရက် နံနက်တွင် မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် RSO တို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် မိုင်တိုင် ၅၁နှင့် ၅၂ကြားတွင် နှစ်ဖက်ပစ်ခတ်မှု များဖြစ်ပွားရာ RSO ဘက်မှ အဝါ ရောင်ပြောက်ကျားဝတ်စုံ ဝတ်ဆင် ထားသူတစ်ယောက် သေဆုံးကာ ၎င်း ကိုင်ဆောင်ထားသော M-22 သေ နတ်တစ်လက်၊ ကျည်ကတ်လေးခုနှင့် ရဒသမ၆၂*၃၉ ခဲယမ်းကျည် ၉၈ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နယ်စပ်မိုင် တိုင် ၅၁နှင့် ၅၂ကြားရှေ့တန်းလုံခြုံ ရေးတာဝန်ယူ ထားသော ခမ၇၃၅၂ စစ်ကြောင်း(၁)မှာ ဗိုလ်ဇော်မိုး အောင် ဦးစီးသောတပ်စိတ်မှာကင်း ပုန်းဝပ်နေစဉ် ဘင်္ဂလားဒေ့ရှ်ဘက် မှ လက်နက်ကိုင်သောင်းကျန်းသူ ငါးဦးခန့်က မောင်တောနယ်စပ်ဘက် သို့ ကိုက် ၈၀ ကျော်သည်အထိ ဖြတ်ကျော်ဝင်ရောက်လာ သည်ကို စောင့်ဆိုင်း စဉ် သောင်းကျန်းသူ လက်နက်ကိုင်များမှ စတင်ပစ်ခတ် သည့်အတွက် နှစ်ဖက်ပစ်ခတ်မှု စတင်ခဲ့ခြင်းဖြစ်သည်ဟု မောင်တော နယ်စပ်မှ လာသောသတင်းများအရ သိရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီးဒေါက်တာ အောင် ကျော်မင်း ကလည်း ''လုံခြုံရေးကို တော့ စနစ်တကျလုပ်နေပေ မယ့် ပစ် ခတ်မှုတွေ ခဏခဏဖြစ်နေတော့ မောင်တောမှာနေတဲ့သူတွေအတွက် လုံခြုံမှုအားနည်းတာပေါ့။ ရခိုင် ပြည်နယ်အစိုးရအဖွဲ့အနေနဲ့လဲ ဒီကိစ္စ ကို ဆောင်ရွက်ဖို့အတွက် တိုင်ပင် ဆွေးနွေးနေပါတယ်''ဟု ပြောသည်။
လွန်ခဲ့သည့် မေ ၁၇ ရက်က ဘင်္ဂလားဒေ့ရှ်မှ RSO လက်နက် ကိုင်အဖွဲ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင်များကို သေနတ်ဖြင့်ပစ်သဖြင့် လေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

From:ပြည်သူ့အာဏာ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...